iMyanmarHouse.com - Best Property Website for Myanmar
×











သားဦးကိုယ်ဝန်ဆောင် ထားရသဖြင့် အနုပညာအလုပ် များရပ်နားထားသော သက်မွန် မြင့်က ၎င်း၏ ရင်သွေးလေးမှာ ယောက်ျားလေးဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့သည်။

‘‘သားလေးမွေးစေချင်တဲ့ သူများပျော်လို့ရပါပြီ။ အဖေက တော့ ဒီလိုတွေပျော်၊ အမေက မိန်းကလေးလိုချင်တာဆိုတော့ အဟီး တနားချယာယေးနော်’’ဟု ရေးသားကာ ၎င်းတို့ ဇနီးမောင်နှံ နှစ်ယောက်၏ ပုံကိုတင်ထားခြင်း ဖြစ်သည်။

 အိမ်ထောင်ပြုတော့မည့် ကိစ္စအပါအ၀င် ၎င်း၏ ထူးခြား သော ကိစ္စများနှင့် ခံစားချက်များ ကို ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက် နှာမှတစ်ဆင့် ပရိသတ်ကို ဦးစွာ အသိပေးလေ့ရှိသော သက်မွန် မြင့်က ဗိုက်ထဲမှ ကလေးလေးမှာ လည်း  သားဦးလေးဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့သည်။
‘‘ဗိုက်ထဲက ကလေးလေးက Sweet December ကနေ စကန် တာ။ ခုဆိုခဏခဏပဲ ကန်တယ်။ အမေတွေက  အဲဒီကြည်နူးစရာ ပီတိလေးတွေ ခံစားရတာပေါ့ နော်။ အဖေတွေကတော့ အချိန် တိုင်းမသိနိုင်ဘူး’’ဟူ၍လည်း ကိုယ်ဝန်နှင့် ပတ်သက်၍ ခံစားမှု များကို ဖေ့စ်ဘွတ်ခ်တွင် ရေးသားလေ့ရှိသည်။

ကိုယ်ဝန်ဆောင်ထားသည် မှာ ငါးလခန့်ရှိပြီဖြစ်ပြီး  ဧပြီ ထဲတွင် မွေးဖွားမည်ဖြစ်ကြောင်း သက်မွန်မြင့်က ၎င်း၏ ပရိသတ်များကို  ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ပြန်လည်ဖြေကြားထားသည်။
သက်မွန်မြင့်သည် ကိုယ်ဝန် လနုချိန်တွင် ဇာတ်ကားများရိုက် ကူးခဲ့သော်လည်း ကျန်းမာရေး မကောင်းသောကြောင့် အောက် တိုဘာမှစတင်ကာ ရိုက်ကူးရေး များ နားထားခဲ့သည်။
လက်ရှိတွင်မူ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး   Focus Onlineမှပြုလုပ်သော  ပရိသတ် အကြိုက်ဆုံး   အမျိုးသမီးအနု ပညာရှင်စာရင်းတွင်  သက်မွန် မြင့်က  မဲအရေအတွက်အများ ဆုံးဖြင့် ဦးဆောင်လျက်ရှိသည်။

သက်မွန်မြင့်ကို ၂၀၁၃ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်အကယ်ဒမီဇာတ်ကားများဖြစ် သည့် စေတန်ရဲ့ ကချေသည်၊ စုန်းပြူးဇာတ်ကားများဖြင့် ပရိ သတ်များက အကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုရရှိနိုင်သည် ဟု ခန့်မှန်းထားကြသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top