iMyanmarHouse.com - Best Property Website for Myanmar
×














ဆောင်းရာသီရောက်လာပြီဆိုတော့ အအေးဓာတ်ခံလေးရှိလာပြီပေါ့။ ဆောင်းရာသီမှာ ဆွယ်တာဖက်ရှင် တွေ ဝတ်ဆင်လာကြပြီဆိုပေမယ့် ပူအိုက်လွန်းလှတဲ့ နေ့လည်ခင်းတွေထိ ဆွယ်တာ၊ အနွေးထည်တွေ ဝတ်ဆင်ထားဖို့ဆိုတာအဆင်မပြေလှပါဘူး။ ဒီတော့ နွေးနွေးထွေးထွေး ရှိပြီး လုံခြုံတဲ့ ဆွယ်တာ၊ အနွေးထည်တွေကို ဝတ်ဆင်တာထက်စာရင် စတိုင်လ်ကျလှပတဲ့ ဂျင်းဖက်ရှင်လေးတွေက ဒီနိုင်ငံကရာသီဥတုနဲ့ ပိုအဆင်ပြေပါလိမ့်မယ်။ ဒီတော့ဂျင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဖက်ရှင်မျိုးတွေဝတ်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ယုဇနပလာဇာ၊ Let’s Shine ဖက်ရှင်ဆိုင်က မကြူကြူလင်းက “အစ်မတို့ဆိုင်မှာ တစ်ခြားဒီဇိုင်းတွေထက် ဂျင်းပုံစံ အင်္ကျီ လေးတွေ ပိုရောင်းရတယ်။ ဂျင်းကိုလက်ရှည်ထက် လက်တို၊ လက်ပြတ်ပုံစံလေး တွေက ပိုပြီးအရောင်းသွက် နေတယ်။

အစ်မတို့ဆိုင်မှာ ဂျင်းအင်္ကျီ၊ ဂျင်းလက်ပြတ်လေးတွေ အရမ်းရောင်းနေရတယ်။ ဒီမှာကအေးတယ် ဆိုပေမယ့် မနက်ပိုင်းလောက်ပဲ အေးတာလေ။ တစ်နေကုန်ဆွယ်တာ၊ အနွေးထည်တွေ တောက်လျှောက်ဘယ်လိုမှဝ တ်ဖို့ အဆင်မပြေနိုင်ဘူးလေ။ အစ်မဆိုင်က ဂျင်းတွေက ဈေးသက်သာပါတယ်။ ဈေးနှုန်းက ၁၁၀၀၀နဲ့ ၁၂၀၀၀ကျပ်ကြားမှာပဲ ရှိပါတယ်။ အရောင်ကတော့ နှစ်မျိုးပဲလာတယ်။ ဂျင်းအပြာရောင်အဖျော့နဲ့ အရင့်ပဲလာပါတယ်။ ဂျင်းနဲ့ပတ်သက်ပြီး နောက်ထပ်ပုံစံအသစ်တွေ ထပ်ဝင်ဖို့ရှိပါသေးတယ်။ သဘောကျ နှစ်ခြိုက်လို့ဝယ်ယူချင်ရင်တော့ I-15၊ တတိယထပ်၊ ယုဇနပလာဇာမှာဝယ်ယူနိုင်တယ်”လို့ သူမက ပြောပါတယ်။

ဖက်ရှင်ကို စိတ်ဝင်စားတဲ့ အသက် ၂၀အရွယ် မအေးသူဇာလင်းကလည်း “ဆောင်းတွင်း ရောက်တော့မယ်ဆိုရင် အနွေးထည်လေးတွေ လိုက်ရှာရပြီ။ ဒီမှာက မနက်ပိုင်းလောက်ပိုင်းအေးတာဆိုတော့ အရမ်းထူတဲ့အသားမျိုးတွေနဲ့ အဆင်မပြေဘူး။ ဟိုးအရင်နှစ်တွေကုန်းကတော့ student coat ၊ hoodie တွေ ၀ယ်ဖြစ်တယ်။ ဒါပမေယ့် အဲ့ဒါတွေက ကျန်တဲ့ရာသီမှာ ၀တ်လို့မရဘူး။ ဒီနှစ်တော့ ဂျင်းအင်္ကျံအထူ၊ အပါး နှစ်မျိုးလောက် ၀ယ်ထားတယ်။ ဂျင်းတွေကလည်း အရင်လို မဟုတ်ဘူး။ ဒီဇိုင်းသစ်တွေအများကြီးဆိုတော့ ကိုယ့်စိတ်ကြိုက် လိုက်ရှာဝတ်ဖြစ်တယ်”လို့ ဆိုသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top