iMyanmarHouse.com - Best Property Website for Myanmar
×














ထူးခြားမှုတွေနဲ့ ဆန်းပြားမှုတွေ ရောယှက်နေမဲ့ ၂၀၁၃ အကယ်ဒမီပေးပွဲ ကြီးနဲ့ပတ်သတ်ပြီး  မရောက်ခင်ကတည်းကကို စိတ်လှုပ်ရှားမှုတွေ၊ အပျော်တွေ အံ့သြမှုတွေနဲ့ ပရိသတ်တွေက စိတ်ဝင်စားနေကြသလို အနုပညာအသိုင်းအ၀ိုင်းကလည်း ဘယ်လို အပြောင်းအလဲတွေ မြင်တွေရမလဲဆိုတာ ကြိုတင် ရင်ခုန်နေကြပါတယ်။

ဒီနှစ်မှ ထူးထူးခြားခြား ဗန်းကိုင်မဟုတ်ပဲ ရွှေကြိုလို့ပြောင်းလဲခေါ်ယူထားတဲ့ နောက်ဆုံးဆန်ကာတင် အယောက် ၂၀ ကလဲ ရွေးချယ်ပြီးပြီမို့ ပရိသတ်တွေ သိချင်နေတဲ့ ၂၀၁၃ အကယ်ဒမီရွှေကြိုတွေရဲ့ ဆန်ကာတင် ပါဝင်သူတွေစာရင်းကတော့ အမျိုးသားရွှေကြိုတွေအနေနဲ့ဘုန်းရှန်ထက်၊ ပိုင်တံခွန်၊ လင်းမြတ်၊ ထက်အောင်ဝေ၊ သုတ၊ ရန်နောင်ဇော်၊ အောင်ထွဋ်စံ၊ စိုးသီဟ၊ မင်းတော်ဝင်၊ ချမ်းမြေ့ညီညီတို့ဖြစ်ပြီး အမျိုးသမီးရွှေကြိုတွေကတော့ သံသာမိုးသိမ့်၊ ယွန်းမှီမှီကျော်၊ ဆုနန္ဒာအောင်၊ မေမြတ်နိုး၊ ဂုဏ်ရည်အေးကျော်၊ ခိုင်သဇင်ငုဝါ၊ နန်းစန္ဒာလှထွန်း၊ ဖြူသန့်ချော၊ အမရာငြိမ်းနဲ့ စံထိပ်ထားခင်တို့ပဲ ဖြစ်ပါတယ်။ ရွှေကြိုတွေကို အဓိက ကူညီပံ့ပိုးပေးမဲ့ သူတွေကတော့ ပိုးထည်အတွက် နန်းမြို့သူ ( MDY ) ၊ မိတ်ကပ် ဆံပင်တွက် လင်းလင်း၊ ကျားဖိနပ်အတွက် ဆင်ကိုးကောင်တိုးနယားဖိနပ်၊ မဖိနပ်တွက် Lily Shoe Collection ၊ လက်ဝတ်ရတနာတွေအတွက် အောင်သမာဓိ (MDY)  တို့မှ ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး ပွဲတက်ဒီဇိုင်းဖက်ရှင်တွေအတွက်ကတော့ မြန်မာဖက်ရှင်ဒီဇိုင်နာအုပ်စုမှ ကိုမျိုးမင်းစိုး၊ ကိုကောင်းမြတ်နဲ့ ကို ပြည်စိုးအောင်တို့က ဖန်တီးချုပ်လုပ်ပေးမယ်လို့သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top