iMyanmarHouse.com - Best Property Website for Myanmar
×













၂၀၁၄ ပျိုးခင်းရဲ့ ပွင့်သစ်မယ်လေး တစ်ဦးဖြစ်တဲ့ ရတနာဗိုက အနုပညာနဲ့ပတ်သတ်ပြီး အတွေ့အကြုံ နည်းနေသေးသလို အပြင်လူနေမှုဘ၀မှာလဲ အေးဆေး တည်ငြိမ်စွာနေတတ်သူမို့ ကားရိုက်နဲ့ ပတ်သတ်ပြီး အခက်အခဲ အနည်းငယ်ရှိနေသေးတာကြောင့် အကောင်းဆုံးနဲ့ အဆင်ပြေဆုံး ကြိုးစား သရုပ်ဆောင်နေတယ်လို့ ခုလို  ပြောပြလာပါတယ်။ “ခုကားလေးက ပထမဆုံး ကားလေးဆိုတော့ လုပ်ကွက်တော့ မရသေးပေမဲ့ ရင်ခုန်တယ်။ မင်းသားကြီးတွေနဲ့ တွဲရိုက်ရတဲ့ခါ ကိုယ့်ကြောင် စိတ်အနှောင့်အယှက်ဖြစ်မှာ စိုးတယ်။ ခုမှ စရိုက်တာဆိုတော့ မရင်းနှီးသေးတာကြောင့်လဲ ပါတယ်။ ညီမက ဒီကားမရိုက်ခင် ကိုနေမင်းနဲ့ ပျောက်ဆုံးသွားသော နောက်ဆုံးခြေရာများ ဆိုတဲ့ ကားလေးမှာ ပါဖူးတယ်။ အခုကတော့ ပျိုးခင်းနဲ့ ပထမဆုံး ဇာတ်ကားပေါ့။ ဒီကားထဲမှာ အန်ကယ်လေးလဲ အများကြီးသင်ပေးတယ်။ အကုန်လုံး လက်တွဲခေါ်ကြတဲ့အတွက် အရမ်းလဲကျေနပ်တယ်။ အရမ်းလဲဝမ်းသာတယ်။ ဒီကားထဲမှာ ညီမက M+ မှာ သီချင်းဆိုရတဲ့ ကောင်မလေးပေါ့။ သွက်သွက်လက်လက်လေး ကိုယ့်ရဲ့အပြင်က ကာရိုက်တာကကျတော့ နည်းနည်းအေးတော့ ကွဲတော့ကွဲတယ်။ သွက်သွက်လက်လက်လေးဖြစ်အောင်တော့ အကောင်းဆုံး ကြိုးစားသရုပ်ဆောင် ထားပါတယ်။ အားလုံးကတော့ အဲ့လိုမနေနဲ့သွက်သွက်လက်လက် နေဆိုပြီး ပြောပြကြပါတယ်။ ကိုယ့်ဖက်ကလဲ တတ်နိုင်သလောက် ဗီဒီယိုခွေတွေ ကြည့်တယ်။ လေ့လာဖြစ်ပါတယ်”တဲ့။

အနုပညာနဲ့ပတ်သတ်တဲ့အမှတ်တရနဲ့ သူမအားကျအတုယူရတဲ့ သူတွေအကြောင်းကိုလည်း သူမက“အိမ်ကအစကသဘောမတူဘူး။ ခုပျိုးခင်းထဲပါမှသာ အိမ်က သဘောတူသွားတာပေါ့။ ညီမကိုယ်တိုင်လဲ ကိုယ့်ကိုလက်တွဲခေါ်တဲ့ ဆရာသမားတွေ မျက်နှာမပျက်အောင် အကောင်းဆုံးကြိုးစားသွားမယ်။ မပိုင်ဖြိုးသုဆိုလဲ အိုက်တင် အရမ်းကောင်းတယ်။ လူတွေကြားထဲမှာ သူ့ပုံလေးက ကွဲထွက်နေတယ်။ ရွှေသမီးကကျတော့ အရမ်းချစ်ဖို့ကောင်းတယ်။ ရှေ့ကတင်တဲ့ လူတွေထဲမှာဆို ရွှေမှုန်ကို သဘောကျတယ်။ သူကသွက်တယ်။ တက်ကြွတယ်။ မအိချောကိုကျတော့ အိုက်တင် အရမ်းကောင်းလို့ မျက်လုံးအကြည့်တွေဆို သဘောကျတယ်။ မယုကကျတော့ သဘောကောင်းတယ်။ စိတ်ထားကောင်းလို့ တစ်ယောက်တစ်မျိုးဆီ သဘောကျပါတယ်။ ခု ၃ နှစ်မှာ ၁၅ကားချုပ်ထားပါတယ်။ ကာရိုက်တာပိုင်းလဲ သူတို့ချပေးတာပဲ ရိုက်ဖြစ်မှာပါ။ တချို့ကလဲ ရတနာဗို ဆို မသိကြဘူး။ တချို့ကလဲ နာမည်တွေမှားခေါ်ကြတယ်။ သိတဲ့ ပရိသတ်တွေရော မသိတဲ့ပရိသတ်တွေရော အားလုံး ပျိုးခင်းကနေ ဇာတ်ကားလေးတွေ စရိုက်နေပါပြီ။ ခုလတ်တလောက ကြော်ငြာလေးတွေလည်း နည်းနည်း လက်ခံထားတယ်။ ရေသန့်ကြော်ငြာလေး လက်ခံထားတယ်။ မွေ့ယာဆိုင်ကြော်ငြာရယ်ပါ။”တဲ့။

ရတနာဗိုဟာ လတ်တလောမှာ ဘောစိဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေပြီး မဂ္ဂဇင်းတွေအတွက်လဲ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top