iMyanmarHouse.com - Best Property Website for Myanmar
×









ဝမ်းသွားတဲ့အခါ မိမိထိုင်တဲ့ အနေအထား အမှားအယွင်းများ ရှိနိုင်မလားဆိုတာ စဉ်းစားကြည့်ဖူးပါသလား။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ပုံစံမကျ အညစ်အကြေးစွန့်နေကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီလို့ ကျွမ်း ကျင်ပညာရှင်များစွာက ထောက်ပြခဲ့ကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းထားပုံကိုက ဆောင့်ကြောင့်ထိုင်ဖို့ လုပ်ထားတာပါ၊ ထိုင်ဖို့မဟုတ်ဘူးလို့ Standford တက္ကသိုလ် Pelvic Floor Clinic မှ သိပ္ပံပညာရှင်တွေက ရှင်းပြချက်ပေးထားပါတယ်။

အိမ်သာရေချိုးခန်းဆိုင်ရာ အနေအထိုင်အလေ့အကျင့်တွေရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ဘာ ကြောင့် ဒီဖော်ပြချက်မှာ သဘာဝကျ နေတယ်ဆိုတာ တွေ့မြင်ရမှာပါ။ နည်းလမ်းမမှန်ကန်တဲ့ ကျင်ကြီး စွန့်ခြင်းဟာ အူအတက်ရောင်ခြင်း၊ အူမကြီးကင်ဆာ၊ အူကျရောဂါ နဲ့ စအိုဝယောင်ခြင်းတွေ ဖြစ်စေနိုင်တယ် လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ တခြားကျန်းမာရေးဆိုင်ရာ ချို့ယွင်းမှုတွေကတော့ မမှန်ကန်တဲ့ ဝမ်းသွားမှုပုံစံနဲ့ ပတ်သက်ဆက်နွယ်မှုရှိပါတယ်။ ၂၀၀၃ ခုနှစ်မှာ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က လူ ၂၈ ယောက် ပါဝင်တဲ့ လေ့လာမှုတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။

ထိုစမ်းသပ်မှုမှာ ပါဝင်တဲ့သူတွေဟာ နိမ့်တဲ့ အိမ်သာပေါ်ထိုင်ခြင်း၊ အိမ်သာအမြင့်ပေါ်ထိုင်ခြင်းနဲ့ ဆောင့်ကြောင့်ထိုင်ခြင်းစသည်တို့ဖြင့် အနေအထား သုံးမျိုးနဲ့ ဝမ်းသွားစေခဲ့ပါတယ်။ ဆောင့်ကြောင့်ထိုင်ဝမ်းသွားခဲ့ကြသူတွေအတွက် ပိုမိုလွယ်ကူစေခဲ့ပြီး အချိန် ၁ မိနစ် လျော့နည်းသက်သာစေခဲ့ကြောင်း သိပ္ပံပညာရှင်တွေက သဘောတူထောက်ခံခဲ့ကြပါတယ်။
ကျွန်ုပ်တို့မတ်တပ်ရပ်တဲ့အချိန်မှာ အူမကြီး(အညစ်အကြေးတည်ရှိရာ) puborectalis muscle လို့ခေါ်တဲ့ စအိုဝကြွက်သား ဆွဲကျုံ့စေပြီး အိမ်သာရောက်တဲ့ထိ ထိန်းချုပ်ပေးပါတယ်။ ထိုင်နေတဲ့အခါ ကြွက်သားကို တစ်စိတ်တစ်ဒေသသာ ဖြေလျော့ပေးပါတယ်။ ဆောင့်ကြောင့်ထိုင်မှသာ စအိုဝကို အပြည့်ဖွင့်ပေးတာပါ။ အထူးသဖြင့် အူမကြီးကို ဆန့်ထုတ်ပေးပါတယ်။ အဲဒီတော့ အပြန်အလှန်အကျိုးဆက်အနေနဲ့ အညစ် အကြေးစွန့်ထုတ်ခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်စေပြန်ပါတယ်။

ဆောင့်ကြောင့်ထိုင်ခြင်းနဲ့ ၎င်းရဲ့ကောင်းကျိုးတွေကတော့ အညစ်အကြေးစွန့်ထုတ်ရာမှာ ပိုမိုလွယ်ကူ မြန် ဆန်ခြင်း၊ အူမကြီးကင်ဆာ အန္တရာယ်မြင့်မားလာစေတဲ့ အညစ်အကြေးတံ့နေခြင်းကို ကာကွယ်ပေးခြင်း၊ အူသိမ်ဆီသို့ အညစ်အကြေးတွေ ဝင်ရောက်ခြင်း၊ အဆိပ်အတောက်တွေဖြစ်ခြင်းမှ ထိန်းသိမ်းပေးခြင်း၊ အဖိုသုတ်ရည်ဂလင်း ကျန်းမာသန်စွမ်းခြင်း၊ ဆီးအိမ်ထိန်းချုပ်ပေးခြင်း ၊ လိင်မှုကိစ္စတွေအတွက် အရေးပါတဲ့ တင်ပဆုံနဲ့ အာရုံကြောတွေကို ကာကွယ်ပေးခြင်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအား သဘာဝမီးဖွားလို့ ရစေခြင်းတို့ပဲ ဖြစ်ပါတယ်။

 Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top