iMyanmarHouse.com - Best Property Website for Myanmar
×










သင်ဇာဝင့်ကျော်က ဒီဇင်ဘာ ၄ ရက်နေ့မှာကျရောက်မယ့် ၂၇ နှစ်ပြည့် မွေးနေ့အလှူကိုတော့ နာရေးကူညီမှု အသင်း (ရန်ကုန်)မှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မွေးနေ့အလှူနဲ့ပတ်သက်ပြီး သင်ဇာဝင့်ကျော်က “ဒီဇင်ဘာ ၄ ရက်နေ့ သင်ဇာ့ မွေးနေ့မနက်မှာ နာရေးကူညီမှု အသင်း (ရန်ကုန်) မှာ မွေးနေ့အလှူ လုပ်ဖို့စီစဉ်ထားတယ်။ ပြီးတော့ သင်ဇာရိပ်သာ ဝင်နေကျ ဘုန်းကြီး ကျောင်းမှာ ဆွမ်းကပ်မယ်။ သင်ဇာ မနှစ်ကလည်း နာရေး ကူညီမှုအသင်းမှာလှူတယ်။ ကိုယ့်မွေးနေ့ လေးမှာ ကိုယ်တတ်နိုင် တဲ့အားနဲ့ အလှူလေး လုပ်ချင်တယ်။ ပြီးတော့ သင်ဇာက နာရေးကူညီမှုအသင်းမှာလည်း တတ်နိုင်သ လောက်ပရဟိတတွေသွားလုပ်ဖြစ်တယ်။ ဟိုး တလော ကလည်းမဟာပဏီတစေတီတော်မှာ စံပယ်မယ့် ဆင်းတုတော်ပင့်ဆောင်လာတုန်းကလည်း ရန်ကုန် မြို့ထဲမှာ အလှူခံပေးတယ်။ အဲဒီတုန်းကဆိုလည်း ပြည်သူတွေကတော်တော် လှူကြတယ်။ ကိုယ် အလှူခံတဲ့အချိန်မှာ သူတို့ဆီမှာ ပိုက်ဆံ တွေ ပါသေးလားဆိုပြီး ရှာကြတယ်။ အဲဒီလို တွေမြင်တော့ တအားပီတိဖြစ်ရတယ်။ သင်ဇာတတ်နိုင်တဲ့အားနဲ့ ပရဟိတအလုပ် တွေလုပ်သွားမယ်။ သင်ဇာ့မွေးနေ့ကိုလည်း ပရဟိတနဲ့ပဲ ဖြတ်သန်းမယ်”လို့ ပြောပြခဲ့ပါ တယ်။ သင်ဇာဝင့်ကျော်က ၂ဝ၁၅ မှာ ပရိ သတ်အတွက် အနု ပညာအသစ် တွေဖန်တီးရင် ဂီတဘက်ကိုခြေလှမ်းစဖို့ပြင်ဆင် ဖြစ် နေကြောင်းကို လည်း .. 
 
“အတွဲခွေ လေးမှာ သင်ဇာဝင်ဆိုဖို့ လုပ် ထားတယ်။ အဲဒီကရ လာမယ့် Result  ကိုကြည့်ပြီးတော့ ဂီတဘက်မှာ ခြေလှမ်းသစ်စမယ်။ အဲဒီ အတွဲ ခွေနာမည်လေးတော့ မသိသေးဘူး။ အဲဒီအတွဲခွေလေး ထဲမှာဆိုမယ့် သီချင်းက အကြမ်း အသံ သွင်းပြီးသွားပြီ။ တေး ရေးကိုတွတ်ပီရေးထားတဲ့ ကိုရေမွန် ရဲ့သီချင်းလေးကိုကြိုက် လို့ ပြန်ဝယ် ထားတာ။ အဲဒီသီချင်း လေးဆိုမယ်။ သီချင်း အမျိုးအစားက တော့ R&B ပါ။ သင်ဇာရဲ့ ပရိသတ် အတွက် အနုပညာဖန်တီးမှုအသစ်တွေကို ၂ဝ၁၅ မှာချပြမယ်။ ဒီအတွဲ   ခွေလေးကနေပရိသတ်ရဲ့အားပေးမှုResult  ကိုကြည့်ပြီးတော့ ဂီတ ဘက်ကိုပါ လျှောက်လှမ်းမယ်” လို့ ပြောပြခဲ့ပါတယ်။

Credit : popularmyanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top