iMyanmarHouse.com - Best Property Website for Myanmar
×










ေယာက်္ားေလးေတြက သူတုိ႔ေကာင္မေလးေတြဆိုရင္ ၾကည့္ေကာင္းျပီး ဆြဲေဆာင္မႈရိွတဲ့ အမ်ဳိးသမီးကိုသာ လုိခ်င္တတ္ၾကတာပါ။ ဒီေျပာဆိုခ်က္နဲ႔တင္ ေျပာခ်င္တဲ့ အဓိပၸါယ္က သိသာထင္ရွားလို႔ေနပါတယ္။ သူတုိ႔ ေကာင္မေလးေတြက လိုေလေသး မရိွေအာင္ျပီးျပည့္စုံတဲ့ ခႏၶာကုိယ္အခ်ဳိးအစား၊ လွပတဲ့ ေရႊေရာင္ဆံပင္ ဒါမွမဟုတ္ ျပီးျပည့္စုံတဲ့ ရုပ္ရည္ကုိ ပိုင္ဆိုင္ထားရမယ္လို႔ေတာ့ မဆိုလိုပါဘူး။ အမ်ဳိးသမီးေတြက ကုိယ့္ရုပ္ရည္ကိုေသာ္ လည္းေကာင္း၊ စိတ္ပိုင္းဆိုင္ရာကိုေသာ္လည္းေကာင္း သူ႔ကိုယ္သူ ထိန္းသိမ္းတတ္ေၾကာင္း ျပႏုိင္ရမယ္ဆိုတဲ့ သေဘာျဖစ္ပါတယ္။ ေန႔တိုင္းေရခ်ဳိး၊ ေခါင္းျဖီးစတာေတြေပါ့။ ပိုျပီး အေရးၾကီးတာက သူမရဲ႕ အသြင္ျပင္တစ္ခုလုံး အမွန္တကယ္ ဂရုစိုက္ထိန္းသိမ္းထားႏုိင္ျခင္းျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အမ်ဳိးသမီးေတြအေနနဲ႔ သတိထားရမွာက ေယာက်္ားေလးေတြဟာ အရမ္းညာေျပာတတ္တဲ့ အမ်ဳိးသမီးေတြ သို႔မဟုတ္ သူ႔ရုပ္ဆင္းအသြင္သ႑ာန္ကုိ အရမ္းသတိထား လြန္ကဲလြန္းတဲ့ အမ်ဳိးသမီးေတြကို  မလိုခ်င္ၾကဘူး။ ဒါဆိုရင္ သမီးရည္းစားဆက္ဆံေရးတစ္ခုမွာ အမ်ဳိးသားေတြ ဘာကိုလိုခ်င္တာပါလိမ့္။

သူတို႔ အျပည့္အဝ ယုံၾကည္ႏုိင္ေလာက္တဲ့ အမ်ဳိးသမီးေတြကို လိုခ်င္

ဘယ္ေယာက်ၤားမဆို သူ႔တို႔ကို အခြ်န္နဲ႔မမယ့္သူ၊ သို႔မဟုတ္ အရူးျပန္လုပ္မယ့္ အမ်ဳိးသမီးကို မလုိခ်င္ၾကပါဘူး။ သဘာဝအရ အမ်ဳိးသားေတြဟာ တျခားသူမ်ားနဲ႔ ယွဥ္ျပဳိင္လုိစိတ္ ရိွၾကျပီး သူ႔ေနာက္ကြယ္မွာ တစ္ခုခု ပုန္းလ်ဳိးကြယ္ဝွက္ လုပ္လိုက္တဲ့အခါ သင့္ကို ယုံၾကည္လို႔ မရဘူးဆိုတာ သူတုိ႔ကို လကၡဏာအရိပ္အေယာင္ျပလိုက္တာပဲျဖစ္ပါတယ္။

အမ်ဳိးသားမ်ားရဲ႕ သေဘာသဘာဝကို သိျပီး ဘယ္ပုံဘယ္နည္း ခ်စ္ရမွန္းသိတဲ့ အမ်ဳိးသမီးေတြကို လိုခ်င္

ခုေခတ္အမ်ဳိးသမီးအမ်ားစုက သမီးရည္းစားဆက္ဆံေရးတစ္ခုမွာ သူတို႔လုိခ်င္းတာခ်ည္းကိုပဲ အာရုံစိုက္လြန္း တတ္ၾကပါတယ္။ ဒီအခ်က္ေၾကာင့္ ေယာက်္ားေလးေတြရဲ႕ လ်စ္လ်ဴရူမႈခံရၾကပါတယ္။ အမ်ဳိးသားေတြလည္း ကိုယ့္ခ်စ္သူျမတ္ႏုိးတာ ခံခ်င္ၾကတာပါပဲ။ အဲဒီေႏြးေထြးမႈရိွတဲ့ စိတ္ခံစားခ်က္နဲ႔ သူတို႔ခ်စ္သူေတြဆီက လုံုျခဳံစိတ္ခ်ရမႈကို အမွန္တကယ္လိုခ်င္ၾကပါတယ္။

အမ်ဳိးသမီးေတြမွာ စံႏႈန္းထားသတ္မွတ္ခ်က္တခ်ဳိ႕ရိွေနသလိုမ်ဳိးပဲ အမ်ဳိးသားေတြမွာလည္း သူတို႔ခ်စ္ဆီမွ ရယူပိုင္ဆိုင္ခ်င္တဲ့ စံသတ္မွတ္ခ်က္ေလးေတြရိွၾကပါတယ္။ အမ်ဳိးသားေတြအလိုရိွတာက ကိုယ့္ကုိယ္ကို ဂရုစိုက္တတ္တဲ့အမ်ဳိးသမီး၊ အျပည့္အဝယုံၾကည္လို႔ ရႏုိင္တဲ့သူနဲ႔ အမ်ဳိးသားေတြရဲ႕ သေဘာသဘာဝကို သိရိွျပီး ဘယ္ပုံဘယ္နည္းခ်စ္ရမွန္းသိတဲ့ အမ်ဳိးသမီးေတြပဲျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယောကျ်ားလေးတွေက သူတို့ကောင်မလေးတွေဆိုရင် ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးကိုသာ လိုချင်တတ်ကြတာပါ။ ဒီပြောဆိုချက်နဲ့တင် ပြောချင်တဲ့ အဓိပ္ပါယ်က သိသာထင်ရှားလို့နေပါတယ်။ သူတို့ ကောင်မလေးတွေက လိုလေသေး မရှိအောင်ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစား၊ လှပတဲ့ ရွှေရောင်ဆံပင် ဒါမှမဟုတ် ပြီးပြည့်စုံတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားရမယ်လို့တော့ မဆိုလိုပါဘူး။ အမျိုးသမီးတွေက ကိုယ့်ရုပ်ရည်ကိုသော် လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာကိုသော်လည်းကောင်း သူ့ကိုယ်သူ ထိန်းသိမ်းတတ်ကြောင်း ပြနိုင်ရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နေ့တိုင်းရေချိုး၊ ခေါင်းဖြီးစတာတွေပေါ့။ ပိုပြီး အရေးကြီးတာက သူမရဲ့ အသွင်ပြင်တစ်ခုလုံး အမှန်တကယ် ဂရုစိုက်ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသမီးတွေအနေနဲ့ သတိထားရမှာက ယောကျ်ားလေးတွေဟာ အရမ်းညာပြောတတ်တဲ့ အမျိုးသမီးတွေ သို့မဟုတ် သူ့ရုပ်ဆင်းအသွင်သဏ္ဍာန်ကို အရမ်းသတိထား လွန်ကဲလွန်းတဲ့ အမျိုးသမီးတွေကို  မလိုချင်ကြဘူး။ ဒါဆိုရင် သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ အမျိုးသားတွေ ဘာကိုလိုချင်တာပါလိမ့်။


သူတို့ အပြည့်အဝ ယုံကြည်နိုင်လောက်တဲ့ အမျိုးသမီးတွေကို လိုချင်


ဘယ်ယောကျၤားမဆို သူ့တို့ကို အချွန်နဲ့မမယ့်သူ၊ သို့မဟုတ် အရူးပြန်လုပ်မယ့် အမျိုးသမီးကို မလိုချင်ကြပါဘူး။ သဘာဝအရ အမျိုးသားတွေဟာ တခြားသူများနဲ့ ယှဉ်ပြိုင်လိုစိတ် ရှိကြပြီး သူ့နောက်ကွယ်မှာ တစ်ခုခု ပုန်းလျိုးကွယ်ဝှက် လုပ်လိုက်တဲ့အခါ သင့်ကို ယုံကြည်လို့ မရဘူးဆိုတာ သူတို့ကို လက္ခဏာအရိပ်အယောင်ပြလိုက်တာပဲဖြစ်ပါတယ်။


အမျိုးသားများရဲ့ သဘောသဘာဝကို သိပြီး ဘယ်ပုံဘယ်နည်း ချစ်ရမှန်းသိတဲ့ အမျိုးသမီးတွေကို လိုချင်


ခုခေတ်အမျိုးသမီးအများစုက သမီးရည်းစားဆက်ဆံရေးတစ်ခုမှာ သူတို့လိုချင်းတာချည်းကိုပဲ အာရုံစိုက်လွန်း တတ်ကြပါတယ်။ ဒီအချက်ကြောင့် ယောကျ်ားလေးတွေရဲ့ လျစ်လျူရူမှုခံရကြပါတယ်။ အမျိုးသားတွေလည်း ကိုယ့်ချစ်သူမြတ်နိုးတာ ခံချင်ကြတာပါပဲ။ အဲဒီနွေးထွေးမှုရှိတဲ့ စိတ်ခံစားချက်နဲ့ သူတို့ချစ်သူတွေဆီက လုံခြုံစိတ်ချရမှုကို အမှန်တကယ်လိုချင်ကြပါတယ်။


အမျိုးသမီးတွေမှာ စံနှုန်းထားသတ်မှတ်ချက်တချို့ရှိနေသလိုမျိုးပဲ အမျိုးသားတွေမှာလည်း သူတို့ချစ်ဆီမှ ရယူပိုင်ဆိုင်ချင်တဲ့ စံသတ်မှတ်ချက်လေးတွေရှိကြပါတယ်။ အမျိုးသားတွေအလိုရှိတာက ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်တဲ့အမျိုးသမီး၊ အပြည့်အဝယုံကြည်လို့ ရနိုင်တဲ့သူနဲ့ အမျိုးသားတွေရဲ့ သဘောသဘာဝကို သိရှိပြီး ဘယ်ပုံဘယ်နည်းချစ်ရမှန်းသိတဲ့ အမျိုးသမီးတွေပဲဖြစ်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top