iMyanmarHouse.com - Best Property Website for Myanmar
×











 ဆောင်းဝင် လာတာနဲ့ အသားအရေတွေက ခြောက်သွေ့လာ တတ်ပါတယ်။ အထူး သဖြင့် နှုတ်ခမ်းကွဲတာ၊ အသားပတ် တာ၊ ဖနောင့် ကွဲတာတွေ ခံစားရ တတ်ပါတယ်။အခုတော့ ဖနောင့်ကွဲတဲ့ ပြဿနာကို ဖြေရှင်းဖို့ ရိုးရှင်းတဲ့ အိမ်သုံး ပစ္စည်းတွေနဲ့ ကုသနည်း တွေကို လေ့လာ ကြည့်လိုက် ရအောင်။

၁။ ဆား၊ ရှောက်သီး၊ glycerine အလှဆီ၊ နှင်းဆီရေ။
- ရေနွေး ထည့်ထားတဲ့ ခြေဆေးဇလုံ ထဲမှာ ဆား၊ ရှောက်ရည်၊ အလှဆီနဲ့ နှင်းဆီရေကို ထည့်ကာ ခြေထောက်ကို ၁၅ မိနစ် ကနေ ၂၀ မိနစ်ခန့် အထိ စိမ်ပါ။
-ဂျီးချွတ် ကျောက်တုံးနှင့် ခြေဖနောင့်ကို ပွတ်တိုက်ပါ။
-အလှဆီ လက်ဘက်စားဇွန်း တစ်ဇွန်း၊ နှင်းဆီရေ တစ်ဇွန်း၊ ရှောက်ရည် တစ်ဇွန်း တို့ကို ရောစပ်ပြီး ဖနောင့်ကို သုတ်လိမ်းပြီး ခြေအိတ်ဝတ် အိပ်စက်ပါ။
-မနက်အိပ်ရာ ထရင် ရေနွေးနဲ့ ဆေးပါ။
-ဒီနည်း အတိုင်း ဖနောင့်ကွဲ သက်သာ လာသည် အထိ နေ့တိုင်း လုပ်ဆောင်ပါ။

၂။ ငှက်ပျောသီး။
-ငှက်ပျောသီး မှည့်ကို ချေမွ၍ ဖနောင့်ကွဲ နေသော နေရာများကို လိမ်းပါ။
-၁၀မိနစ်ခန့်ထား ပြီးနောက် ရေဆေးချပါ။

၃။ Vaseline ၊ ရှောက်ရည်
-ဖနောင့် တွေကို သန့်စင် သွားအောင် အရင် ဆေးကြောပါ။ ကြက်သီးနွေး ရေထဲတွင် ၁၅ မိနစ်ကနေ ၂၀ မိနစ်ခန့် အထိ ခြေထောက် တွေကို စိမ်ထားပါ။ ထို့နောက် ရေဆေးကာ ခြောက်အောင် သုတ်ပါ။
-Vaseline တစ်ဇွန်းနှင့် ရှောက်ရည်ကို ရောစပ်ကာ ဖနောင့်ကွဲ နေရာ တွေကို အသားထဲ စိမ့်ဝင်တဲ့ အထိ လိမ်းပါ။
-ညအိပ်ရာ ၀င်ခါနီးတိုင်း လိမ်းပါ။ သိုးမွေးခြေအိတ် ၀တ်အိပ် ပါ။ မနက် အိပ်ရာ ထရင် ရေနဲ့ဆေးပါ။

၎။ ပျားရည်
ပျားရည်ဟာ ခြေထောက်ကို အစိုဓာတ် ထိန်းညှိပေးပြီး ရောဂါပိုး မ၀င်အောင်လည်း ကာကွယ်ပေးပါတယ်။
-ရေနွေးထည့် ထားတဲ့ ခြေဆေးဇလုံ ထဲကို ပျားရည် တစ်ခွက် ထည့်ပါ။
- ခြေထောက်ကို ၁၅-၂၀ မိနစ် စိမ်ပါ။
- ခြေဖနောင့်ကို ပွတ်တိုက် ဂျီးချွတ်ပါ။

၅။ ဆန်မှုန့်
- ဆန်မှုန့် လက်ဘက်ရည်ဇွန်း သုံးဇွန်း၊ ပန်းသီး ရှာလကာရည်နဲ့ ပျားရည် နှစ်ဇွန်း တို့ကို စေးပိုင်လာ အောင် ရောစပ်ပါ။
- အကယ်၍ ဖနောင့်မှာ ဆိုးဆိုးရွားရွား ကွဲအက်နေရင် သံလွင်ဆီ တစ်ဇွန်းပါ ထည့်ပါ။
-ခြေထောက်ကို ရေနွေးထဲတွင် (၁၀) မိနစ်ခန့် စိမ်ပြီးလျှင် ထိုအရောနဲ့ ညင်သာစွာ ပွတ်တိုက် ဂျီးချွတ်ပါ။

၆။ သံလွင်ဆီ။
-သံလွင်ဆီကို ၀ါဂွမ်းဖြင့် ယူပြီး ဖနောင့်ကို (၁၀) မိနစ်ခန့် စက်ဝိုင်း သဏ္ဌာန် ညင်သာစွာ နှိပ်နယ်ပါ။
-ထို့နောက် ချည်ခြေ အိတ်ထူထူ ၀တ်ဆင်ကာ တစ်နာရီ ခန့်ကြာရင် ရေနဲ့ဆေးပါ။
-သံလွင်ဆီ လက်ဘက်ရည်ဇွန်း တစ်ဇွန်း၊ ရှောက်ရည် အနည်းငယ် (သို့) lavender ဆီနဲ့ရေ အနည်းငယ်ကို  ပုလင်းငယ် တစ်ခုထဲတွင် ထည့်ပြီး သေချာစွာ ရောစပ်ပါ။
-အိမ်လုပ် ဖနောင့် လိမ်းခရင်မ်ကို မနက်ရော ညပါ လိမ်းနိုင်ပါသည်။      

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top