iMyanmarHouse.com - Best Property Website for Myanmar
×









အခုလို ဆောင်းရာသီအတွင်း အဖြစ်များတဲ့ နှုတ်ခမ်းကွဲခြင်းဟာ နှုတ်ခမ်းအရေပြားမှာ အစိုဓာတ်လျော့နည်းခြင်းကြောင့် ဖြစ်တတ် သလို ကူးစက်ပိုး တချို့ကြောင့်လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။တခြားအရေပြားတွေနဲ့မတူတာက နှုတ်ခမ်းသားဟာ
 ခြောက်သွေ့တဲ့လေထုနဲ့ ထိတွေ့မှုကို တွန်းထုတ်နိုင်ဖို့ အစိုဓာတ် အလုံလောက်ကို မထုတ်ပေးနိုင်ပါဘူး။

ဒါကြောင့် အေးမြတဲ့ ဆောင်းရာသီမှာ နှုတ်ခမ်းသားကွဲအက်ခြင်းနဲ့ သွေးထွက်ခြင်း တို့လည်း ဖြစ်တတ်ပါတယ်။ နှုတ်ခမ်းသားတွေက နူးညံ့လွန်းတာကြောင့် နှုတ်ခမ်းသား ကွဲအက်နာကျင်ပါက ပြည့်ပြည့်ဝဝ မပြုံးရယ်နိုင်လောက်အောင် ဖြစ်ရတတ်ပါတယ်။ နှုတ်ခမ်းသား ကွဲအက်နာကျင်မှု ကင်းဝေးစေဖို့ ရိုးစင်းလွယ်ကူတဲ့နည်းလမ်းတွေ ရှိပါတယ်။

အရင်ဆုံး သတိထားသင့်တာက နှုတ်ခမ်းသား ကွဲအက်နာကျင်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းကို ဆန်းစစ်ပါ။ ရေဓာတ်ခန်းခြောက်မှုကြောင့်လား၊ ခြောက်သွေ့တဲ့ရာသီဥတုကြောင့်လား၊
 နေရောင်ခြည်ဒဏ်ခံရလွန်းလို့လား၊ ရက်လွန်နေတဲ့ နှုတ်ခမ်းဆိုး ဆေးတွေကြောင့်လား၊ ဓာတ်မတည့်မှုဖြစ်စေတဲ့ တခြားအကြောင်းရင်းတွေများ ရှိသေး သလား စသဖြင့် ဆန်းစစ်ကြည့်ပါ။ နှုတ်ခမ်းသားခြောက်သွေ့စေတဲ့ အကြောင်းရင်းကို သိရင် သက်သာအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

ဥပမာ - ရေဓာတ်ခန်းခြောက်တာကြောင့် နှုတ်ခမ်းသားခြောက်သွေ့ရင် ရေများများ သောက်ပေးတဲ့နည်းနဲ့ သက်သာစေပါလိမ့်မယ်။ နှုတ်ခမ်းသားကို လျှာနဲ့မလျက်ပါနဲ့။ ဒါဟာ နှုတ်ခမ်းသားခြောက်သွေ့မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဗီတာမင်အေပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ မုန်လာဥနီနဲ့ ခရမ်းချဉ်သီးတွေကို များများစားပေးပါ။ ဗီတာမင်အေ ပေါကြွယ်ဝတဲ့ အစားအစာတွေဟာ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားနဲ့ အသားအရေကို စိုပြည်စေပါတယ်။

ရေနံဂျယ်လီ (Petroleum Jelly) ကို နှုတ်ခမ်းသားမှာ လိမ်းပေးပါ။ ခရီးသွားပါက သွားတဲ့ လမ်းခရီးတစ်လျှောက်မှာပါ မကြာခဏ လိမ်းပေးပါ။ အစိုဓာတ်ထိန်းပေးနိုင်တဲ့ Moisturizing Lip balm လို နှုတ်ခမ်းဆိုးဆေး အကြည်ကို ဆိုးပေးရင်လည်း နှုတ်းခမ်းသား ကွဲအက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေနဲ့ နှုတ်ခမ်းသားစိုပြည်နေအောင် အရည်ရွှမ်းတဲ့ သစ်သီးတွေစားပြီး ရေများများ သောက်ပေးပါ။
 
Credit : Mg Mandalay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top