iMyanmarHouse.com - Best Property Website for Myanmar
×










တစ်ခါကလူတစ်ယောက်ဟာ လမ်းသွားရင်းနဲ့ ဆင်ကြီးတစ်ကောင်ကိုတွေ့တယ်။
တစ်ခုခုထူးဆန်းနေမှန်းသိလိုက်တယ်။ သေချာကြည့်လိုက်တော့ ဆင်အကြီးကြီးရဲ့ ရှေ့ခြေထောက်ကို သာမန်ကြိုးလေးတစ်ချောင်းသာ ချည်နှောင်ထားတာတွေ့ရတယ် ....။
သံကြိုးကြီးမဟုတ်ပါဘူး.... ဆင်ကြီးအနေနဲ့ အသာလေးရုန်းလိုက်တာနဲ့ ကြိုးပြတ်သွားမှာပါ ။ ဒါပေမယ့် သူကမရုန်းဘူး..........သူ့ချည်ထားတဲ့တိုင်နားမှာပဲ နေနေတယ်။

အနားမှာလည်း ဆင်ထိန်းရှိနေတာနဲ့ မေးကြည့်လိုက်တော့ ဆင်ထိန်းက .....
" ဒီလိုဗျ့ သူ့ကိုငယ်ငယ်ကတည်းက အဲဒီလိုချည်ထားတာ.........အဲဒီတုန်းကတော့ သူမရုန်းနိုင်တဲ့ကြိုးနဲ့ပေါ့ဗျာ သူရုန်းပေမယ့် ရုန်းလို့မရဘူးလေ ရုန်းလိုမရမှန်းသိတော့ နောက်မရုန်းတော့ဘူး .....။
ဒီကြိုးကို သူမရုံးနိုင်ဘူးလို့ ခုထိယုံကြည်နေတယ်....... ဒီနေ့အချိန်ထိမရုန်းတော့တာ ခင်ဗျားမြင်တဲ့အတိုင်းပဲ " .... လို့ပြောပြပါတယ် ။
သူတစ်ကြိမ်လောက် ကြိုးစားကြည့်ရုံနဲ့ သူလွတ်မြောက်သွားနိုင်ပါလျှက်နဲ့ သူမလုပ်နိုင်ပါဘူးဆိုတဲ့ ယုံကြည်ချက်ကြောင့် သူ့ခမျာ အမြဲအရိုက်ခံ အခိုင်းခံနေရတာပါလား ။
ဒီဆင်လိုပါပဲ့  ကျမတို့လူအများစုဟာလည်း တစ်ခုခုကို မလုပ်နိုင်ခဲ့ရင် တစ်ခါရှုံးနိမ့်ရုံနဲ့ ငါမတတ်နိုင်ပါဘူးဆိုတဲ့ ယုံကြည်ချက်ကို အသေဆုပ်ကိုင်ထားတတ်ကြတာကလား ။
ရှုံးနိမ့်ခြင်းဆိုတာ ကြိုးစားအားထုတ်မှုရဲ့ အစိတ်အပိုင်းတစ်ခုပဲလေ။
ဒါကြောင့် ဘဝအခက်အခဲတွေကို ရင်ဆိုင်တဲ့အခါ ဘယ်တော့ ဘယ်တော့မှ နောက်မဆုတ်ပါနဲ့ ............. ။
တိုးတတ်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းကြပါစေ

Credit : M Sai Mon Thar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top