iMyanmarHouse.com - Best Property Website for Myanmar
×














ဇာတ်ကားများ ရိုက်ကူးမှု စိပ်လာသော ခင်ဝင့်ဝါက ဇာတ်ကား ရိုက်ကူးမှု စိပ်လာတာ နှင့်အမျှ စိန်ခေါ်မှုတွေ ဖြစ်လာ ခဲ့ကြောင်း ပြောသည်။ ညီမက အရင်ကထက် စာရင် ဇာတ်လမ် တွေကို သေချာလေးရွေး ပါတယ်။ လေ့လာ ပါတယ်။ ကိုယ်သရုပ်ဆောင် ရမယ့် ကာရိုက်တာ ကိုလည်း သေချာလေး မေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်တွေ ကလည်း သေချာလေး ရွေးပြီး ရိုက်ပါလို့ အကြဉာဏ်ပေးလာ ကြတယ်။

 ပေးလာတဲ့ အကြံဉာဏ် အပေါ် မှာ ကိုယ်နဲ့ လိုက်မယ့် ကာရိုက်တာ ကိုတော့  အတတ်နိုင်ဆုံး ကောင်းအောင် လုပ်ပါတယ်။  ညီမ ရိုက်တဲ့ အခါမှာလည်း ဘယ်လို ကာရိုက်တာ မျိုးပဲဖြစ်ဖြစ် ပရိသတ် အားပေးမယ့် ကိုယ့်အတွက် လုပ်ကွက် ရှိမယ် ဆိုရင် ပရိသတ် ကိုလည်း မက်ဆေ့ခ်ျ တစ်ခုခုပေး နိုင်မယ့် အရာကို အရင်ဆုံး စဉ်းစား ပါတယ်။ ခုချိန်မှာလည်း ကားရိုက်တွေ စိပ်တာနဲ့ အမျှ ကိုယ့်အတွက် ကလည်း စိန်ခေါ်မှုပါပဲ။

 နောက်ပိုင်းကားတွေ လာအပ်တဲ့ အချိန်မှာလည်း နည်းနည်းလျော့ ထားပါတယ်။ အဲဒါက တစ်ကားနဲ့  တစ်ကားမှာ အကောင်းဆုံး ဘယ်လို သရုပ်ဆောင်မလဲ ဆိုတာရော၊ ကာရိုက်တာကို ဘယ်လို ပီပြင် အောင်  သရုပ်ဆောင်မလဲ ဆိုတာရော၊ သရုပ်ဆောင်တဲ့ အခါမှာရော  ဘာတွေ လိုအပ်မလဲ ဆိုတာကို ကိုယ်က သေချာလေး  လုပ်ဆောင် ပါတယ်။ ကိုယ်နဲ့ တွဲဖက် သရုပ်ဆောင်ရမယ့်  သရုပ်ဆောင်ကြီး တွေ၊ ဒါရိုက်တာကြီးတွေ ကိုလည်း မေးပြီးတော့ လေ့လာ သင်ယူပါတယ် ဟု ခင်ဝင့်ဝါက ပြော သည်။ ခင်ဝင့်ဝါသည်  မကြာမီ ကျင်းပတော့မည့် အကယ်ဒမီဆု ပေးပွဲကို   တက်ရောက်မည် ဖြစ်ကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top