iMyanmarHouse.com - Best Property Website for Myanmar
×











လူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါ ကိုယ့်ပါးစပ်က အနံ့ဆိုးတွေ ထွက်နေမယ်ဆိုရင် ဘယ်သူကမှ ကိုယ့်ကိုရေရှည်ပြောဆိုဆက်ဆံချင်မှာ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူနဲ့တွေ့တိုင်းလည်း ချစ်သူရဲ့နှာခေါင်းရှုံ့တာကို ခံရမှာဖြစ်တဲ့အပြင် သူမရဲ့အနမ်းကိုလည်း ရရှိပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ခံတွင်းနံ့ကင်းစေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

၁။သင်ဟာ ၀ိတ်ချနေတဲ့သူတစ်ယောက်ဆိုရင် အဆီဓာတ်နဲ့ ပရိုတင်းဓာတ် မျှတအောင် စားပါ။

၂။အသီးအနှံတွေကို စားပေးဖို့ မမေ့ပါနဲ့။

၃။အဆာပြေမုန့်စားတဲ့အခါ ပန်းသီးနဲ့ အာဟာရပြည့်ဝတဲ့မုန့်ကိုသာ ရွေးချယ်စားသုံးပါ။

၎။တစ်နေ့ကို ရေ ၄၈အောင်စ သောက်ပါ။

၅။ကော်ဖီထက် အသီးဖျော်ရည်တွေကို ပိုသောက်ပါ။

၆။ခံတွင်းနံ့ကင်းစေတဲ့ ငုံဆေးပြား စတာတွေကို တစ်ခါတစ်လေ စားပေးပါ။

၇။သွားကြိုသွားကြားက ကပ်ကျန်နေတဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းသွားစေဖို့ သွားတိုက်တာအပြင် သွားကျစ်ကြိုးသုံးပြီး သွားသန့်ရှင်းရေးကို တစ်ရက်ခြားတစ်ခါ လုပ်ပေးပါ။

၈။လျှာပေါ်က ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်နိုင်ဖို့ လျှာသန့်ရှင်းရေ လုပ်ပေးပါ။

၉။အယ်လ်ကိုဟော မပါဝင်တဲ့ ပါးစပ်ဆေးတဲ့အရည်ကို အမြဲသုံးပေးပါ။ အဲ့ဒီဆေးရည်မှာ zinc ပါဝင်မှုရှိပါစေ။

၁၀။သကြားဓာတ်ပါဝင်မှုမရှိတဲ့ ပီကေကို ၀ါးပေးနိုင်ပါတယ်။

၁၁။ခံတွင်းနံ့သင်းပျံ့စေတဲ့ Gel တစ်မျိုးမျိုး သင့်ပိုက်ဆံအိတ်ထဲမှာ ထည့်ထားပြီး လိုရင် သုံးလိုက်ပါ။

၁၂။စီးကရက်ကို တတ်နိုင်သမျှ ရှောင်ပါ။ မသောက်ရင် အကောင်းဆုံးပါပဲ။

၁၃။သွားဆရာဝန်ဆီ မကြာခဏသွားပြပါ။

ကဲ ဒီလောက်ဆိုရင်တော့ သင့်ပါးစပ်အတွင်း အနံ့ဆိုးတွေ ကင်းစေသွားလောက်ပါပြီနော်။ လူတွေနဲ့ ပြောဆိုရာမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြောဆိုဆက်ဆံနိုင်ပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top