iMyanmarHouse.com - Best Property Website for Myanmar
×

ထိုင်းနိုင်ငံနှင့် ပူးပေါင်း၍ ရုပ်ရှင်ကားတစ်ကားကို ၂၀၁၅ နှစ်ဆန်းတွင်    ရိုက်ကူးသွားရန် အစီအစဉ်ရှိကြောင်း ပြေတီဦးက ပြောသည်။

‘‘လူငယ်တစ်ယောက်ရဲ့ကာ ရိုက်တာပါပဲ။ တစ်စုံတစ်ယောက် ကိုတွေ့ချင်တဲ့အတွက် ရည်ရွယ် ချက်ရှိရှိနဲ့သွားရှာနေရင်းဖြစ်လာ တဲ့ဇာတ်လမ်းလေးပါ’’ဟု ပြေတီ ဦးကပြောသည်။

ယင်းရုပ်ရှင်ဇာတ်ကားတွင် ထိုင်းနိုင်ငံဘက်မှ အနုပညာရှင်အ များစုပါဝင်မည်ဖြစ်၍ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရမည့်ဇာတ်ရုပ်နှင့် ဘာသာစကားကိုလည်း ပြင်ဆင်ရမည်ဟု ပြေတီဦးကပြောသည်။

‘‘ပါမယ့် သရုပ်ဆောင်တွေ ကတော့ ရွေးချယ်ဆဲပါ။ ရိုက်ကူး ရေးကိုတော့ ၂၀၁၅မတ်လပတ် ၀န်းကျင်မှာရိုက်ဖို့တော့ မှန်းထား ပါတယ်’’ဟု ပြေတီဦးကပြော သည်။

ယင်းရုပ်ရှင်ဇာတ်ကားကို ရွှေမင်းသမီးရုပ်ရှင်ထုတ်လုပ်ရေး က ရိုက်ကူးခြင်းဖြစ်ပြီးပရိသတ် များအတွက် အမြင်ဆန်းသစ်မှုရှိ စေရန် ရိုက်ကူးရေးစီစဉ်ခဲ့ခြင်းဖြစ်  သည်ဟု ရွှေမင်းသမီးရုပ်ရှင်ထုတ် လုပ်ရေးမှ ကိုသက်ကပြောသည်။

ယင်းဇာတ်ကား၏ ၉၀ရာခိုင်နှုန်းကို ထိုင်းနိုင်ငံတွင်ရိုက်ကူးမည် ဖြစ်ပြီး ဇာတ်ကားရိုက်ကူးရေး အတွက်  ကုန်ကျစရိတ်ကို  ကန့် သတ်မထားကြောင်း  ၎င်းကဆို သည်။

‘‘ပရိသတ်တွေအတွက် အ သစ်အဆန်းတစ်ခုတော့ဖြစ်လာ မှာပါ။ ဒီလိုဖြစ်လာဖို့အချိန်တွေ၊ ငွေတွေ၊ အခက်အခဲတွေနဲ့ ညှိနှိုင်း တိုင်ပင်မှုတွေအများကြီးလုပ်ခဲ့ရ တာဆိုတော့ ဒီဇာတ်ကားက ကျွန် တော့်ဘ၀အတွက်အမှတ်တရ ဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ် လာမှာပါ’’ဟု ပြေတီဦးကပြော သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top