iMyanmarHouse.com - Best Property Website for Myanmar
×









 ဗြိတိန်သရုပ်ဆောင်မင်းသမီး ကီရာနိုက် တလေသည် များပြားလှသော ဆုပေးပွဲရာသီတစ်ခုကိုသာမက ရင်သွေးတစ်ဦးကိုလည်း မျှော်လင့်နေသည်ဟု အမေရိကန် TIME သတင်းက ဖော်ပြသည်။
အသက် (၂၉)နှစ်အရွယ် ကီရာနိုက်တလေသည် နာမည် ကျော်ကြားသော သရုပ်ဆောင် ထူးချွန်ဆုဆန်ခါတင်စာရင်းများ၌အမည်စာရင်း   ပေးသွင်းခံရပြီးနောက် မကြာမီတွင် ၎င်း၌ ကိုယ်ဝန်သုံးလခန့်ရှိနေပြီဟူ သော သတင်းများ ထွက်ပေါ် လာခဲ့သည်။ 

     ကီရာနိုက်တလေသည် ခင်ပွန်းဖြစ်သူ ဂျိမ်းစ်ရိုက်တန်နှင့်ရရှိသော ပထမဆုံးရင်သွေးလေးကို မျှော်လင့်နေသည်ဟု Page Six သတင်းက ဖော်ပြသည်။  ကီရာနိုက်တလေတို့ စုံတွဲသည် ပြီးခဲ့သည့် ၂၀၁၃ မေလတွင်    ပြင်သစ်နိုင်ငံ၌ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

ကီရာနိုက်တလေသည် The Imitation Game ရုပ်ရှင်ဇာတ် ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံး (SAG)ဆုနှင့် ရွှေ ကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းများ၌ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆုအတွက် အမည်စာရင်းပေးသွင်းခြင်းခံထားရသည်။ The Imitation Game ဇာတ်ကားသည် ၂၀၁၅ ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်း၌ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုအပါအဝင် ဆုပေါင်းငါးဆုအတွက် အမည်စာရင်းတင်သွင်းခံထားရသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top