iMyanmarHouse.com - Best Property Website for Myanmar
×











''၂၀၁၅ ခုနှစ် နှစ်သစ်မှာ ကျွန်တော့်ရဲ့ သီချင်းအသစ်တွေ နားဆင် ရတော့မှာပါလို့  ပရိသတ်ကို ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ ခုနှစ်ခွေမြောက် အယ်လ်ဘမ် အသစ်ကိုလည်း အခုကတည်းက လုံးပန်း နေပါပြီ။ အားလုံး ပြီးစီးသွားရင်တော့ အသိပေးတဲ့ အနေနဲ့ မီဒီယာ တွေကို ပြောပါ့မယ်။ အဲဒီ အခါကျရင် ဘယ်သူတွေ ပါမယ်။ ဘယ်သူတွေ တီးခတ်မယ်။ ခေါင်းစဉ်က အစ တရားဝင် အသိပေးပါ့မယ်။ အခု လောလောဆယ်တော့ ကြော်ငြာလောက်တဲ့ အဆင့် မရောက်သေးပါဘူး။

(၅၀)ရာခိုင်နှုန်းပဲ ရှိပါ သေးတယ်။ အခွေတွေ ပြီးသွားရင်တော့ One Man Show တွေ တောက်လျှောက် လာမှာ ပေါ့နော်။ ကျွန်တော့် အနေနဲ့ ရင့်ကျက်သွားတာတွေ အများကြီး ပါပဲ စီးပွားရေးနဲ့ တွဲဖက်ပြီး ဒီဘက်က အနုပညာကို ဘယ်လို လုပ်ရမလဲ ဆိုတာကို နားလည် သွားပါတယ်။ စီးပွားရေး ပညာတွေကိုလည်း နားလည် လာသလို ကိုယ့်ကိုယ်ကိုယ် စီးပွားရေးသမား တစ်ယောက် အနေနဲ့ရော အနုပညာသမား တစ်ယောက် အနေနဲ့ပါ နားလည် လာပါပြီ။

အရင်ကထက် စာရင်တော့ ပိုပြီး လေးနက် လာပါတယ်။ အားလုံးနဲ့ တိုင်ပင်ပြီးတော့ အနုပညာတွေကို ပေးဆပ် သွားမှာပါ။ အခုတော့ လူလေးစားအောင် နေရတယ်။ အဓိကတော့ အသက် နည်းနည်း ပိုကြီး သွားတယ်။ အရာအားလုံးကို လေ့လာ နေဆဲပါ။ ကြိုးစား နေဆဲပါ။ လူကြီး လူကောင်း ပီသအောင်လည်း ကြိုးစား နေဆဲပါ။ အနုပညာ လုပ်ငန်းတွေကိုလည်း ကျွန်တော် ပြန်လုပ်ပါပြီလို့ ပရိသတ်တွေကို အသိပေးပါတယ်''ဟု ရဲလေးက ပြောသည်။

ရဲလေးသည် ၂၀၁၅ ခုနှစ်တွင် ခုနှစ်ခွေ မြောက် အယ်လ်ဘမ် ကို ထုတ်ဝေ သွားမည် ဖြစ်ကြောင်း ပြောသည်။

Credit: messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top