iMyanmarHouse.com - Best Property Website for Myanmar
×














လိမ္မ်ာသီးကို ကမ္ဘာမှာ လူကြိုက်အများဆုံး အသီးထဲက တစ်ခုလို့ သိရပါတယ်။ အဲဒီအပြင် သူ့ရဲ့ကောင်းမွန်တဲ့ အရသာနဲ့ များစွာသော ကျန်းမာရေး အကျိုးပြုမှုတွေကြောင့်လည်း ဖြစ်ပါတယ်။ ဟော့ဒီမှာ… လိမ္မ်ာသီးခွံနဲ့ လုပ်နိုင်တဲ့အရာတွေကိုလည်း ဝေမျှချင်ပါသေးတယ်။

(၁) အသားရေကို ပိုမိုလှပစေပါတယ်။
အသားရေ ဝင်းပချောမွတ်ပြီး လှပစေချင်ရင် လိမ္မ်ာသီးခွံတွေကို အဝတ်ဗီရိုထဲထည့်၊ ရေချိုးနေစဉ် ကိုယ်တိုက်ရေမြုပ်အဖြစ် သုံးပါ။ ဒီနည်းက အရိုးရှင်းဆုံး၊ ကိုယ်ခန္ဓာအရေပြား ဝင်းပစေတဲ့ နည်းပဲဖြစ်ပါတယ်။

(၂) အင်းဆက်ပိုးတွေကို မောင်းထုတ်နိုင်ပါတယ်။
လိမ္မ်ာခွံတွေကို အင်းဆက်ပိုးများ ဝင်လာတယ်လို့ထင်တဲ့ နေရာတွေမှာ ချထားပါ။ ခြင်တွေ၊ ပုရွတ်ဆိတ်တွေနဲ့ ပိုးဖလံတွေက လိမ္မ်ာသီးခွံတွေမှာ ပါဝင်တဲ့ ဒြပ်သတ္တိတချို့ကို မခံနိုင်ကြပါဘူး။

(၃) ဖိနပ်အနံ့ဆိုးများကိုလည်း ဖယ်ရှားနိုင်ပါတယ်။
လိမ္မ်ာသီးခွံကို အဝတ်အိတ်ထဲထည့်ပြီး အိတ်ကို ပိတ်ထားလိုက်ပါ။ နောက်ပြီး အနံ့ဆိုးထွက်နေတဲ့ ရှိုးဖိနပ်ထဲထည့်သုံးနိုင်တယ်။ အနံ့ဆိုးတွေ စုပ်ယူသွားပေးပါမယ်။

(၄) သန့်စင်ပစ္စည်း အဖြစ်သုံးနိုင်ပါတယ်။
ဖန်ခရားတစ်ခုထဲ လိမ္မော်ခွံအကြီးတွေထည့်ပြီး အပေါ်ကနေ ရှာလကာရည် လောင်းချလိုက်ပါ။ အဲဒီခရားကို ရေခဲသေတ္တာထဲ ရက်သတ္တပတ် အနည်းငယ်ထားပြီး ရံဖန်ရံခါ မွှေမွှေပေးပါ။ အဲဒီနောက် ဖျန်းလို့ အဆင်ပြေနိုင်မယ့် ဗူးတစ်ခုခုထဲသို့ ပြောင်းထည့်ပါ။ ပြတင်းမှန်နဲ့ တံခါးတွေ သန့်ရှင်းဖို့ အသုံးပြုနိုင်ပါပြီ။

(၅) ရေတွေကို ကြည်လင်စေပါတယ်။
အထူးသဖြင့် ရေပိုက်ခေါင်းတွေမှာ ဖြစ်လေ့ရှိတဲ့ ဘွတ်ရေတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရင် သန့်စင်ပေးဖို့ လိမ္မော်ခွံရဲ့အတွင်းသားကို အသုံးပြုနိုင်ပါတယ်။

(၆) အိမ်ထဲကို သန့်ရှင်းလန်းဆန်းစေပါတယ်။
လိမ္မ်ာသီးမှာ မွှေးကြိုင်ပြီး စိတ်လန်းဆန်းစေတဲ့ အနံ့အသက်ရှိတယ်။ မီးဖိုနဲ့ လိမ္မ်ာသီးခွံတချို့အခြောက်လန်းပြီး အဝတ်အိတ်ငယ်လေးတွေထဲ ထည့်ထားပါ။ အဲဒီအိတ်လေးတွေကို ရေချိုးခန်း၊ အဝတ်ထားခန်း စတဲ့ နေရာတွေမှာ လိုက်ထားပေးပါ။

(၇) ဖယောင်းတိုင်အဖြစ် ဖန်တီးပါ။
လိမ္မ်ာသီးကို ထက်ဝတ်လောက် အခွံသေသေသပ်သပ်ခွာလိုက်ပါ။ ဆီအနည်းငယ်ထည့်ပြီး ခလယ်မှာ ဖယောင်းတိုင်ကြိုးလိုအဖြူရောင် အမျှင်စလေးကို မီးရှို့ထွန်းညှိလိုက်ရုံပါပဲ။

Credit : Trend

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top