iMyanmarHouse.com - Best Property Website for Myanmar
×










ဓလေ့ထုံးစံအရဆိုရင် ယောင်္ကျားလေးကနေ ကိုယ်ချစ်တဲ့မိန်းကလေးကို ရည်းစားစကားပြောပြီး အဖြေတောင်းတယ်ဆိုတာ သဘာဝပါ။ ယခုခေတ်ကတော့ ပြောင်းပြန်ဖြစ်နေပါပြီ။

မိန်းကလေး၎ယောက်မှာ၁ယောက်ကကိုယ့်ဘက်ကအဖြေတောင်းနေကြတယ်လို့ဆိုပါတယ်။

ဒါပင်မဲ့လည်းမိန်းကလေးတွေရဲ့သဘာဝကိုယ့်ချစ်သူဆိုက အဖြေတောင်းတာကို အမြဲတည်းစောင့်နေကြချင်တာပါ။

ယောင်္ကျားလေးတွေဘက်ကလည်း ကိုယ်လိုချင်တဲ့အဖြေကို ရနိုင်မဲ့ အခြေအနေ မရောက်သေးရင် အဖြေကိုမတောင်းရဲ
ဘူးလို့ဆိုပြန်တယ်။

ဒီပြသာနာကို ဖြေရင်းဖို့အတွက် ကြိုတင် ပြင်ဆင်ထားရမဲ့အချက် ၉ ချက် ကို စလိုက်ကြရအောင်နော်။

၁. အပြောအဆို၊ အနေအထိုင်နဲ့ သူ့ကိုရိပ်မိစေပါ။ ဆံပင်ပုံစံကို ကြိုအသိမပေးပဲ ပြောင်းလိုက်ပြီး သူ့ကို အံ့သြစေမယ်။

၂.အမြဲတမ်းပြုံးပြုံးရွှင်ရွှင်နေရင်သူနဲ့နေရတာပျော်လိုက်တာဆိုအသိစိတ်ကလေးတခုဝင်လာပါလိမ့်မယ်။

၃. ကိုယ့်မှာလို့ဝှက်ချက်လေးတွေထားနော်။ ဒါကိုသိချင်တာကြောင့် ကိုယ့်နောက်ကို တကောက်ကောက်လိုက်မှာ။

၎. အဖြေကိုတောင်းချင်တဲ့ကိုကိုတို့ကလည်း အဖြေကိုတောင်းမဲ့နေရာနှင့်အချိန်ကို အမြဲတည်း စဉ်းစားနေတာကြောင့် ဖြစ်နိုင်ရင် ၂ ယောက်တည်းစကားပြောနိုင်တဲ့အချိန်လေးကို ပေးပါ။

၅.သူနဲ့စကားပြောတဲ့အခါသူပြောတဲ့စကားလေးတွေကိုလေးလေးနက်နက်နားထောင်ပေးရင်၊ သူအနေနဲ့လည်း ယုံကြည်မှုရှိလာပြီး ကိုယ်ကြိုက်တဲ့သူကို ပိုပြီးပျော်ရွှင်စေရင်တဲ့ဆန္ဒလေးတွေရှိလာမှာပါ။

၆.အလုပ်၊ ဝါသနာ၊ အချစ်ရေး အပြင် ဥပမာ-လူမှုရေးကိစ္စတွေကိုလည်း ကူညီဆောင်ရွက်နေတယ်ဆိုရင် ကိုကိုတွေက ကိုယ့်ရဲ့ကောင်မလေးက သူမျာဆီပါသွားမယဆိုတာကိုစိုးရိမ်ပါလိမ့်မယ်။

၇.နောင်ရေးကိုဘယ်လိုလုပ်မလဲဆိုတာကိုအတူတူပြောကြည့်ပါ။သူအနေနဲ့ ဒါကတော့ အဖြေတောင်းရင်အဆင်ပြေမယ်လို.ထင်မှာမမှားဘူး။

၈.၂ယောက်တည်းရှိနေတဲ့အချိန်မှာ၂ယောက်ကရည်းစားတွေလိုပဲနော်လို့ မသိမသာလေးပြောကြည့်ပါ။

၉.သူက ဘယ်လိုယောင်္ကျားကို သဘောကျလဲလို့မေးရင် မဖြေရင်လည်းသဘောပေါက်တယ်မဟုတ်လားလို့ ပြောကြည့်ပါ။

Credit  : Chelmo Team

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top