iMyanmarHouse.com - Best Property Website for Myanmar
×











ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးထားတဲ့ ‘အချစ်ရဲ့ လက်နဲ့ ထုဆစ်လိုက်သော’ ဇာတ်ကားကို ခင်ဝင့်ဝါက ကောင်းပြည့်နဲ့အတူ ရိုက်ကူးထားပါတယ်။ ဇာတ်ကား တွေကို ဟန်ပန်အမူအယာမရိုးအောင် ချစ်စဖွယ် အိုက်တင်လေးတွေနဲ့ ပရိသတ်ကို တင်ဆက်နေတဲ့ ခင်ဝင့်ဝါက ပရိသတ်တွေ ပိုပြီးလက်ခံလာအောင် ကြိုးစားဖြစ်နေတယ်လို့ ခင်ဝင့်ဝါက ပရိသတ်တွေ ပိုပြီးလက်ခံလာအောင်ကြိုးစားဖြစ်နေတယ်လို့ ခင် ဝင့်ဝါကပြောပါတယ်။

 “အဓိကကတော့ ကိုယ်က ဘယ်လိုသရုပ်ဆောင်ရမလဲ။ ကိုယ့်ကာ ရိုက်တာက လည်း ဘယ်လိုလဲ၊ ဇာတ်ရုပ်က ဘယ်လို့လဲဆိုတာ  သေချာဖတ်တယ်။ ဒါရိုက်တာနဲ့ ကိုယ်နဲ့ တိုင်ပင်ပြီး လုပ်ရတယ်။ ညီမက အသစ်တစ်ယောက်ဖြစ်တဲ့ အ တွက် ဝါရင့်သရုပ်ဆောင်တွေ ကိုယ်နဲ့တွဲရုပ်ဆောင်တွေ ကို မေးတယ်။ လိုအပ်တာတွေကိုလည်း ပြင်ဆင်ပေးတဲ့အ တွက် လေ့လာနေတုန်းပေါ့။ လိုအပ်ချက်တွေလည်း ရှိ နေပါသေးတယ်။ ဇာတ်ရုပ်တွေကိုလည်း အတတ်နိုင်ဆုံး ပီပီပြင်ပြင်ဖြစ်အောင် ကြိုးစားနေပါတယ်” လို့ ခင်ဝင့်ဝါက ပြောပါတယ်။

အနုပညာကရှင်တစ်ယောက် ပီပီ ပရိသတ် ရဲ့ ဝေဖန်အကြံပေးမှု တွေကို လေးစားပြီးတော့ တစ် နေ့ ထက်တစ်နေ့ သရုပ်ဆောင်ပိုင်းမှာ ပီပြင်လာ အောင် အမြဲဂရုစိုက်ပြီးတော့ ကောင်းအောင်ပြုလုပ် ဖြစ်နေ ပါတယ်လို့ ခင်ဝင့်ဝါက ဆိုပါတယ်။
“ပရိသတ်တွေ ရဲ့ ဖေ့စ်ဘုတ်ကတော့ တစ်ကား နဲ့ တစ်ကား သရုပ်ဆောင်နည်းနည်း တိုးလာတယ်လို့ ပြောတယ်။ 

တချို့ ဆိုရင် ဘယ်အခန်းမှာ ဘယ်လိုဆို ပြီး သေချာ ကို ပြောပြီးတော့ ထောက် ပြနိုင်တယ်။ ကိုယ့်ရဲ့ ကားကို အချိန်ပေးကြည့်ပြီး ကိုယ့်ရဲ့ လိုအပ် ချက်တွေကို ပြောပြတဲ့အတွက်လည်း ကိုယ်ပြင်ဆင် ပြုပြင်လို့လည်းရတယ်။ ကိုယ့်ဟာကိုယ်ဆို ရင် အဲဒီ လောက်သိမှာမဟုတ်ဘူးလေ။ ပရိသတ်တွေက ဝေဖန် အကြံပြုပေးတော့ ကိုယ်လည်း သတိတရနဲ့ ပြုပြင်ဖြစ် တယ်။ အနုပညာအလုပ်   တွေ မှာလည်းအထောက်အကူ ဖြစ်တယ်။ ညီမကတော့ ဒီနေ့ထက် မနက်ဖြန် ငါဟာ ပိုပြီး သရုပ်ဆောင်ပီပြင်ရမယ်ဆိုတဲ့ စိတ်ထားပြီးတော့ပဲ လုပ်တယ်။ ကြိုးစားတယ်” လို့ ခင်ဝင့်ဝါက ပြောပါတယ်။

Credit : popularmyanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top