iMyanmarHouse.com - Best Property Website for Myanmar
×

ပြီးခဲ့သည့် လပိုင်းက ကိုရီးယား အဖွဲ့အစည်းနှင့် ပြဿနာ ဖြစ်ပေါ်ခဲ့သည့် Miss မေမြတ်နိုးက ယခုအခါတွင် ထိုပြဿနာသည် အမှန်တရား ပေါ်သွားပြီ ဖြစ်ကြောင်းနှင့် သင်ခန်းစာ အများကြီး ရလိုက်ကြောင်း ပြောသည်။

 ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မြတ်နိုး အများကြီး မပြောချင် တော့ဘူး။ ပြောချင်တာက အမှန်တရား ဆိုတာ ဘယ်တော့မှ ဖုံးကွယ်လို့ မရဘူး ဆိုတာကို ပြောချင် တာပါ။ တဖြည်းဖြည်းနဲ့ အမှန်တရားတွေ ပေါ်လာ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အတွက်ရော၊ မြတ်နိုး အတွက်ရော ထိခိုက်မှုတွေ အများကြီး ရှိခဲ့ ပါတယ်။ မြတ်နိုး ပြောနေကျ စကားပါပဲ။ မြတ်နိုးက အမြဲတမ်း ကောင်းတဲ့ ဘက်က တွေးပါတယ်။

အဆိုးဆုံး ကာလကို ဖြတ်ကျော်နေတဲ့ အချိန်မှာလည်း ကောင်းတဲ့ဘက် ကပဲ တွေးပါတယ်။ အဲဒီ စိတ်လေး တစ်ခုကြောင့် မြတ်နိုး ဆုံးဖြတ်ချက်တွေ ချဖို့၊ လမ်းမှန် ရွေးနိုင်ဖို့ အထောက်အကူ တွေ အများကြီးရခဲ့ ပါတယ်။ သင်ခန်းစာ တွေလည်း  အများကြီးရ ပါတယ်။ ရင့်ကျက်မှုတွေ ရလာတယ်။ မြတ်နိုး အတွက် တိုက်ခိုက်မှုတွေက ဒီထက် ပိုပြီးတော့ လေ့လာခွင့်တွေ ရရှိသွားတာ ပေါ့နော်။

အရမ်းကို ခက်ခဲနေတဲ့ အချိန်မှာလည်း ဒါကို ကောင်းတယ်လို့ မြင်ပြီးတော့ မြတ်နိုး လေ့လာမှုတွေ လုပ်ခဲ့ ပါတယ်။ အခုချိန်မှာ လူတော်တော် များများရဲ့  စိတ်ကို သိသွားပြီ၊ ရင့်ကျက် သွားပြီးတော့ ပြောတတ် ဆိုတတ် လာပြီ၊ ဝေဖန် တတ်လာပြီ၊ စဉ်းစား ချင့်ချိန်တတ် လာပါပြီ ဟု မေမြတ်နိုးက ပြော သည်။ မေမြတ်နိုးသည် အကယ်ဒမီ ဆုပေးပွဲတွင် ရွှေကြို အဖြစ် ပါဝင်မည် ဖြစ်ကြောင်း ပြောသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top