iMyanmarHouse.com - Best Property Website for Myanmar
×









မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ  စိုးရိမ်ရမလားလို့ မေးရင်…

နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။ တချို့သော အကြောင်းကြောင်းတွေကြောင့် အသံမြည်တာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ အရိုးဆစ်တွေပေါ် ပိကျလာတဲ့ ဝန်က ပြောင်းလဲသွားပါတယ်။ ဒါကြောင့် synovial fluid လို့ခေါ်တဲ့ ဒူးဆစ်တွေကို ချောမွတ်စေတဲ့ အကျိချွဲထဲ gases လေတွေ ဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးဆစ်တွေ ပုံမှန်အတိုင်း အလုပ်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မိသံတွေ ကြားကောင်း ကြားရနိုင်တယ်။ ဒါမှမဟုတ် အရိုးအချင်းချင်းဆက်ပေးတဲ့ တစ်ရှူးအရွတ်တွေ တင်းကျပ်လာတာလည်း ကြားရကောင်းကြားရနိုင်ပါတယ်။

နာကျင်ကိုက်ခဲလာလို့ အသံမြည်လာခြင်းဟာ အရိုးဆစ်ရောဂါ အခြေအနေ ပြတာလည်းဖြစ်နိုင်ပါတယ်။ အဲဒါဟာ အရိုးနုတွေ ယိုယွင်းလာပြီး အရိုးဆစ်တွေထဲ ပွတ်တိုက်မိကြတဲ့အချိန်မှာပေါ့။ ဒီတော့ ကုသမှုကတော့ ခန္ဓာကုထုံးနဲ့ အလေးချိန်လျော့ချတာမျိုးကို ရောလုပ်ပေးရမှာ ဖြစ်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top