iMyanmarHouse.com - Best Property Website for Myanmar
×










မင်္ဂလာဦး နေ့မှာ လင်မယားနှစ်ယောက်ဟာ အိမ်ကိုဘယ်သူလာလာ တခါးမဖွင့်ပေးကြေးလို့ သဘော တူခဲ့ကြတယ် ။ ထိုနေ့မှာပဲ ယောက်ကျားဖြစ်သူရဲ့ မိဘတွေ သူတို့ကို ကြည့်ဖို့ သူတို့အိမ်ကို လာကြတယ် ။ ယောက်ကျားဖြစ်သူက တံခါးဖွင့်ပေးချင်တယ် ပြီးတော့ တယောက်ကို တယောက်ကြည့်ရင်း သူတို့ရဲ့ သဘောတူညီချက်အတိုင်း တံခါးဖွင့် မပေးခဲ့ဘူး ။ မိဘတွေလည်း ပြန်သွားကြတယ် ။ ခဏအကြာ
ထိုနေ့မှာပဲ မိန်းမဖြစ်သူရဲ့ မိဘတွေ သူတို့အိမ်ကိုလာတယ် ။

မိန်းမဖြစ်သူက မျက်ရည်စက်လက်နဲ့ ကျမ မိဘတွေ တံခါးဖွင့်မပေးပဲ ကျမ မနေနိုင်ဘူး လို့သူ့ယောက်ကျား ကို တိုးတိုးလေးပြောလိုက်တယ် ။ သူမက တံခါးဖွင့်ပေးလိုက်ပေမဲ့ ယောက်ကျားဖြစ်သူက ဘာမှ မပြော ဘူး။ ဒီလိုနဲ့ နှစ်တွေကြာလာတော့ သူတို့မှာ သားလေးယောက်မွေးဖွားခဲ့တယ် ။ နောက်ဆုံး ငါးယောက်
မြောက်က မိန်းခလေးမွေးတဲ့အခါ ။ ယေက်ကျားဖြစ်သူက မိတ်ဆွေတွေအားလုံးကိုဖိတ်ပြီး သမီးလေး
မွေးတဲ့အတွက် ပါတီကြီး ကျင်းပဖို့ ပြင်ဆင်တယ် ။ မိန်းမဖြစ်သူက သားတွေတုန်းက ဒီလို ပါတီမကျင်းပပဲ အခု သမီးကျမှ ဘာကြောင့် ပါတီကျင်းပတာလည်းလို့ မေးတဲ့အခါ ။ ယောက်ကျားဖြစ်သူပြန်ပြောတာက ။
"ငါ့သမီးလေးဟာ ငါ့ကိုတံခါးဖွင့်ပေးမဲ့သူပဲ ။ သမီးတွေဟာ အမြဲတမ်း မိဘတွေအတွက် ကောင်းတဲ့သူတွေ ဖြစ်လေ့ရှိတယ် ။"

Credit : ရဲသူရိန်မင်း

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top