iMyanmarHouse.com - Best Property Website for Myanmar
×










လူတိုင်းဟာ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါ။ ကိုယ်အဆင်မပြေတော့ဘူး၊ အာရုံတွေအရမ်းနောက်နေရပြီဆိုရင် တစ်ဖက်သားအတွက် ထည့်တွေးပေးနိုင်ဖို့ မလွယ်ကူတော့ပါဘူး။ စိတ်ထဲမှာ ခံစားနေရတာက ငါ သူနဲ့ ဘယ်လိုမှ အဆင်မပြေနိုင်တော့ဘူး ဆိုတာမျိုး။ ဒါပေမယ့် တွဲခဲ့တဲ့အချိန်တွေ၊ သူ့ပတ်ဝန်းကျင်၊ ကိုယ့်ပတ်ဝန်းကျင် အားလုံးကိုထည့်တွက်ပြီး ဆက်တွဲနေရပေမယ့် နှစ်ဦးသားရှေ့ဆက်သွားရမယ့် ခရီးလမ်းကေ၀၀ါးနေပြီဆိုတာ ၊ ကိုယ်သူနဲ့ လမ်းခွဲသင့်နေပြီဆိုတာ ဒီအချက်လေးတွေက ဖော်ပြပေးနိုင်ပါတယ်။

၁။သူနဲ့အတူရှိတဲ့အချိန်တွေ ဟိုးအရင်တုန်းကလို မပျော်တော့ဘူး။ စိတ်မလှုပ်ရှားတော့ဘူး။

၂။သင်ရဲ့ ကိုယ်စွမ်းကိုယ်စ၊ ကြိုးစားအားထုတ်မှုတစ်ချို့ကို သူ့ရှေ့ထုတ်ပြတာမျိုး မလုပ်ချင်တော့ဘူး။

၃။အရင်ကလို အလှအပတွေ မပြင်ဖြစ်တော့ဘူး။ ယောင်္ကျားလေးဆိုလည်း နှုတ်ခမ်းမွှေးရိတ်တွေမျိုးတွေ၊ မိန်းကလေးဆိုရင်လည်း မိတ်ကပ်လိမ်းတာမျိုးတွေ မလုပ်ချင်တော့ဘူး။ ဒါဘာ့ကြောင့်လည်း ဆိုရင် ဒါ အတူတူရှိရတာ သက်တောင့်သက်သာရှိသွားလို့ မဟုတ်ပဲ တစ်ဖက်သားကို ဂရုမစိုက်တော့လို့သာ ဖြစ်တယ်။

၎။သူနဲ့ပတ်သက်လာရင် ဆင်ခြေဆင်လက်များစွာနဲ့ စကားပြောဆိုတတ်လာတယ်။

၅။ကိုယ့်ကိုယ်ကို ငါဟာ ငါနဲ့ထိုက်တန်တဲ့အရာနဲ့ လွဲချော်နေရတယ်လို့ချည်း ခံစားနေရတယ်။

၆။အရင်လို သူ့ပါးလေးကိုင်လိုက်၊ သူ့ခါးလေးဖက်လိုက်၊ သူ့လက်ကလေးတွဲလိုက်တောင် မလုပ်ချင်တော့ဘူး။ မလုပ်ဖြစ်တော့ဘူး။

၇။သူနဲ့အနမ်းခြွေဖို့ ရှောင်လွှဲလာတယ်။ အတူနေဖို့ဆိုတာ ဘယ်လိုမှ မတွေးချင်တဲ့အကြောင်းအရာပဲ။

၈။သူ့နဲ့ယှဉ်ရင် တစ်ခြားလူ၊ တစ်ခြားကိစ္စအားလုံးက ပိုအရေးကြီးနေတတ်တယ်။

 ကဲ ဖော်ပြထားတဲ့အချက်တွေနဲ့ သင့်ခံစားချက်တွေ ကိုက်ညီနေတယ်ဆိုရင် သူ့အပေါ်မှာထားတဲ့ စိတ် လုံးလုံးကုန်နေပြီဆိုတာ သေချာသွားပြီမို့ လမ်းခွဲလိုက်တာ နှစ်ဦးစလုံးအတွက် အကောင်းဆုံးလို့ ပြောပါရစေ။

Credit : trend myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top