iMyanmarHouse.com - Best Property Website for Myanmar
×














 ပရော်ဖက်ရှင်နယ် မော်ဒယ် တစ်ယောက် အဖြစ် ရပ်တည် နေသည့် သက်လုံးပုံက အကယ်ဒမီ ရွှေကြို အတွက် လျှောက်လွှာတင် ခဲ့ပြီး၊ ဆန်ခါတင် (၄၀) ဦး စာရင်းတွင် ပါဝင်ခဲ့ကြောင်း ပြောသည်။ အမှန်တော့ ညီမက ရုပ်ရှင်နဲ့ ပတ်သက် ပြီးတော့ တစ်ခါမှ ပြိုင်ပွဲ မ၀င်ဖူးဘူး။ အဲဒါကြောင့် အကယ်ဒမီ ရွှေကြို ကို စမ်းပြီးတော့ လျှောက်ခဲ့တာပါ။ သရုပ်ဆောင်ဘက် သွားမယ် ဆိုတဲ့ စိတ်နဲ့ပေါ့။

ဒီအကယ်ဒမီ ဗန်းကိုင်ကနေ နေပြီးတော့ အောင်မြင် သွားတဲ့ အနုပညာရှင် တွေလည်း ရှိတယ်။ ညီမလည်း အဲလိုဘဲ မှန်းမိ ပါတယ်။ အခု ကတော့ အယောက် (၄၀) စာရင်းထဲပဲပါ သေးတယ်။ နောက်ဆုံး ရွေးမယ့် (၁၀) ယောက်ထဲပါ သွားရင်တော့ ပိုကောင်း တာပေါ့။ စပြိုင် ကတည်းက အကယ်ဒမီ ရွှေကြို ထဲမှာ ပါချင်တဲ့ အတွက် စပြိုင်ခဲ့တယ်။ တကယ်လို့ မပါ ဖြစ်ခဲ့ ရင်လည်း နောက် တစ်နှစ်ပေါ့။ ဒီလိုပဲ ဆက်ကြိုးစား ပါမယ်။ နောက်ဆုံးရွေးမှာက ဒီဇင်ဘာလ (၆) ရက်နေ့ အတွက်၊ အဲဒီနေ့ကျ ရင်တော့ အချိန် နောက်မကျ ဖို့ရယ်။ ၀တ်စုံပြည့် ၀တ်လာဖို့ ရယ်ကိုတော့ ပြောထားပါတယ်။

တခြား စည်းကမ်းချက် ဆိုတာတွေတော့ ပြောမထားပါဘူး။ ညီမအနေနဲ့ လည်း နောက်ဆုံး ရွေးမယ့် အဆင့် ထိကို ပါချင်ပါတယ် ဟု သက်လုံးပုံက ပြောသည်။ သက်လုံးပုံသည် လက်ရှိတွင် မော်ဒယ်တစ်ဦး အဖြစ် ရပ်တည် နေပြီး၊ ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် ကြော်ငြာများ ရိုက်ကူးခြင်းကို ပြုလုပ်နေကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top