iMyanmarHouse.com - Best Property Website for Myanmar
×














တစ်နှစ်တာ အတွင်း ဂီတနှင့် ပတ်သက်၍ ဆုပေါင်းများစွာ ပိုင်ဆိုင်ထားသည့် စိုင်းစိုင်းခမ်းလှိုင်က “ဒိတ်ဒိတ်ကြဲ”DVD ကို နှစ်နှစ်တာ အချိန်ယူခဲ့ ရပြီး ပရိသတ် အတွက် အကောင်းဆုံး ဖန်တီးထားသည့် အတွက် ပရိသတ်များ ထံမှ သတ်မှတ် ပေးသော ငွေကြယ်ပွင့်များ လိုချင်ကြောင်း ပြောသည်။    

ကျွန်တော် ဒိတ်ဒိတ်ကြဲ အတွက် အချိန်တော်တော်လေး ကြာအောင် ယူပြီးတော့ ဖန်တီးခဲ့ရ ပါတယ်။ ဒီအခွေက ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်က တစ်သက်လုံး DVD ကို  ကျွန်တော်ရယ်၊  ကျွန်တော့်ရဲ့ သူငယ်ချင်း ဇော်ကိုကိုရယ် နှစ်ယောက်တည်း ရိုက်ခဲ့တာပါ။ ရံဖန်ရံခါမှာ ကျွန်တော့် သူငယ်ချင်း ဖြစ်တဲ့ ရဲမြင့်သူ ရိုက်ပါတယ်။ ဒီအခွေ မှာတော့ လူငယ် ဒါရိုက်တာတွေ ရိုက်ထား ပါတယ်။

ကျွန်တော်လည်း တစ်ပုဒ်ဝင် ရိုက်ထား ပါတယ်။ ရိုက်ထားတာ ကလည်း ဒီသီချင်းတွေက ကျွန်တော်ပဲ ရေးထားတာ ဆိုတော့ ဘယ်သီချင်းမှာ ဘယ်သရုပ်ဆောင်နဲ့ ရိုက်မလဲ ဆိုတာကို ကျွန်တော် စဉ်းစားပြီး လုပ်ခဲ့ပါတယ်။  သီချင်းက (၁၅) ပုဒ်ပါတော့ တစ်ယောက်တည်း ရိုက်တာထက် အားလုံးခွဲပြီးတော့ ဦးနှောက်တွေ ပေါင်းလိုက်တဲ့ သဘောပါပဲ။ ကျေနပ်တယ်။ အားရတယ်။ ကျွန်တော် ၀န်ခံစရာ တစ်ခု ဖြစ်ပါတယ်။ အချိန် နှစ်နှစ်လောက် ယူပြီးတော့ ရိုက်ထားတာ ဖြစ်တဲ့ အတွက် အားလုံး အမြင် ကတ်စရာ ကောင်းနိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်နိုင် ပါတယ်။

 သီချင်း အပုဒ်တိုင်းကို မင်းသားနေရာ ကနေ သရုပ်ဆောင်ခဲ့မိ ပါတယ်။ ဒါကိုလည်း စာနယ်ဇင်း အားလုံး ကနေ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အခွေကို ကြည့်လိုက်မယ် ဆိုရင် တကယ်လို့များ ကြယ်ငါးပွင့်သာ ရှိမယ် ဆိုရင် ကျွန်တော့် သီချင်းတွေက ကြယ်တစ်ဝက်လား၊ ကြယ်တစ်ပိုင်းလား၊ ကြယ်တစ်လုံး၊ နှစ်လုံး၊ သုံးလုံး၊ ငါးလုံးလား ဆိုတာ အားလုံးဆီကနေ ပြန်သိချင်ပါတယ် ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။ စိုင်းစိုင်းခမ်းလှိုင်သည် “ဒိတ်ဒိတ်ကြဲ DVDကို Music Vedio  နှင့်အတူ လာမည့် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ဖြန့်ချိ သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top