iMyanmarHouse.com - Best Property Website for Myanmar
×










မိန်းကလေးတွေက ဘဝလက်တွဲဖော်အနေဖြင့် လိုက်ခံဖို့အတွက် စာမေးပွဲမရှိပင်မဲ့ အရည်အချင်းစစ် စာမေးပွဲတော့ရှိမယ် ထင်ပါတယ်။

ဘာအချက်တွေ လိုအပ်သလဲဆိုတာကိုကြည့်ကြည့်ရအောင်နော်။

၀၁. ကြင်နာပြီး ဂရုစိုက်တတ်တဲ့သူ

အကိုတစ်ယောက်လို အားကိုးအားထားရသူဖြစ်ပါလိမ့်မယ်။

၀၂. မသိသေးသောအကြောင်းတွေကိုလည်း သင်ပေးတဲ့သူ

ကိုယ်ကမသိသေးတဲ့လောကအကြောင်း ဗဟုသုတ စာပေတွေကို မမောမပမ်း သင်ပေးနိုင်သောသူပါ။

၀၃. ပျော်ရွှင်နေသော စိတ်ဓာတ်ပိုင်ရှင်

ဘယ်နေရာမှာပဲဖြစ်ဖြစ် စိတ်ဓာတ်က ကြံ့ခိုင်ပြီး ပျော်အောင်နေတတ်သူပါ။

၀၄. ယုံကြည်ချက်အပြည့်ရှိသူ

ယုံကြည်မှုရှိသော ယောင်္ကျားလေးဆိုတာ ဘာမဆို အားတတ်သရော လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်ရှိပါလိမ့်မယ်။

၀၅. ပတ်ဝန်းကျင်မှာ သူရှိတယ်ဆိုတာကို အချက်ပေးနေသလို ဆွဲဆောင်မူရှိသူ

ခေါင်းဆောင်ကောင်းဖြစ်မယ်လို့ ထင်ရသော ယောင်္ကျားကောင်းတစ်ယောက်ဖြစ်မှာပါ။

၀၆. အလုပ်တွေ ဘယ်လောက်ပဲရှုပ်ရှုပ် ကိုယ့်အတွက် အချိန်ပေးနိုင်သူ

အလုပ်ချိန်နဲ့ အလုပ်ပြီးသွားရင် မိသားစုအတွက် အချိန်ကို တိတိကျကျ ဆုံးဖြတ်လုပ်ကိုင်နိုင်သောသူ ဖြစ်ပါလိမ့်မယ်။

၀၇. စကားပြောကောင်းသလို စကားနားထောင်ကောင်းသူ

မိန်းကလေးဖြစ်သူရဲ့ စကားလုံးလေးတွေ အားလုံးကို ရင်ခွင်ထဲမှာ ထည့်သိမ်းပေးနိုင်သောသူ ဖြစ်ပါလိမ့်မယ်။

၀၈. ကိုယ့်မှာ လိုအပ်နေတဲ့အရာတွေကို လူမသိအောင် ဖန်တီးပေးသူ

ကိုယ်က မထင်ထားသောနေရာမှာ ရုတ်တရက် ဖန်တီးမှုလေးတွေ ပျော်ရွှင်မူလေးတွေကို ပေးဆပ်နိုင်သောသူကို ဆိုလိုပါတယ်။

၀၉. ဘာတွေပဲဖြစ်ဖြစ် အေးအေးဆေးဆေး ဖြေရှင်းနိုင်သူ

ဘဝမှာ ဘာတွေပဲဖြစ်ဖြစ် စိတ်အေးအေးနဲ့ ကိုယ်မိသားစုအတွက် ဆုံးဖြတ်နိုင်သောသူပါ။

၁၀. အဝတ်အစားကအစ သန့်သန့်ရှင်းရှင်းနေတတ်သူ

အဝတ်အစားက ဈေးကြီးဖို့မဆိုလိုပါ။ သန့်သန့်ရှင်းရှင်းနေထိုင်နိုင်သောသူကို ဆိုလိုပါတယ်။

ကိုယ့်ဘဝကိုတောင် စွန့်ပြီး မိန်းကလေးဖြစ်သူအတွက် စဉ်းစားပြီး လုပ်သင့်တာကို လုပ်ပေးတဲ့ ယောင်္ကျားဆိုရင်တော့ ပြောစရာလိုမယ်လို့တောင် မထင်ပါ။

Credit  : Chelmo Team

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top