iMyanmarHouse.com - Best Property Website for Myanmar
×










ဟစ်ဟော့ ဆရာသမားကြီး Dr.Dre ရဲ့ သီချင်းအသစ်တွေထွက်လာတာတော့မကြားမိပါဘူး။ ဒါပေမယ့်လည်း Los Angeles Times သတင်းဋ္ဌာန ရဲ့ ဖော်ပြချက်အရတော့ Dr.Dre ဟာ ၁၀,၀၀၀ စတုရန်းပေ ရှိတဲ့ စတူဒီယို တစ်ခုကို သူ့ရဲ့ ၂၀,၀၀ စတုရန်းပေ ရှိတဲ့ အိမ်ရဲ့ အောက်မှာ တည်ဆောက်နေတယ်လို့ သိရပါတယ်။

 Dr.Dre ဟာ သူ့ရဲ့ Beats တံဆိပ် အီလက်ထရောနစ် ကုမ္မဏီကို Apple ကုမ္မဏီ ထံသို့ ဒေါ်လာ ၃ ဘီလီယံနဲ့ရောင်းချလိုက်ပြီး ရက်အနည်းငယ် အကြာမှာပဲ ကယ်လိုဖိုးနီးယားပြည်နယ် ၊ ဘရန့်ဝုဒ် မြို့မှာရှိတဲ့ လက်ရှိနေအိမ် ကို ဒေါ်လာ သန်း ၄၀ နဲ့ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

 Dr.Dre ဟာ တစ်ကိုယ်တော် အခွေ မထုတ်တော့တာ ဆယ်စုနှစ်တစ်ခု ခန့်ရှိနေပါပြီ။ ဒါပေမယ် အခုအချိန်မှာတော့ လုံလောက်တဲ့ ငွေကြေးအင်အားနဲ့ သူ့ရဲ့ စတူဒီယို သစ်ကြီးကနေ ဆန်းသစ်တဲ့ ဂီတ သံစဉ်တွေ ထွက်ပေါ်လာဖို့တော့ အားလုံးကမျှော်လင့်နေကြပါတယ်။

Credit : Trend

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top