iMyanmarHouse.com - Best Property Website for Myanmar
×










အိမ်ရှင်မတွေ အနေနဲ့ လတ်လတ်ဆတ်ဆတ်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးကဝယ်လာပြီး  ချက်ပြုတ်တဲ့အခါမှာအာဟာရဓာတ်တွေ မပျက်ပြယ်အောင် ချက်ပြုတ်တတ်ဖို့လိုပါတယ်။ မိမိတို့ရဲ့ကလေးငယ်များ ဟင်းသီးဟင်းရွက်မှ လိုအပ်တဲ့ အာဟာရဓာတ်များ အပြည့်အဝရရှိစေဖို့ အောက်ဖော်ပြပါချက်ပြုတ်နည်းတွေက အထောက်အကူပြုနိုင်ပါတယ်။

အာလူးနဲ့မုန်လာဥလိုမျိုး အသီးအရွက်တွေကို အခွံနွှာတဲ့အခါ ပါးပါးလေးဘဲနွှာသင့်ပါတယ်။ အခွံနဲ့အနီးကပ်ဆုံးမှာ အာဟာရဓာတ်တွေပေါများစွာ ရှိနေတာကြောင့် အခွာနွှာတဲ့အခါ ထူထဲစွာနွှာခြင်းကိုရှောင်ရှားခြင်းဖြင့်လိုအပ်တဲ့အာဟာရဓာတ်ပမာဏကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။

အခွာနွှာပြီးတဲ့အသီးတွေ၊ လှီးပြီးတဲ့ ဟင်းသီးဟင်းရွက်တွေကို ရေထဲမှာ အကြိမ်ကြိမ်အခါခါ ဆေးကြောခြင်းကိုရှောင်ရှားသင့်ပါတယ်။ ဒီလို အကြိမ်များစွာဆေးကြောလိုက်ခြင်းဖြင့် အသီးအရွက်တွေထဲမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေဟာ ရေထဲမှာ ပါသွားပြီးလိုအပ်တဲ့ အာဟာရဓာတ်ပမာဏတွေ ဆုံးရှုံးသွားနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ တစ်ချို့ဟင်းသီးဟင်းရွက်တွေကို ပိုးသတ်ဆေးတွေဖျန်းတတ်တာကြောင့် အသီးအရွက်တွေကို မလှီးခင် ရေစိမ်တာမျိုး၊ ရေများများနဲ့ဆေးတာမျိုးကိုတော့ လုပ်သင့်ပါတယ်။

အသီးအရွက်တွေကို အတုံးကြီးကြီးလှီးခြင်းဟာ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အတုံးငယ်ငယ်လေးတွေလှီးထားခြင်းဖြင့် အသီးအရွက်တွေထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာဆေးကြောလိုက်တဲ့အခါ  ရေထဲမှာ လွယ်ကူစွာ ပါသွားခြင်းဘဲဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ ရေများများထည့်ပြီးချက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ တကယ်လို့ အမဲစွပ်ပြုတ်ဖြစ်ဖြစ်၊ ကြက်စွပ်ပြုတ်ဖြစ်ဖြစ် ချက်ပြုတ်ဖြစ်တယ်ဆိုရင်တော့ ရေများများသုံးခြင်းက အလဟဿ မဖြစ်စေပဲ အရည်တွေကို အရသာရှိရှိသောက်သုံးနိုင်တာကြောင့် အသုံးဝင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေကို ဆူပွက်ပြီးသားရေနွေးအိုးထဲ ထည့်လိုက်ပါ။ ဒါဟာ ပွက်ပွက်ဆူနေတဲ့ ရေပူထဲမှာ  ဟင်းသီးဟင်းရွက်တွေကို အချိန်ကြာကြာထိတွေ့ခြင်းကိုရှောင်ရှားခြင်းဖြစ်ပါတယ်။ရေနွေးနွေးလေးနဲ့ ချက်ပြုတ်ခြင်း က ဟင်းသီးဟင်းရွက်ထဲမှာ အာဟာရဓာတ်ဆုံးရှုံးသွားမှုကို လျော့ပါးစေပါတယ်။ပွက်ပွက်ဆူနေတဲ့ ရေပူထဲမှာ ထည့်ပြီးချက်လိုက်ခြင်း က ဟင်းသီးဟင်းရွက်ထဲရှိအာဟာရဓာတ်ကို များစွားဆုံးရှုံးသွားစေပါတယ်။
  
 အသီးအရွက်တွေကို ချက်ပြုတ်တဲ့အခါ ရေနွေးဆူချိန်မှာ အဖုံးကို ဖွင့်ထားလိုက်ပါ။ ဒါဟာ ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်တဲ့ အက်ဆစ်တွေကို အငွေ့ပျံသွားစေခြင်းဘဲဖြစ်ပါတယ်။ဒါကြောင့်  ဟင်းသီးဟင်းရွက်တွေဟာ  အညိုရောင်သို့မပြောင်းသွားဘဲမူလအစိမ်းရောင်အတိုင်းကျန်ရှိနေခဲ့ပါတယ်။
   
အုန်းနို့နဲ့ ဟင်းသီးဟင်းရွက်တွေကို စွပ်ပြုတ်ချက်တဲ့အခါ တတ်နိုင်သလောက် ရေနွေးနည်းနည်းဘဲအသုံးပြုပါ။ အသီးအရွက်တွေကို ခဏလေးနဲ့ ရေထဲမှာ တစ်ဖြည်းဖြည်းဆူပွက်လာပါစေ။
   
အသီးအရွက်တွေကို ဆီလှိမ့်ပြီး ကြော်လှော်ခြင်းဟာ ဗီတာမင် အေ ၊ ဒီ ၊ အီး နဲ့ ကေ ရှိတဲ့ ဟင်းသီးဟင်းရွက်တွေအတွက် ပိုမိုကောင်းမွန်စေပါတယ်။ဒီအာဟာရဓာတ်တွေဟာ ဟင်းသီးဟင်းရွက် အဆီတွေထဲမှာ ကောင်းစွာပျော်ဝင်နိုင်တာကြောင့် ကိုယ်ခန္ဓာ အတွက် စုပ်ယူမှုလွယ်ကူစေပါတယ်။

ဒါဟာ အိမ်ရှင်မများအတွက်သာမက တစ်ကိုယ်ရည်တစ်ကာယ ချက်ပြုတ်စားသောက်နေသူများအတွက်ပါ ဟင်းသီးဟင်းရွက်တွေကို စားသောက်လိုတဲ့အခါ အာဟာရဓာတ်မပျက်ပြယ်အောင်ချက်ပြုတ်စားသောက်နိုင်ကြပါတယ်။

Credit: yangonlife

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top