iMyanmarHouse.com - Best Property Website for Myanmar
×

ရည်းစားဟောင်းများ အကြောင်း သီချင်း လုပ်ဆိုရာတွင် ထူးချွန်သူအဖြစ် နာမည်ကြီးသည့် ကန်းထရီး အဆိုတော် တေလာဆွစ်က  တစ်ယောက်တည်း နေသည့်အတွက် မည်သူ့ကို မနာကျင်စေဟု ထုတ်ဖော် ပြောကြားထားသည်။  အသက် (၂၄) နှစ် အရွယ်ရှိ အဆိုတော်မလေးက တစ်ယောက်တည်းနေရန်   ရည်ရွယ် ဆုံးဖြတ်ထားကြောင်း  ဆိုထားသည်။

 တေလာဆွစ်က ““အခုအချိန်မှာ ကျွန်မဆီမှာ ကျွန်မရဲ့ခံစားချက်တွေ ကလွဲလို့  အခြား ဘယ်သူရဲ့မှ ခံစားချက်တွေ မရှိပါဘူး။ အခုအချိန်မှာ ကျွန်မ တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေရင် ကျွန်မ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာကို ကျွန်မ မသိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ တစ်ယောက်ယောက်နဲ့ ချစ်ကြိုက် နေချိန်မှာ လျှို့ဝှက်ချက်တွေ၊ ထုတ်ဖော် မပြောချင်တဲ့၊ မပေါက်ကြား စေချင်တဲ့ ထိတ်လန့်ဖွယ် အခိုက်အတန့်တွေ  ရှိတဲ့အတွက် ဖြစ်ပါတယ်”” ဟုဆိုထားသည်။

 တေလာဆွစ်သည် ကော်နာကနေဒီ၊ ဂျိတ် ဂျီလင်ဟား၊ ဂျွန်မေယာ၊ တေလာလောတနာ တို့နှင့် ချစ်ကြိုက် ခဲ့ဖူးခဲ့ပြီး ဗြိတိန် ပေါ့ပ်အဖွဲ ”One Direction” အဖွဲ့မှ ဟယ်ရီစတိုင်လည်း ယင်း၏ ချစ်သူစာရင်းတွင် ပါဝင်ခဲ့ဖူးသည်။ဟယ်ရီစတိုင် နှင့်၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ အထိ တွဲခဲ့ပြီးနောက် လမ်းခွဲခဲ့ခြင်း ဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့သည့် “Victoria Secret” ဖက်ရှင်ရှိုးပွဲတွင် ဟယ်ရီစတိုင်နှင့် လူမြင်ကွင်းသို့   ပြန်လည် ရောက်ရှိလာခဲ့သည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top