iMyanmarHouse.com - Best Property Website for Myanmar
×














အဆုတ်အအေးပတ်နေလို့ ခရစ်စမတ်နဲ့New Year ကို ကားရိုက်ခဏနားထားတယ်လို့ ဆိုတဲ့ သင်ဇာဝင့်ကျော်ကို ကားပြန်ရိုက်တဲ့အခါ ဘယ်လိုအနုပညာလှုပ်ရှားမှုတွေ ရှိမလဲမေးဖြစ်တော့ “အခု သင်ဇာ ခရစ်စမတ် New Year နားထားတယ်။ ၁ လပိုင်း လဆန်းမှာ အောင်ရဲလင်း ၊ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ဗီဒီယိုပြန်စမယ်။ ပြီးရင် ရုပ်ရှင်ကားကြီး မပြီးသေးတဲ့ကား ဆက်ရိုက်ဖို့ရှိတယ်။ အဲ့ဒါက မုန်းလို့ရရင် တဲ့။ ကိုနေတိုး ၊ ဒါရိုက်တာက ကိုအောင်ဇော်လင်းပါ။ အဲ့ဒါကမပြီးသေးဘူး။ တစ်ဝက်လောက်ကျန်သေးတယ်။ အဲ့ဒါက ပြည်ဖက်မှာလဲ သွားရိုက်မယ်။ ရန်ကုန်ဖက်မှာလဲ ရိုက်ဖို့ရှိသေးတယ်။”လို့ သူမက ပထမဆုံး ပြောပြပါတယ်။

New Year ဘယ်လိုကုန်ဆုံးမယ်ဆိုတာနဲ့ အကယ်ဒမီပေးပွဲအတွက်ကိုတော့ သူမက “သင်ဇာအလုပ် မလုပ်ဖြစ်သေးဘူးဆိုတော့ ရန်ကုန်မှာပဲ ရှိမယ်ထင်ပါတယ်။ နေလဲ သိပ်မကောင်းဘူး။။ အဆုတ်အအေးမိသလိုဖြစ်ပြီး နေမကောင်းချင် သလိုဖြစ်နေလို့အလုပ်တွေ ခဏနားထားပါတယ်။ အကယ်ဒမီအတွက် ၀တ်စုံကတော့ Silk & Style ၊ မိတ်ကပ်က အရှည်ကြီး ၊ လက်ဝတ်လက်စားက စိန်နန်းတော်၊ အရောင်ကတော့ အနီရောင်ပါ။ ၂၀၁၃ အကယ်ဒမီနဲ့ပတ်သတ်ပြီး အသစ် ဖြစ်မယ်လို့တော့ ထင်ပါတယ်။ အန်ကယ်လေးကလဲ သေချာလုပ်ထားတယ် ဆိုတော့လေ။ အားရမှာပါ။ စုန်းပြူးနဲ့ပတ်သတ်ပြီး ကိုယ့်တွက်တော့ မမှန်းထားပါဘူး။ ရရင်တော့ လိုချင်တာပေါ့လေ။ ဒါပေမဲ့ မရရင်လဲ စိတ်ဖြေနိုင်အောင် ကိုယ့်ကိုယ်ကို မရနိုင်ဘူးလို့ပဲသတ်မှတ်ထားတယ်။ မခိုင်လေးတို့၊ မသိင်္ဂထွန်းတို့လဲကြားတယ်။ ကိုနေတိုးလဲ ကြားတယ်။ မအူဝဲ၊ မသက်မွန်တို့လဲ ကြားထားပါတယ်”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top