iMyanmarHouse.com - Best Property Website for Myanmar
×

 












Mr. Asia  တစ်ဦး ဖြစ်သည့် ခါရာက Mr  ဖြစ်ပြီးသည့် နောက်တွင် သရုပ်ဆောင် တစ်ဦး အဖြစ်ပါ လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ပြောသည်။ ကျွန်တော် ဗီဒီယိုကားတွေ ရိုက်ဖို့ ရှိပါတယ်။ ကမ်းလှမ်းထား တာပေါ့ နော်။ ကြော်ငြာ တွေလည်း ရိုက်ဖို့ရှိပါတယ်။ တကယ်လို့ ရိုက်ဖြစ်မယ် ဆိုရင် ခေါင်းဆောင် နေရာ ကနေ ရိုက်ရမှာပါ။ ထုတ်လုပ်ရေးဘက်က အတိအကျ မဖြစ်သေးတော့ ဘယ်လို ဖြစ်ဦးမလဲ မသိသေးဘူး။ ကျွန်တော့် အနေနဲ့လည်း အခုမှ အသစ်ဆိုတာ့ သရုပ်ဆောင်နဲ့ ပတ်သက်ရင် ဘာမှ မသိသေးဘူး။ သင်ယူရမယ့် အရာတွေ အများကြီး ကျန်ပါ သေးတယ်။

ကျွန်တော် ကလည်း ဒီ Mr မဖြစ်ခင် ကတည်းက ၀ါသနာ ပါတယ်။ ဇာတ်ကား တစ်ကားလည်း ရိုက်ထားဖူး ပါတယ်။ နောက်တော့ Mr ပြိုင်ပွဲတွေ ရှိလာတယ်။ ရှေ့မှာလည်း အောင်မြင်ထားတဲ့ သူတွေလည်း ရှိနေတော့ ကျွန်တော်လည်း ၀င်ပြိုင် ဖြစ်တယ်။ ဒီလိုနဲ့ Mr ဖြစ်လာတာ ပေါ့နော်။ ကျွန်တော် Mr ဖြစ်ပြီး နောက်မှာပဲ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရ တာပါ။ ကျွန်တော် ကိုယ်တိုင် ကလည်း သရုပ်ဆောင် တာကို ၀ါသနာပါတယ်။ အဲဒါကြောင့် သရုပ်ဆောင်ဘက် ကူးမယ် ဆိုရင် တအား ကြိုးစားရမှာပါ။ ကျွန်တော့်ကို ပရိသတ်က Mr အဖြစ် အသိမှတ်ပြုပေးသလို သရုပ်ဆောင် လုပ်တဲ့ အခါလည်း အသိပြုပေးစေချင် ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လို ယောက်ျားလေး မော်ဒယ်တွေ ကိုလည်း နောက်ထပ်တွေ ဖြစ်စေချင် ပါတယ် ဟု ခါရာက ပြောသည်။  ခါရာသည် ဟောင်ကောင်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် Mr.Asia 2014 ပြိုင်ပွဲတွင် ဆုငါးဆုကို ရယူနိုင်ခဲ့သူ ဖြစ်သည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top