iMyanmarHouse.com - Best Property Website for Myanmar
×

 
 
 
 
 
 
 
 
 
 
 
 
ဝက်ခြံပေါက်သူတချို့၏ မျက်နှာကိုမကြာခဏသစ်သည့် အလေ့အကျင့်သည် မှားယွင်းနေကြောင်း သိရသည်။“ညစ်ပတ်လို့ ဝက်ခြံပေါက်တယ်ထင်ပြီးတော့ မကြာခဏအားတိုင်း မျက်နှာသစ်တဲ့သူတွေ ရှိကြတယ်။ တချို့မျက်နှာအဆီတွေပြန်လို့ဆိုပြီး သစ်ကြတာတွေလဲ ရှိသေးတယ်။ တကယ်တမ်းတော့ ဝက်ခြံ ပေါက်တဲ့သူပဲဖြစ်ဖြစ်မပေါက်တဲ့သူပဲဖြစ်ဖြစ်တစ်နေ့နှစ်ကြိမ်လောက်ပဲသစ်သင့်တယ်။ နှစ်ကြိမ်ထက်
 တော့ ပိုပြီးတော့မသစ်သင့်ဘူး” ဟု အရေပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်က ပြော သည်။
 
မျက်နှာကို မနက်အိပ်ရာထတစ်ကြိမ်နှင့် ညအိပ်ရာဝင် တစ်ကြိမ်သာ သစ်သင့်ပြီး မျက်နှာကိုမကြာ ခဏသစ်ပါက အဆီအိတ်များမှ အဆီပိုများ ထွက်လာတတ်ကာ အဆီပြန်ခြင်းများသာ ဖြစ်ပေါ်စေပြီး ဝက်ခြံကိုပိုဆိုးစေနိုင်ကြောင်း သိရသည်။

ယင်းသို့မျက်နှာကို မကြာခဏသစ်ဖန်များပါက အသုံးပြုသည့် မျက်နှာာသန့်စင်ပစ္စည်းများ၊ ဆပ်ပြာ များကြောင့်မျက်နှာအသား ခြောက်သွေ့သွားခြင်း၊စပ်ခြင်း၊မျက်နှာအသားများ ရောင်ခြင်းစသည်တို့
 ဖြစ်နိုင်သည့်အတွက် မျက်နှာကို မကြာခဏ သစ်တတ်သည့်အကျင့်ကို ဖျောက်သင့်ကြောင်း သိရသည်။
ဝက်ခြံပေါက်တတ်သူ အမျိုးသမီးတစ်ဦးက “မျက်နှာက ဝက်ခြံတွေပေါက်တော့ ခဏခဏသစ်ဖြစ် တယ်။

ဝက်ခြံပေါက်တာက မျက်နှာမသန့်လို့၊ ဖုန်မှုန့်တွေကပ်လို့ ဝက်ခြံပေါက်တယ်လို့ ထင်တယ်။ အဲဒါကြောင့် မျက်နှာကိုဆပ်ပြာနဲ့ ခဏခဏသစ်ဖြစ်တာ” ဟုပြောသည်။
ယင်းအတွက်ကြောင့် ဝက်ခြံရှိသူများသည် ဝက်ခြံကိုနည်းလမ်းမှန်မှန်ဖြင့် ကုသရန်လိုအပ်ပြီး မိမိတို့၏ အမူအကျင့်တချို့နှင့် အယူအဆများကိုပြင်ရန် လိုအပ်ကြောင်း သိရသည်။

Credit : Democracy Today Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top