iMyanmarHouse.com - Best Property Website for Myanmar
×











(၁) ယုံကြည်မူ ရှိရမယ်

အလုပ်အတူ တွဲလုပ်မယ့် သူငယ်ချင်းကို ယုံကြည်မူ မရှိဘူးဆိုရင် အလုပ်အတူ တွဲပြီးမလုပ်ပါနဲ့။ လုပ်ရင်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ လူတစ်ယောက်နဲ့
တစ်ယောက် အတွက် ယုံကြည်မူဆိုတာ အလွန်ပင် လိုအပ်ပါတယ်။

(၂) သူ့ရဲ့အားနည်းချက်ကို နားလည်ပေးရလိမ့်မယ်

အားနည်းချက်ဆိုတာ လူတိုင်း လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒါကြောင့် မိမိနှင့် အလုပ်အတူ တွဲလုပ်မယ့် သူငယ်ချင်းမှာ အားနည်းချက် ရှိတယ်ဆိုရင်
နားလည်ပေးမှာသာ အောင်မြင်ပါလိမ့်မယ်။

(၃) မိမိထူးချွန်သော်လည်း တစ်ပါးသူ့ကို အနိမ်ချပါနဲ့

တစ်ချို့က ငါ တော်တာပဲ၊ ငါတတ်တာပဲဆိုပြီး တစ်ပါးသူကို ဆက်ဆံတဲ့ အခါမှာ တစ်ဖက်စောင်းနင်း ပြောဆို ဆက်ဆံတတ်လေ့ရှိတယ်။ တကယ်တော့
အဲလိုမလုပ်သင့်ပါဘူး။ မိမိတော်သော်လည်း အသာစီးကနေ မဆက်ဆံသင့်ပါ။

(၄) မိမိတာဝန်ယူထားတဲ့ အလုပ်ကို တာဝန်ကျေအောင်လုပ်ပါ

မလုပ်နိုင်တဲ့ အလုပ်ကို တာဝန်မယူပါနဲ့။ လုပ်နိုင်တဲ့ အလုပ်ကိုသာ တာဝန်ယူပါ။ တာဝန်ယူပြီးပြီ ဆိုရင်လည်း တာဝန်ကျေပွန်စွာ အလုပ်လုပ်ပါ။

(၅) ဖေးမကူညီပါ

TeamWork နဲ့ အလုပ်လုပ်တဲ့ အခါမှာ မိမိက တာဝန်ကျေပွန်စွာ လုပ်ကိုင် နိုင်သော်လည်း တစ်ပါးသူ အခက်အခဲတွေကို ဖေးမကူညီ နိုင်ရပါလိမ့်မယ်။
သို့မှသာ လုပ်ငန်းအောင်မြင် ပါလိမ့်မယ်။

(၆) မကဲ့ရဲ့နဲ့ အတင်းအဖျင်း မပြောပါနဲ့

ဒီအချက်ကတော့ Team Work နဲ့ အလုပ်လုပ်သူတိုင်း ကြုံတွေရမယ့် အချက် တစ်ခုပါပဲ။ တစ်ယောက် မကောင်းကြောင်းကို တစ်ယောက် ပြောမယ်။
တစ်ယောက် မရှိရင် တစ်ယောက်ကို ကဲ့ရဲ့တာ ပြစ်တင် ဝေဖန်တာတွေ မလုပ် သင့်ပါဘူး။ စိတ်ဓာတ် ကွဲပြားစေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

Credit : Yo Yar Lay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top