iMyanmarHouse.com - Best Property Website for Myanmar
×









စမတ်ဖုန်းများ၊ တဲဘလက်များ၏ ဖန်သားပြင်တွင် ပေါ်နေသော ကီးဘုတ် များဖြင့် စာရိုက်ခြင်းသည် ခန္ဓာကိုယ် အထက်ပိုင်း ကြွက်သား များကို နာကျင် ဒဏ်ဖြစ်စေ နိုင်ကြောင်း သိရသည်။
 ဖန်သားပြင် ကီးဘုတ်များနှင့် တကိုယ်ရေသုံး ကွန်ပျူတာ များရှိ ကီးဘုတ် များကြား ကွဲပြားချက်မှာ တဲဘလက်ရှိ ဖန်သားပြင် ကီးဘုတ် များကို အသုံးပြု သူသည် လက်ချောင်း လေးများကို အနားပေးရန် မဖြစ်နိုင်ဘဲ ၎င်းတို့၏ လက်ချောင်း လေးများ နှင့် လက်ဆစ် တို့သည် ကီးဘုတ်ရှိ စကားလုံးလေး များကို မှားယွင်းပြီး မထိမိစေရန် ဖန်သားပြင် ပေါ်တွင် အမြဲလိုလို ၀ဲပြီး ထားရှိကြ ရသည်။

ယင်းကြောင့် ခန္ဓာကိုယ် အထက်ပိုင်း အထူးသဖြင့် ပုခုံးရှိ ကြွက်သား များသည် တစ်ချိန်လုံး အသင့် အနေအထား ပြင်ဆင် ထားရ သဖြင့် နာကျင်ခြင်းဒဏ်  ခံစားကြရကြောင်း အမေရိကန် ပြည်ထောင်စု မြောက် အီလီနွိုက်စ် တက္ကသိုလ်မှ  သုတေသန ပညာရှင် များက ပြောဆိုခဲ့သည်။ အချိန် ကြာမြင့်စွာ ကြွက်သားများ ဖိစီးခံရ မှုကြောင့် ပုခုံး တစ်ဝိုက်တွင် ကိုက်ခဲ နာကျင်မှု၊ ကြွက်သား ဒဏ်ဖြစ် မှုများ ဖြစ်ပေါ် လာ တတ်ကြောင်း  သုတေသန စာတမ်းကို ဦးဆောင် ရေးသားခဲ့သူ ဂျောင်ဟိုကင်မ်က ပြောဆိုခဲ့သည်။

ဖုန်းဖြင့် စာရိုက်စဉ်တွင် ဦးခေါင်းကို (၆၀) ဒီဂရီ အနေအထားဖြင့် ထားရှိရ သောကြောင့် ကျောရိုးမကြီး အပေါ် ဖိအားပေး သလို ဖြစ်နေခဲ့ကြောင်း ပညာရှင်များက လေ့လာတွေ့ရှိ ခဲ့သည်။ ဗြိတိန်ရှိ အိမ်ထောင်စု များ၏ (၄၄) ရာခိုင်နှုန်းမှာ တဲဘလက် တစ်ခုစီ ပိုင်ဆိုင်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။

အသက် (၅) နှစ်မှ (၁၅) နှစ်ကြား ကလေးငယ်များ၏ သုံးပုံ တစ်ပုံသည် ကိုယ်ပိုင် တဲဘလက် တစ်ခုစီ ပိုင်ဆိုင်ကြောင်း ဆယ်သွယ်ရေး ဆိုင်ရာ စောင့်ကြည့်မှု အဖွဲ့ Ofcom ၏ စာရင်းအင်း များတွင် ဖော်ပြထားသည်။ ထို့ပြင် အသက် (၅၅) နှစ်ကျော် အရွယ် လူကြီး (၁၀) ဦးလျှင် (၃) ဦးမှာ ကိုယ်ပိုင် တဲဘလက် တစ်လုံးစီ ရှိနေပြီး အများစုမှာ တဲဘလက်အား ကွန်ပျူတာ တစ်ခုလို အသုံးပြု နေသည်။

 တွေ့ရှိချက်ကို သိပ္ပံ ပညာ ဂျာနယ် တစ်ခု ဖြစ်သော Applied Ergonomics တွင် ဖော်ပြခဲ့သည်။ တဲဘလက် အသုံး ပြုမှုကို တစ်ရက် (၁) နာရီ လျှော့ချပြီး သာမန် ခလုတ် ကီးဘုတ်များ ကိုသာ တတ်နိုင် သရွေ့ အသုံးပြု သင့်ကြောင်း ၎င်းက အကြံပြု ပြောဆို ခဲ့သည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top