iMyanmarHouse.com - Best Property Website for Myanmar
×










မီချီဂန်တက္ကသိုလ် စီးပွားရေးပညာရှင် Justin Wolfers ရဲ့ ပြောဆိုချက်အရ ၁၉၉၀ ခုနှစ်များအတွင်း စတင်အိမ်ထောင်ပြုကြတဲ့ ၇၀% ရာခိုင်နှုန်းဟာ သူတို့ရဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်ထိ ရောက်သွားကြတယ်။ ဒါဟာ ၁၉၇၀ နဲ့ ၁၉၈၀ နှစ်များအတွင်း  ၆၅% ရာခိုင်နှုန်းမှ မြင့်တက်လာခဲ့ခြင်းပဲဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်များအတွင်း စတင်အိမ်ထောင်ပြုကြတဲ့အထဲမှာတော့ ကွာရှင်းနှုန်းတွေကတော့ ပိုတောင် နည်းနေပါတယ်။

ဒါဆိုရင် ဘာဖြစ်လို့ လူတွေအိမ်ထောင်ပိုမြဲလာကြသလဲ။ သုတေသီတွေအနေနဲ့ ဒါကို အိမ်ထောင်ပြုပြီး နောက်ပိုင်းဘဝအခြေအနေ၊ သန္ဓေတားခြင်း နဲ့ ကျားမ အခန်းကဏ္ဍတွေပြောင်းလဲလာခြင်းကြောင့်လို့ ယူဆနေပုံရပါတယ်။

မင်နက်စ်ဆိုးတားတက္ကသိုလ်က မိသားစုအကြံပေးပုဂ္ဂိုလ် နဲ့ မိသားစုဆိုင်ရာ လူမှုရေးသိပ္ပံ ပါမောက္ခ William Doherty က ကွာရှင်းပြတ်ဆဲမှု ၃ ပုံ ၂ ပုံက အမျိုးသမီးတွေကြောင့် စဖြစ်ခဲ့တာမို့လို့ အိမ်ထောင်ပြုဖို့ အတွက် အမျိုးသမီးတွေရဲ့ မျှော်လင့်ချက်တွေ ပြောင်းလဲခဲ့ပြီး စိတ်ညစ်နေဖို့ ဖြစ်နိုင်ချေ အလားအလာ နည်းပါးလာတာကြောင့်လို့ ဆိုပါတယ်။

၁၉၅၀ ခုနှစ်များနဲ့ ၁၉၆၀ ခုနှစ်များအတွင်း မိသားစုကို ထောက်ပံ့ပေးမယ့်သူတွေ လိုအပ်တာကြောင့် အမျိုးသမီးတွေက အိမ်ထောင်ပြုခဲ့ကြတယ်။ ခု နောက်ပိုင်းမှာတော့ အမျိုးသမီးတွေဟာ ပိုမိုထက်မြက်လာပြီး သူတို့ကိုယ်သူတို့ တာဝန်ယူလာတတ်ကြပြီမို့ အိမ်ထောင်ပြုခြင်းဟာ အစောပိုင်းနှစ်တွေနဲ့ယှဉ်ရင် အချစ်နဲ့ မေတ္တာတရား၌သာ ပို၍ မူတည်လာပါတော့တယ်။ နောက်ပြီး ဝင်ငွေနှစ်ခုရှိသူတွေ အိမ်ထောင်ပြုဖို့ အလားအလာပိုများပြီး နှစ်ဦးနှစ်ဖက် အိမ်အလုပ်ကိုအတူ ပူးပေါင်လုပ်ဆောင်နေကြပါတယ်။

ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ သူတို့ကို ပံ့ပိုးပေးနိုင်မယ့် လူတစ်ယောက်နဲ့ အိမ်ထောင်ပြုလိုက်တဲ့ အခြေအနေမဟုတ်တော့ပဲ သူတို့ တကယ်ချစ်မြတ်နိုးသူတစ်ဦးနဲ့ အိမ်ထောင်ပြုတာမျိုးသာ ဖြစ်လာတာကြောင့် အိမ်ထောင်ပိုမိုမြဲလာခြင်းလို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top