iMyanmarHouse.com - Best Property Website for Myanmar
×








Junction Centre ၁၅ နှစ်ပြည့် အမှတ်တရ ပြဇာတ်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထားထက်ထက်က ပြဇာတ်ကို အရင်ကတည်းက ၀ါသနာပါတာမို့ တီဗီကနေစောင့်ကြည့်တာတို့၊ လက်မှတ်ဝယ်ပြီး သွားကြည့်တဲ့အထိကို ရှိခဲ့တဲ့အကြောင်း ဖွင့်ဟခဲ့ပါတယ်။

ခုတော့ ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ရပြီဆိုတော့ ကျေနပ်တယ်ဆိုတဲ့ ထားထက်ထက်က သူမရဲ့ ကားရိုက်အကြောင်းကိုတော့ “ခုညီမက ကားရိုက်ဘက်ကို လုပ်နေပါပြီ။ ကိုယ်က အရည်အတွက်ထက် အရည်အသွေးကို  ပိုပြီး တန်ဖိုးထားတယ်။ ဇာတ်ကားတိုင်းကို မရိုက်ဘူး။ ရွေးချယ်ပြီး ရိုက်ပါတယ်။ ကာရိုက်တာကောင်းတဲ့ သရုပ်ဆောင်ကောင်းတဲ့သူ ဖြစ်ချင်တယ်။

အလှအပအနုအရွတွေထက် သဘာဝဆန်တဲ့ကားတွေကို ပိုကြိုက်တယ်။ ပိုသဘောကျတယ်။ ပိုသရုပ်ဆောင်ချင်တယ်။ ပထမဆုံး ရိုက်ထားတဲ့ကားက မြင်းမိုရ်အောက်ကစိန်တဲ့။ ကိုရန်လေးနဲ့မကြီးစိုးရယ်ပေါ့။ နောက်တစ်ကားက ရုပ်ရှင်ကားကြီး အန်ကယ်လေးရယ်၊ ဒါရိုက်တာကိုသားကြီး ကားနာမည်က လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီပါ”လို့ ဆိုပါတယ်။

Credit : Trend

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top