iMyanmarHouse.com - Best Property Website for Myanmar
×













သရုပ်ဆောင်အနုပညာရဲ့ အောင်မြင်ခြင်း၊ ဂီတအနုပညာရဲ့ အောင်မြင်ခြင်းတွေနဲ့ အကယ် ဒ
မီများရှင် ရန်အောင်။ သူရဲ့ဘ၀ဒိုင်ယာရီကို သူကိုယ်တိုင် ဖွင့်လှစ်လိုက်တဲ့အခါ သူက ဘယ်အကြောင်းအရာကနေစပြီး ပရိသတ်ကိုဖွင့်ပြောခဲ့ လဲ… သူပြောတဲ့ သူဒိုင်ယာရီ ပထမဆုံးစာမျက်နှာမှာတော့…“ကျွန်တော့ကို အားလုံးကမေးကြတယ်။ လူပျိုကြီးပဲ လုပ်တော့မှာလား
တဲ့။ အခုချိန်ထိတော့ ကျွန်တော် နှလုံးသားကို လှုပ်နိုးနိုင်မဲ့သူ မရှိသေးဘူး။ အခုချိန်မှာ အိမ်ထောင်ေ
ရးကို စဉ်းစားမယ်ဆိုရင် ဦးနှောက်နဲ့ပဲ ဦးစားပေးရွေးချယ်ဖြစ်မယ်။ ငယ်ငယ်တုန်းကတော့ အသည်းကွဲခဲ့ဖူးတာပေါ့ ဗျာ။ ရည်းစား (၂)ယောက်ထားဖူးတယ်။ တစ်ယောက်က အနုပညာလော
ကထဲက တစ်ယောက်ကအပြင်ကပါ။ အခုချိန်မှာ သူတို့တွေလည်း အိမ်ထာင်ကျကုန်ကြပြီ။ အားလုံးနဲ့လည်း မောင်နှမလို ရင်းရင်းနှီးနှီးအခေါ်အပြော ရှိကြပါတယ်။

အသည်းကွဲတဲ့ အချိန်တွေတုန်းက ၃ရက် လောက် ဘာအလုပ်မှမလုပ်နိုင် ဘာမှမစားနိုင်ပဲ ဖြစ်ခဲ့တယ်။ အသံတစ်ခုကြားတာ နဲ့တင် သူလားဆိုပြီး ရူးမတတ်ပေါ့။ အချိန်က တစ်ဖြည်းဖြည်း ကုစားသွားတယ်ဆို
တာ အရမ်းမှန်တာပဲ။ တစ်နှစ်လောက်လည်းကြာရော အာလုံးရီစရာတွေ လိုပဲ… အားလုံးသိချင်နေကြတဲ့ ကျွန်တော့်ကို အမြဲမေးတဲ့မေး ခွန်းကို ဖြေမယ်နော်.. အခုလောလောဆယ်တော့ ကျွန်တော်ကလူပျိုကြီးပါ။ ကျွန်တော်မှာ အရမ်းချစ်ရတဲ့ မေမေရှိတယ်။ မောင်နှစ်မ မိသားစုတွေရှိပါတယ်လို့။

ရည်စားထားခဲ့တဲ့အချိန်တွေတုန်းကသာရူးရူးမိုက်မိုက်နဲ့အိမ်ထောင်ပြုခဲ့မယ်ဆိုရင်အခုချိန်မှာသားသ
မီးတွေနဲ့ တစ်မျိုးတော့ ပျော်စရာကောင်းမှာပေါ့နော်။ အိမ်ထောင်ရေးဆိုတာကလည်း ကံတရားပဲလေ သာယာတဲ့အိမ်ထောင်ရေးပဲ ဖြစ်မလား ဘယ်လိုဖြစ်ဦးမလဲဆို ဘယ်သူကမှပြောနိုင်မှာလဲ။
ကျွန်တော် အသက်၅၀ ပြည့်တော့မယ်။အခုချိန်ထိအားပေးတဲ့ ပရိသတ်ရှိတယ်။ ဒါဟာ ကျွန်တော်အတွက် ပြည့်စုံခြင်းပါပဲ။ အခုချိန်ထိ အားပေးတဲ့ပရိသတ်ကို ကျွန်တော်တန်ဘိုးထား လေးစားတယ်။ သရုပ်ဆောင် စလုပ်ကတည်းက မခိုမကပ်ပဲနဲ့ အလုပ်ကိုအ
လုပ်နဲ့ တူအောင်လုပ်ခဲ့ တယ်။ အလုပ်ကို ရိုးရိုးသားသားနဲ့ ကြိုးစား တယ်။

ငယ်ငယ်တုန်းက ကျွန်တော်အနုပညာ လောကထဲရောက်လာလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို မထင်ခဲ့ဘူး။ ငယ်ငယ်တုန်းက ကျွန်တော်ဖြစ်ချင်တာ ခွဲစိတ်ဆရာဝန်။ နောက်တစ်ခုက လေယာဉ်မောင်။ မေမေကြောင့် အနုပညာလော ကထဲ ရောက်လာတာ။ မေမေက ရုပ်ရှင်ရိုက်ကွင်းတွေ အမြဲရှိတဲ့ မဟော်ဂနီခြံကို အမြဲသွားပြီး အဲဒီက အန်တီတွေနဲ့ စကားသွားပြောလေရှိ တယ်။ ကျွန်တော်က မေမေ့ကိုလိုက်ပို့
ရတယ်။

တစ်နေ့ဒါရိုက်တာ အောင်မြင့်ထိပ်ရိုက်ကွင်းကို မေမေနဲ့ရောက်သွားရော၊ရိုက်ကွင်းလာကြည့်တဲ့
 ကောင်မလေးတွေက ကျွန်တော့်ကိုမင်းသားထင်ပြီး လက်မှတ်လာထိုးခိုင်းတယ်။ ကျွန်တော်ကမင်း
သား မဟုတ်ဘူး ပြောလည်းမရဘူး။ အဲဒါကို ဒါရိုက်တာ အောင်မြင့်ထိပ်မြင်သွားပြီး ကျွန်တော့်ကိုမင်းသားလုပ်မလားမေးတော့ ကျွန်တော်က လုပ်မယ်ပြောလိုက်တယ်။ ကျွန်တော့်ကို ဆက်သွယ်ရမဲ့ လိပ်စာဖုန်းနံပါတ်တောင်းပြီး တစ်ပတ်လောက်ကြာတော့ ဒါရိုက်တာ မျိုးမြင့်အောင်၊ ဒါရိုက်တာအောင်မြင့်ထိပ်တို့ အိမ်ရောက်လာပြီး ကျွန်တော်ကိုဒါရိုက်တာ မျိုးမြင့်အောင်က သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့အတွက် ပညာတွေသင်ပေးခဲ့တယ်။

ဆရာဆီမှာ (၁) နှစ်လောက် သရုပ်ဆောင်ပညာအပြင် ကွန်ဖူး၊ ဂျွန်းဘား ပညာတွေပါသင်ခဲ့ရတယ်။ ကျွန်တော် သရုပ်ဆောင်ကို ၁၉၈၅၊ အသက်၁၉နှစ်အရွယ်မှာစပြီး လုပ်ခဲ့ပါတယ်။ ပထမဆုံးရိုက်ခဲ့တဲ့ဇာတ်ကားက အချစ်ခြင်းတူရင် မောင် မောင်တို့ အရှုံးပေးလိုက်မယ်ဆိုတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းထဲမှာ ကိုယ့်ရုပ်ကိုပြန်မြင်တော့ အရမ်းရှက်တယ်။ လိုအပ်ချက်တွေ အများကြီးပဲဆိုတာ လည်း သိရတယ်။အဲဒီအချိန်တုန်းကဖလင်နဲ့ဆိုတော့ရုပ်ကိုချက်ခြင်းမမြင်ရဘူး။တစ်နှစ် လောက်ကြာတော့မှ
 မြင်ရတာလေ။နာမည်အရင်းက လှမိုးထွန်း။ အဖိုးအဖွား တွေရဲ့နာမည်ကို စုပြီးပေးထားတာ။

သရုပ်ဆောင်လုပ်မယ်ဆိုတော့ ရန်အောင်ဖြစ်လာခဲ့တယ်။ အဲဒီအချိန်တုန်းက သရုပ်ဆောင်ဖြစ်ဖို့ဆိုတာ အရမ်းကိုခက်ခဲတယ်။ အခုချိန် ကျွန်တော်ဆီကို ရောက်လာတဲ့သူတွေကို မင်းသားဖြစ်ချင် တာလား၊ သရုပ်ဆောင် ဖြစ်ချင်တာလားမေးတယ်။ ရုပ်ရည် အသင့်အတင့်ရှိတဲ့ သူလည်း သူ့ရဲ့ကြိုးစားမှုပေါ်မူတည်ပြီး သရုပ်ဆောင် ဖြစ်နိုင်တာပဲ။ ကျွန်တော် တတ်နိုင်သလောက် အနုပညာ ၀ါသနာပါတဲ့သူတွေကို ကူညီတယ်။ အတွေ့အကြုံရအောင်ရိုက်ကွင်းတွေကို ခေါ်သွားတယ်။

ကြိုးစားရမယ် ကံဉာဏ်စန်းကတော့ သူတို့အပိုင်းလေနောက်ပြီးတစ်ခုပြောချင်တာက အနုပညာရှင်ဆိုတာ အတ္တမထားရဘူး။ ခေတ်အခြေအနေအရ ပြောင်းလဲလာတဲ့အပေါ်မှာ လက်ခံနိုင်အောင်ကြိုးစားရမ
ယ်။ အတ္တမရှိတာဟာ နေရတာ ပိုပြီးအဆင်ပြေတယ်။ အတ္တထားခဲ့မယ်ဆိုရင် ဒီနေရာမှာ ဒီအချိန်ထိရပ်တည်လို့ရမှာ မဟုတ်သလို ပရိသတ်ကလည်း အချိန်အကြာကြီးအထိ လက်ခံမှာမဟုတ်
ဘူး။ သူ့ခေတ်နဲ့သူ တွင်ကျယ်မယ် သူတို့ကိုလည်း ပြိုင်ဖို့မလိုဘူးဆိုတဲ့စာကို ကျွန်တော်လက်ခံတယ်။ ကျွန်တော် ပြိုင်ရမှာက ကိုယ့်ဖာသာကိုယ်ပြိုင်ရမှာ။ ပြီးခဲ့တဲ့နှစ်က ရန်အောင်။ ဒီနှစ်ရန်အောင်၊ နောက်နှ
စ် ရန်အောင်။ ကျွန်တော်ဒါကိုပဲပြိုင်ရမှာ။ ပတ်ဝန်းကျင်ကို လစ်လျူရှုလို့ လည်း မရဘူး။ အမြဲ လေ့လာ
ရမယ်။ ကိုယ်က သရုပ်ဆောင်လို့ ခံယူထားတဲ့အတွက် ဘယ်လိုနေရာကပဲဖြစ်ဖြစ်  ကြိုးစားရမယ်လို့ ကျွန်တော်ပြော ချင်တယ်။

အခုခေတ် ကျွန်တော် လေ့လာမိသလောက် လူတစ်ယောက်က တစ်ခုပြီးတစ်ခု အရမ်းပြောင်းလဲကြတာများတယ်။ ဇာတ်ရုပ်မတူအောင်ဆိုပြီး တစ်ကားနဲ့တစ်ကား မတူအောင်ေ
ပါ့လေ။ ဒါကလည်း လုပ်သင့် ပါတယ်။ ခေတ်အပြောင်းအလဲကိုလက်ခံကြသလို လေ့လာစရာတွေက
လည်း များတာကို။ ကျွန်တော် အနုပညာလောကထဲ ၀င်ခါစတုန်းကဆို ဆရာက ကျွန်တော့်ကို ပုံစံတစ်ခုတည်းမှာပဲ ၅ နှစ်လောက် နေခိုင်းတယ်။ ဆံပင်ပုံစံဆိုလည်း ပုံစံတစ်မျိုးတည်းနဲ့ ၅ နှစ်လောက်နေခိုင်းတယ်။ ပရိသတ်မမှတ်မိမှာ စိုး လို့တဲ့။ အခုခေတ်နဲ့တော့ ကွာသွားပြီပေါ့လေ။
၁၉၈၈ ဇာတ်ကားတွေရိုက်တာနည်းလာတဲ့အချိန်မှာကျွန်တော်ဂီတလောကထဲကိုရောက်ဖို့ ဖြစ်လာ
ခဲ့တယ်။

ဆရာ ရာမက ကျွန်တော်ကိုဆရာသုခမိန်လှိုင် ရေးထားတဲ့သီချင်း ၆ ပုဒ်ဆိုခိုင်းတယ်။ ဂျင်းဘောင် ဘီ။ မှော်ဆရာမလေး ဒီသီချင်းတွေပါတယ်။ သီချင်း ၆ပုဒ်လုံး ပေါက်သွားတယ်။ ကျွန်တော်က ဂီတကို သရုပ်ဆောင်မလုပ်ခင် ၁ နှစ်လောက်စောပြီး အန်တီမာမာအေးဆီမှာ အဆိုသင်တန်းတတ် ဖူးတယ်လေ။

ကျွန်တော်မှာ မောင်နှစ်မ ၅ယောက် ရှိတယ်။ ကျွန်တော်တစ်ယောက်တည်းပဲ အနုပညာကို လုပ်ဖြစ်တယ်။ ကျွန်တော်က အငယ်ဆုံးပေါ့။ အကယ်ဒမီဆုတွေရတဲ့အထိ နေရာတစ်ခုရလာ တာဟာ တစ်ကယ့်ကို ကံကောင်းခြင်းပါပဲ။  အကယ်ဒမီဆုတစ်ဆုရတိုင်း ပိုပြီးထိုက်တန်အောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်မွေးတယ်။ ပိုပိုပြီးတော့လည်းကြိုးစားပါတယ်။ ဒီနေ့ဒီအချိန်ထိ အားပေးတဲ့ပရိသတ်ကြီးကို တန်ဘိုးထားတယ် ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေကို ကြိုးစားသွား ဦးမှာပါလို့ ပြောချင်ပါ
တယ်”သူအကြောင်းနဲ့ပတ်သတ်ပြီး သူပြောတဲ့အထဲမှာ ကျန်နေတာတစ်ခုကို ထည့်ဖြည့်ပြီးမေးခဲ့တယ်။

ကိုရန်အောင်ချစ်သူအတွက် စိန်တွေ စုခဲ့တယ်ဆိုတာ တစ်ကယ်လားဆိုတော့ သူက… “အဲလိုလည်းမဟုတ်ပါဘူး၊ လက်လှမ်းမီရာ ၀ယ် စုရင်းဖြစ်သွားတာပါတဲ့” ရီရီမောမောနဲ့ သူက ပြန်ဖြေပါတယ်။ သူကထပ်ပြောသေးတယ်။ ကျွန်တော်တော်တော်ချစ်ခဲ့တာတဲ့… အရူးအမူး
ပဲချစ်ခဲ့ တာတဲ့… သူအရူးအမူးချစ်ခဲ့တဲ့ ချစ်သူ။ အနုပညာ
လောကထဲက ချစ်သူက ဘယ်သူလဲ… ပရိသတ် တွေ သိချင်နေတယ်ဟုတ်…။

Credit : People Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top