iMyanmarHouse.com - Best Property Website for Myanmar
×














မၾကာခင္အခ်ိန္ေလးအတြင္းမွာ ပင္ မုိးေလကင္းၿပီး ဝါကြၽတ္ခ်ိန္ခါသမယ ဝါကြၽတ္ပြဲေတာ္ ဆုိက္ေရာက္လာေတာ့ မည္ျဖစ္သည္။ ဝါကြၽတ္ၿပီး သည္ႏွင့္တစ္ ၿပိဳင္နက္ ျမန္မာ တုိ႔၏ ဓေလ့ထုံးတမ္း အစဥ္အလာအရ လက္ထပ္ထိမ္းျမား မဂၤလာေဆာင္ျခင္းအမႈကုိ ေနရာတုိင္း ေဒသ၊ ေက်းရြာမက်န္ျပဳၾက၊ ေဆာင္ၾက ေတာ့မည္လည္း ျဖစ္သည္။ မဂၤလာ ေဆာင္ျခင္းအမႈက ဘဝတစ္ခုလုံးကုိ ထု ဆစ္ပုံေဖာ္ရာတြင္ အင္မတန္မွ အေရး ႀကီးလွေသာေၾကာင့္ အထူးဂ႐ုျပဳ၊ အေလး ထားေဆာင္ရြက္တတ္ရန္လည္း အေရး ႀကီးလွေပသည္။

ထုိ႔အတြက္ေၾကာင့္ လက္ထပ္ေတာ့မည္ဟု ျပင္ဆင္ေနသည့္ လူငယ္၊ လူရြယ္၊ လူလတ္မ်ားအေနျဖင့္ ရင္ခုန္ရျခင္း တစ္ဖက္၊ ပင္ပန္းရျခင္း တစ္ဖက္ႏွင့္အတူ တခ်ိဳ႕အေရး တႀကီး ေဆာင္ရြက္သင့္သည့္အရာမ်ားကုိ လြဲ ေခ်ာ္သြား ႏုိင္ေပရာ မည္သည့္အရာကုိ မွ် အေလာတႀကီး မျပဳလုပ္သင့္ေပ။ မဂၤ လာဝတ္စုံအပ္ႏွံျခင္း၊ ဖိတ္စာျပဳလုပ္ ျခင္း၊ မဂၤလာခန္းမငွားျခင္း စသည္တုိ႔ကုိ အေလာတႀကီးျပဳလုပ္လွ်င္ တစ္သက္ မွာတစ္ခါေဆာင္ျဖစ္သည့္ မဂၤလာပြဲကုိ ေက်နပ္အားရမႈ မရွိဘဲ အလုိမက်မႈမ်ားစြာႏွင့္ တစ္သက္ လုံးေနာင္တရသြား ေစမည္ျဖစ္သည္။

အရာရာတုိင္းကုိ အခ်ိန္ယူၿပီး စနစ္တက် စီစဥ္ေဆာင္ ရြက္မွသာ မဂၤလာအခ်ိန္မွာသာမကဘဲ မဂၤလာေဆာင္ၿပီးသည့္ေနာက္ပုိင္းႏွစ္ ကုိယ္တူ တစ္ဘဝထူေထာင္ခ်ိန္၌လည္း စိတ္ေက်နပ္မႈအျပည့္အဝျဖင့္ တစ္သက္လုံး ၿပဳံးေပ်ာ္ေစႏုိင္မည္ျဖစ္သည္။ ႏွစ္ဖက္မိဘဘုိးဘြားေဆြမ်ိဳးမ်ားက အေကာင္းဆုံးျဖစ္ေ အာင္ မည္သုိ႔ပင္ စီ စဥ္ေပး၊ ႀကီးၾကပ္ေပးေစကာမူ ဘဝတစ္ ခုလုံးသာယာေစေရးအတြက္မူ မဂၤလာ သတုိ႔သား၊ သတုိ႔သမီး၏ က်န္းမာေရး အေပၚတြင္ အဓိကမူတည္ လ်က္ရွိရာ အဓိကအေနျဖင့္ လက္မထပ္ခင္ ႏွစ္ဦး စလုံးေဆးစစ္ျခင္းျပဳလုပ္ရေပမည္။ ေဆး စစ္ရာတြင္ တစ္ဦးမွ တစ္ဦးသုိ႔ လိင္မွ တစ္ဆင့္ကူးစက္တတ္သည့္ ေရာဂါရွိ မရွိ၊ မ်ိဳး႐ုိးလုိက္တတ္သည့္ ေရာဂါရွိမရွိ ဆုိသည္ကုိ ဦးစြာ စစ္ေဆးခံသင့္သည္။

ေဆးစစ္ၾကည့္၍ ဥပမာ လိင္မွတစ္ဆင့္ ကူးစက္တတ္သည့္ ေရာဂါမ်ိဳးေတြ႕ရွိ ခဲ့လ်င္ ေပ်ာက္ကင္းေအာင္ကုသၿပီးမွ လက္ထပ္ယူသင့္သည္။ ေဆးမစစ္ဘဲ လက္ထပ္ယူေ ပါင္းသင္းေနထုိင္ၾကလွ်င္ ေနာင္တစ္ခ်ိန္၌ အိမ္ေထာင္ေရးသုခ ကုိ အေႏွာင့္အယွက္ျဖစ္ေစတတ္ေသာ ေၾကာင့္ ေဆးစစ္ျခင္းျဖင့္ က်န္းမာေရး ေစာင့္ေရွာက္မႈကုိ ခံယူ လုိက္နာေဆာင္ ရြက္သင့္ေပသည္။ ေနာက္တစ္ခုက သားသမီးရယူေရး ပင္ျဖစ္သည္။

အိမ္ ေထာင္သားေမြး ဆုိသည့္ စကားအတုိင္း အိမ္ေထာင္ျပဳၿပီးလွ်င္ ကေလး ယူျခင္းက ေနာက္ဆက္တြဲအေနျဖင့္ ကပ္ပါလာခဲ့ သည္။ ခ်က္ခ်င္း ကေလးမယူခ်င္ေသး လွ်င္ ကာကြယ္တားဆီးဖုိ႔ႏွင့္ ကေလးယူ မည္ဟု ဆုံးျဖတ္ထားလွ်င္ ေရွာင္သင့္၊ ေဆာင္သင့္သည့္အခ်က္မ်ားကုိ ဆရာ ဝန္ႏွင့္ ႀကိဳတင္ေဆြးေႏြးထားပါက ပုိ ေကာင္းေပလိမ့္မည္။အထူးသျဖင့္ ဆရာ ဝန္အမ်ားစုက သတုိ႔သမီးအသက္ ၂၅ ႏွစ္ေက်ာ္လြန္ေနလွ်င္ ျမန္ျမန္ ကေလး ယူဖုိ႔ တုိက္တြန္းေလ့ရွိတတ္ၾကသည္။

ထုိ႔အျပင္ သားသမီးဟုဆုိရာ၌ ယေန႔ ေခတ္ကာလ အေျခအေနအရ အလုပ္ အကုိင္အခြင့္ အလမ္း အဆင္မေျပမႈပုိ မ်ားေသာေၾကာင့္ သားသမီးမ်ားမ်ားယူ ေရးကုိ အမ်ားစုက ေရွာင္ၾကဥ္တတ္ၾက သည္။ မည္သုိ႔ပင္ျဖစ္ေစ၊ ကေလးယူ သည့္အခါ၌ တစ္ဦးႏွင့္ တစ္ဦးအနည္း ဆုံး သုံးႏွစ္ေလာက္ျခားၿပီး ယူပါက အေကာင္းဆုံးပင္ျဖစ္သည္။ တစ္ႏွစ္ တစ္ေယာက္ႏႈန္းျဖင့္ ကေလးယူပါက မိခင္ပင္ပန္းႏြမ္းနယ္မႈျဖစ္ေပၚေစ သလုိ ေမြးလာမည့္ကေလးတုိင္းကုိ ဂ႐ုစုိက္မႈ၊ ေမတၱာအျပည့္အဝေပးႏုိင္ မည္မဟုတ္ ေပ။

ထုိ႔အတြက္ေၾကာင့္ အိမ္ေထာင္မျပဳ ခင္ႏွစ္ဦးသား ႀကိဳတင္ညႇိႏိႈင္းတုိင္ပင္ၿပီး ေျပာ ဆုိေပးထားသင့္သည္။ ထုိသုိ႔ေသာ အမႈကိစၥတခ်ိဳ႕ကုိ ႀကိဳတင္ျပဳလုပ္ၿပီး ေသေသခ်ာခ်ာလုပ္ထားပါက အိမ္ ေထာင္ေရးသာယာမႈရရွိမည့္အျပင္ ေဘး ဆုိးမ်ားမွလည္း ကင္းေဝးေစမည္ဟု တ ထစ္ခ်ယုံၾကည္မိပါေသာေၾကာင့္ လက္ လွမ္းမီသေလာက္ႏွင့္ ေရးသား တင္ျပ ေပးလုိက္ရျခင္းသာျဖစ္ပါသည္။

Credit: Search Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မကြာခင်အချိန်လေးအတွင်းမှာ ပင် မိုးလေကင်းပြီး ဝါကျွတ်ချိန်ခါသမယ ဝါကျွတ်ပွဲတော် ဆိုက်ရောက်လာတော့ မည်ဖြစ်သည်။ ဝါကျွတ်ပြီး သည်နှင့်တစ် ပြိုင်နက် မြန်မာ တို့၏ ဓလေ့ထုံးတမ်း အစဉ်အလာအရ လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ခြင်းအမှုကို နေရာတိုင်း ဒေသ၊ ကျေးရွာမကျန်ပြုကြ၊ ဆောင်ကြ တော့မည်လည်း ဖြစ်သည်။ မင်္ဂလာ ဆောင်ခြင်းအမှုက ဘဝတစ်ခုလုံးကို ထု ဆစ်ပုံဖော်ရာတွင် အင်မတန်မှ အရေး ကြီးလှသောကြောင့် အထူးဂရုပြု၊ အလေး ထားဆောင်ရွက်တတ်ရန်လည်း အရေး ကြီးလှပေသည်။

ထို့အတွက်ကြောင့် လက်ထပ်တော့မည်ဟု ပြင်ဆင်နေသည့် လူငယ်၊ လူရွယ်၊ လူလတ်များအနေဖြင့် ရင်ခုန်ရခြင်း တစ်ဖက်၊ ပင်ပန်းရခြင်း တစ်ဖက်နှင့်အတူ တချို့အရေး တကြီး ဆောင်ရွက်သင့်သည့်အရာများကို လွဲ ချော်သွား နိုင်ပေရာ မည်သည့်အရာကို မျှ အလောတကြီး မပြုလုပ်သင့်ပေ။ မင်္ဂ လာဝတ်စုံအပ်နှံခြင်း၊ ဖိတ်စာပြုလုပ် ခြင်း၊ မင်္ဂလာခန်းမငှားခြင်း စသည်တို့ကို အလောတကြီးပြုလုပ်လျှင် တစ်သက် မှာတစ်ခါဆောင်ဖြစ်သည့် မင်္ဂလာပွဲကို ကျေနပ်အားရမှု မရှိဘဲ အလိုမကျမှုများစွာနှင့် တစ်သက် လုံးနောင်တရသွား စေမည်ဖြစ်သည်။

အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင် ရွက်မှသာ မင်္ဂလာအချိန်မှာသာမကဘဲ မင်္ဂလာဆောင်ပြီးသည့်နောက်ပိုင်းနှစ် ကိုယ်တူ တစ်ဘဝထူထောင်ချိန်၌လည်း စိတ်ကျေနပ်မှုအပြည့်အဝဖြင့် တစ်သက်လုံး ပြုံးပျော်စေနိုင်မည်ဖြစ်သည်။ နှစ်ဖက်မိဘဘိုးဘွားဆွေမျိုးများက အကောင်းဆုံးဖြစ်ေ အာင် မည်သို့ပင် စီ စဉ်ပေး၊ ကြီးကြပ်ပေးစေကာမူ ဘဝတစ် ခုလုံးသာယာစေရေးအတွက်မူ မင်္ဂလာ သတို့သား၊ သတို့သမီး၏ ကျန်းမာရေး အပေါ်တွင် အဓိကမူတည် လျက်ရှိရာ အဓိကအနေဖြင့် လက်မထပ်ခင် နှစ်ဦး စလုံးဆေးစစ်ခြင်းပြုလုပ်ရပေမည်။ ဆေး စစ်ရာတွင် တစ်ဦးမှ တစ်ဦးသို့ လိင်မှ တစ်ဆင့်ကူးစက်တတ်သည့် ရောဂါရှိ မရှိ၊ မျိုးရိုးလိုက်တတ်သည့် ရောဂါရှိမရှိ ဆိုသည်ကို ဦးစွာ စစ်ဆေးခံသင့်သည်။

ဆေးစစ်ကြည့်၍ ဥပမာ လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါမျိုးတွေ့ရှိ ခဲ့လျင် ပျောက်ကင်းအောင်ကုသပြီးမှ လက်ထပ်ယူသင့်သည်။ ဆေးမစစ်ဘဲ လက်ထပ်ယူေ ပါင်းသင်းနေထိုင်ကြလျှင် နောင်တစ်ချိန်၌ အိမ်ထောင်ရေးသုခ ကို အနှောင့်အယှက်ဖြစ်စေတတ်သော ကြောင့် ဆေးစစ်ခြင်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူ လိုက်နာဆောင် ရွက်သင့်ပေသည်။ နောက်တစ်ခုက သားသမီးရယူရေး ပင်ဖြစ်သည်။

အိမ် ထောင်သားမွေး ဆိုသည့် စကားအတိုင်း အိမ်ထောင်ပြုပြီးလျှင် ကလေး ယူခြင်းက နောက်ဆက်တွဲအနေဖြင့် ကပ်ပါလာခဲ့ သည်။ ချက်ချင်း ကလေးမယူချင်သေး လျှင် ကာကွယ်တားဆီးဖို့နှင့် ကလေးယူ မည်ဟု ဆုံးဖြတ်ထားလျှင် ရှောင်သင့်၊ ဆောင်သင့်သည့်အချက်များကို ဆရာ ဝန်နှင့် ကြိုတင်ဆွေးနွေးထားပါက ပို ကောင်းပေလိမ့်မည်။အထူးသဖြင့် ဆရာ ဝန်အများစုက သတို့သမီးအသက် ၂၅ နှစ်ကျော်လွန်နေလျှင် မြန်မြန် ကလေး ယူဖို့ တိုက်တွန်းလေ့ရှိတတ်ကြသည်။

ထို့အပြင် သားသမီးဟုဆိုရာ၌ ယနေ့ ခေတ်ကာလ အခြေအနေအရ အလုပ် အကိုင်အခွင့် အလမ်း အဆင်မပြေမှုပို များသောကြောင့် သားသမီးများများယူ ရေးကို အများစုက ရှောင်ကြဉ်တတ်ကြ သည်။ မည်သို့ပင်ဖြစ်စေ၊ ကလေးယူ သည့်အခါ၌ တစ်ဦးနှင့် တစ်ဦးအနည်း ဆုံး သုံးနှစ်လောက်ခြားပြီး ယူပါက အကောင်းဆုံးပင်ဖြစ်သည်။ တစ်နှစ် တစ်ယောက်နှုန်းဖြင့် ကလေးယူပါက မိခင်ပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်စေ သလို မွေးလာမည့်ကလေးတိုင်းကို ဂရုစိုက်မှု၊ မေတ္တာအပြည့်အဝပေးနိုင် မည်မဟုတ် ပေ။

ထို့အတွက်ကြောင့် အိမ်ထောင်မပြု ခင်နှစ်ဦးသား ကြိုတင်ညှိနှိုင်းတိုင်ပင်ပြီး ပြော ဆိုပေးထားသင့်သည်။ ထိုသို့သော အမှုကိစ္စတချို့ကို ကြိုတင်ပြုလုပ်ပြီး သေသေချာချာလုပ်ထားပါက အိမ် ထောင်ရေးသာယာမှုရရှိမည့်အပြင် ဘေး ဆိုးများမှလည်း ကင်းဝေးစေမည်ဟု တ ထစ်ချယုံကြည်မိပါသောကြောင့် လက် လှမ်းမီသလောက်နှင့် ရေးသား တင်ပြ ပေးလိုက်ရခြင်းသာဖြစ်ပါသည်။

Credit: Search Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top