iMyanmarHouse.com - Best Property Website for Myanmar
×










အမေရိကန် ရုပ်သံစတား ကင်မ်ကာဒီရှီယန်ဟာ အလှပဆုံး ခန္ဓာကိုယ် ပိုင်ရှင် အဖြစ် သတ်မှတ်ခြင်း ခံထားရ ပါတယ်။ ကင်မ်ကာဒီရှီယန် ဘယ်ကို သွားသွား အ၀ါရောင် ဂျာနယ်လစ်တွေက ဓာတ်ပုံတွေ လိုက်လံ ရိုက်ကူးလေ့ရှိ ပါတယ်။

ကင်မ်ကာဒီရှီယန်ရဲ့ ခန္ဓာကိုယ် အချိုးအစားဟာ အမျိုးသားတွေ အကြိုက် ဖြစ်နေတာမို့ အညှီအဟောက် မဂ္ဂဇင်းတွေနဲ့ စာစောင်တွေမှာ မကြာခဏ ဖော်ပြခြင်း ခံခဲ့ရပါတယ်။ ယခုအခါ ကင်မ်ကာဒီရှီယန်ကို ယှဉ်နိုင်တဲ့ အမျိုးသမီးတစ်ဦး ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီး ကတော့ ရိုမေးနီးယား နိုင်ငံက ပလေးဘွိုင်း မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ အသက် (၂၇)နှစ်သာ ရှိသေးတဲ့ အလက်ဇန်ဒရာဟာရာဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ဦးစား ပေး ဖော်ပြထားတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ ပါတယ်။

 ရိုမေးနီးယား ပလေးဘွိုင်း မဂ္ဂဇင်းမှာ ဟာရာဟာ ခန္ဓာကိုယ်အလှကို အသားပေးတဲ့ ဓာတ်ပုံတွေ ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနောက် ဟာရာဟာ လူမှု ကွန်ရက် ၀က်ဘ်ဆိုက်တွေကနေ တစ်ဆင့် သူ့ရဲ့ဓာတ်ပုံ တွေကို မကြာခဏ လွှင့်တင်လေ့ ရှိပါ တယ်။ အကျိုးဆက် ကတော့ ဟာရာဟာ လူသိများ ထင်ရှား လာခြင်း ဖြစ်ပါတယ်။

ဟာရာဟာ လှပတဲ့ ခန္ဓာကိုယ်ကို ရရှိဖို့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အသက် (၅၉) နှစ်အရွယ်ရှိ မိခင်ဖြစ်သူ ကာမန်းဟာရာကို စီမံ အုပ်ချုပ်မှုတွေ ပြုလုပ်စေခဲ့ ပါတယ်။ ဟာရာက ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ ကာဒီရှီယန် ထက် ပိုမိုလှပတယ်လို့ ရိုမေးနီးယားမှာ ပြောနေကြ ပါတယ်။ လက်ရှိ အချိန်မှာ ကျွန်မအနေနဲ့ ဒါကို သက်သေပြနိုင်ခဲ့ ပါပြီ လို့ ပြောသွား ခဲ့ပါတယ်။

ဟာရာဟာ အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာ ပြောင်းရွှေ့နေထိုင်နေပြီး ကျော်ကြားသူ အဖြစ်သို့ တဖြည်းဖြည်း ရောက်ရှိ လာတာမို့ ပိုင်ဆိုင်မှု တွေလည်း တိုးပွားလာခဲ့ပါတယ်။ ဟာရာရဲ့ မိခင်ဖြစ်သူ ကာမန်းဟာရာက သူ့ရဲ့သမီးဟာ ကင်ကာဒီရှီယန်နဲ့ မတူတဲ့ ပုံစံမျိုးနဲ့ ဖောက်ထွက်မှု ပြုလုပ်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။

Credit : Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top