iMyanmarHouse.com - Best Property Website for Myanmar
×

သမီးမိန္းကေလးေမြးထားတဲ့ မိဘေတြအေနနဲ႕ သမီးေလးရဲ႕ စိတ္ေရာကိုယ္ပါ လံုျခံဳမႈရွိေစဖို႕ သတိျပဳလုပ္ေဆာင္ရမယ့္စည္းကမ္းခ်က္အခ်ိဳ႕ကိုေဖာ္ျပေပးလိုက္ပါတယ္။ ႏိုင္ငံတကာအျမင္နဲ
 ေရးထားတဲ့အခ်က္အလက္ေတြ ျဖစ္လို႕ ျမန္မာ့ယဥ္ေက်းမႈနဲ႕ ကြာဟေနတာမ်ိဳးရွိႏုိင္ေပမဲ့ သတိျပဳစရာ အခ်က္တခ်ိဳ႕ ေတြ႔ျမင္ႏိုင္ဖို႕ ေမွ်ာ္လင့္ျပီး ေဖာ္ျပလိုက္ရျခင္းျဖစ္ပါတယ္။သမီးေလးေတြအတြက္ေရာ သားေလးေတြအတြက္ပါ သတိျပဳဴစရာပါပဲ။

သင္တို႕ရဲ႕ သမီးေလးေတြကိုငယ္ငယ္ေလးကတည္းက ( ၂ႏွစ္အရြယ္ခန္႕) ဒါေတြသင္ေပးရပါမယ္။
(၁)တစ္စိမ္းအမ်ိဳးသားေတြရဲ႕ ေပါင္ေပၚမွာမထိုင္ခိုင္းပါနဲ႕။ ေဆြမ်ိဳးျဖစ္ေနရင္ေတာင္ သိပ္ေဆြမ်ိဳးမနီးစပ္ရင္ ထိုင္ခြင့္မျပဳသင့္ပါ။

(၂) ကေလးငယ္ ၂ ႏွစ္အရြယ္ေလာက္ကတည္းကသူတို႕ေရွ႕မွာ အ၀တ္အစားလဲျခင္း၊ မလံုမျခံဳေနျခင္းကိုေရွာင္ပါ။ အ၀တ္အစားမလံုျခံဳမႈကို က်င့္သားရျခင္းမရွိသင့္ပါ။

(၃) လူၾကီးေတြကမိတ္ေဆြတို႕ရဲ႕ ကေလးေတြကို ဒါက ငါ့ေယာက်္ား၊ ဒါက ငါ့မိန္းမလို႕စေနာက္ျခင္းကိုခြင့္မျပဳပါနဲ႕။

(၄) ကေလးေတြအတူတူကစားေနရင္ မနီးမေ၀းက အကဲခတ္ေပးပါ။ ကေလးေတြက တခ်ိဳ႕လူၾကီးေတြဆီက တတ္လာတဲ့ မဖြယ္မရာအျပဳအမူေတြနဲ႕ ကစားတတ္ၾကလို႕ သတိျပဳေပးသင့္ပါတယ္။

(၅) ကေလးမႏွစ္သက္ မခ်စ္ခင္တဲ့လူၾကီးရဲ႕ အိမ္ကို အတင္းအက်ပ္ မသြားခိုင္းပါနဲ႕။ ဒါ့အျပင္ ကေလးက လူၾကီးတစ္ဦးတစ္ေယာက္ကို အရမ္းခ်စ္ခင္ႏွစ္သက္ေနရင္လည္း သတိထားျပီးၾကည့္သင့္ပါတယ္။

(၆) အျမဲတက္ၾကြေနက်ကေလးက ထူးထူးဆန္းဆန္းျငိမ္သက္ေနရင္ စိတ္ရွည္စြာနဲ႕ ေမးခြန္းေတြအမ်ားၾကီး လွည့္ပတ္ေမးျပီး အေၾကာင္းရင္းကို စံုစမ္းသင့္ပါတယ္။

(၇) အရြယ္ေရာက္လာခါစ သားသမီးေတြကို က်ားမကြဲျပားမႈအေၾကာင္း ပညာေပးဗဟုသုတေတြ ေျပာျပေပးရပါမယ္။ မိဘေတြကမေျပာျပရင္ သူတို႕ဟာ လူ႕အဖြဲ႕အစည္းကေန အမွားအမွန္မခြဲျခားပဲ သင္ယူသြားပါလိမ့္မယ္။

(၈) ကေလးေတြအတြက္ ၀ယ္လာတဲ့ ကာတြန္းကားလိုမ်ိဳး အေခြေတြနဲ႕ စာအုပ္စာေပေတြကို သူတို႕မဖတ္ခင္ မၾကည့္ခင္တည္းက ၾကိဳတင္ၾကည့္ထားရပါမယ္။ မဖြယ္မရာေတြကို ဖယ္ရွားႏိုင္ေအာင္ျဖစ္ပါတယ္။

(၉) မိဘလမ္းညႊန္စာေပေတြကို အင္တာနက္မွာ အျမဲမျပတ္ဖတ္ရွဳျပီး ကေလးငယ္သြားလည္ေနက် သူငယ္ခ်င္းရဲ႕ မိဘေတြကိုလည္း မိတ္ေဆြဖြဲ႔ျပီး ဒါေတြကို ေ၀မွ်ေပးပါ။

(၁၀) သမီးေလးရဲ႕ အတြင္းကိုယ္ခႏၶာအစိတ္အပိုင္းေတြကို မိမိဘာသာ ေဆးေၾကာတတ္ေအာင္ သင္ေပးပါ။ မိခင္အပါအ၀င္ သူမ်ားကိုင္တြယ္ေဆးေၾကာတာကို ခြင့္မျပဳေစပါနဲ႕။( ကေလးကိုခ်မွတ္တဲ့ စည္းကမ္းဟာ အိမ္ကပဲစတင္တာကို အျမဲသတိရပါ)

(၁၁) ကေလးရဲ႕ျဖဴစင္မႈကို အေရာင္စြန္းထင္းမႈတစ္စံုတရာျဖစ္ေစမယ့္ အရာမွန္သမွ်ကို မေတြ႕ၾကံဳေအာင္ထားပါ။ (ဂီတ၊႐ုပ္ရွင္၊ စာအုပ္တို႕အျပင္ မိတ္ေဆြနဲ႕ မိသားစု၀င္တို႕ပါ ပါ၀င္ႏိုင္တတ္ပါတယ္)

(၁၂) အမ်ားနဲ႕အလြန္တရာေရာေႏွာမေနတတ္တာလည္း ေကာင္းတဲ့အက်င့္ တစ္ခုျဖစ္ေၾကာင္း ကေလးေတြကို ေျပာျပထားပါ။

(၁၃) ကေလးက လူတစ္ဦးတစ္ေယာက္အေၾကာင္းကို မၾကာခဏ အျပစ္တင္ေျပာဆိုေနရင္ မသိသလိုမေနပဲ ေသခ်ာေမးျမန္းၾကည့္ပါ။ အေရးတယူေျဖရွင္းေပးျခင္းျဖင့္ သင္ဟာ သူတို႕ကို ကာကြယ္ေပးႏုိင္တဲ့ မိဘျဖစ္ေၾကာင္း သက္ေသျပပါ။

လက္ရွိမိဘျဖစ္ေနသူေတြေရာ မိဘမျဖစ္ေသးသူေတြအေနနဲ႕ပါ ဖတ္႐ွဳထားသင့္ပါတယ္။ သားသမီးရိွတဲ့ တျခားမိတ္ေဆြေတြကိုလည္း မွ်ေ၀ေပးဖို႕မေမ့ပါနဲ႕ေနာ္။

Credit : Win Pa Pa San

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေအနေနဲ့ သမီးလေးရဲ့ စိတ်ရောကိုယ်ပါ လုံခြုံမှုရှိစေဖို့ သတိပြုလုပ်ဆောင်ရမယ့်စည်းကမ်းချက်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။ နိုင်ငံတကာအမြင်နဲ

 ရေးထားတဲ့အချက်အလက်တွေ ဖြစ်လို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကွာဟနေတာမျိုးရှိနိုင်ပေမဲ့ သတိပြုစရာ အချက်တချို့ တွေ့မြင်နိုင်ဖို့ မျှော်လင့်ပြီး ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။သမီးလေးတွေအတွက်ရော သားလေးတွေအတွက်ပါ သတိပြုူစရာပါပဲ။


သင်တို့ရဲ့ သမီးလေးတွေကိုငယ်ငယ်လေးကတည်းက ( ၂နှစ်အရွယ်ခန့်) ဒါတွေသင်ပေးရပါမယ်။

(၁)တစ်စိမ်းအမျိုးသားတွေရဲ့ ပေါင်ပေါ်မှာမထိုင်ခိုင်းပါနဲ့။ ဆွေမျိုးဖြစ်နေရင်တောင် သိပ်ဆွေမျိုးမနီးစပ်ရင် ထိုင်ခွင့်မပြုသင့်ပါ။


(၂) ကလေးငယ် ၂ နှစ်အရွယ်လောက်ကတည်းကသူတို့ရှေ့မှာ အဝတ်အစားလဲခြင်း၊ မလုံမခြုံနေခြင်းကိုရှောင်ပါ။ အဝတ်အစားမလုံခြုံမှုကို ကျင့်သားရခြင်းမရှိသင့်ပါ။


(၃) လူကြီးတွေကမိတ်ဆွေတို့ရဲ့ ကလေးတွေကို ဒါက ငါ့ယောကျ်ား၊ ဒါက ငါ့မိန်းမလို့စနောက်ခြင်းကိုခွင့်မပြုပါနဲ့။


(၄) ကလေးတွေအတူတူကစားနေရင် မနီးမဝေးက အကဲခတ်ပေးပါ။ ကလေးတွေက တချို့လူကြီးတွေဆီက တတ်လာတဲ့ မဖွယ်မရာအပြုအမူတွေနဲ့ ကစားတတ်ကြလို့ သတိပြုပေးသင့်ပါတယ်။


(၅) ကလေးမနှစ်သက် မချစ်ခင်တဲ့လူကြီးရဲ့ အိမ်ကို အတင်းအကျပ် မသွားခိုင်းပါနဲ့။ ဒါ့အပြင် ကလေးက လူကြီးတစ်ဦးတစ်ယောက်ကို အရမ်းချစ်ခင်နှစ်သက်နေရင်လည်း သတိထားပြီးကြည့်သင့်ပါတယ်။


(၆) အမြဲတက်ကြွနေကျကလေးက ထူးထူးဆန်းဆန်းငြိမ်သက်နေရင် စိတ်ရှည်စွာနဲ့ မေးခွန်းတွေအများကြီး လှည့်ပတ်မေးပြီး အကြောင်းရင်းကို စုံစမ်းသင့်ပါတယ်။


(၇) အရွယ်ရောက်လာခါစ သားသမီးတွေကို ကျားမကွဲပြားမှုအကြောင်း ပညာပေးဗဟုသုတတွေ ပြောပြပေးရပါမယ်။ မိဘတွေကမပြောပြရင် သူတို့ဟာ လူ့အဖွဲ့အစည်းကနေ အမှားအမှန်မခွဲခြားပဲ သင်ယူသွားပါလိမ့်မယ်။


(၈) ကလေးတွေအတွက် ဝယ်လာတဲ့ ကာတွန်းကားလိုမျိုး အခွေတွေနဲ့ စာအုပ်စာပေတွေကို သူတို့မဖတ်ခင် မကြည့်ခင်တည်းက ကြိုတင်ကြည့်ထားရပါမယ်။ မဖွယ်မရာတွေကို ဖယ်ရှားနိုင်အောင်ဖြစ်ပါတယ်။


(၉) မိဘလမ်းညွှန်စာပေတွေကို အင်တာနက်မှာ အမြဲမပြတ်ဖတ်ရှုပြီး ကလေးငယ်သွားလည်နေကျ သူငယ်ချင်းရဲ့ မိဘတွေကိုလည်း မိတ်ဆွေဖွဲ့ပြီး ဒါတွေကို ဝေမျှပေးပါ။


(၁၀) သမီးလေးရဲ့ အတွင်းကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မိမိဘာသာ ဆေးကြောတတ်အောင် သင်ပေးပါ။ မိခင်အပါအဝင် သူများကိုင်တွယ်ဆေးကြောတာကို ခွင့်မပြုစေပါနဲ့။( ကလေးကိုချမှတ်တဲ့ စည်းကမ်းဟာ အိမ်ကပဲစတင်တာကို အမြဲသတိရပါ)


(၁၁) ကလေးရဲ့ဖြူစင်မှုကို အရောင်စွန်းထင်းမှုတစ်စုံတရာဖြစ်စေမယ့် အရာမှန်သမျှကို မတွေ့ကြုံအောင်ထားပါ။ (ဂီတ၊ရုပ်ရှင်၊ စာအုပ်တို့အပြင် မိတ်ဆွေနဲ့ မိသားစုဝင်တို့ပါ ပါဝင်နိုင်တတ်ပါတယ်)


(၁၂) အများနဲ့အလွန်တရာရောနှောမနေတတ်တာလည်း ကောင်းတဲ့အကျင့် တစ်ခုဖြစ်ကြောင်း ကလေးတွေကို ပြောပြထားပါ။


(၁၃) ကလေးက လူတစ်ဦးတစ်ယောက်အကြောင်းကို မကြာခဏ အပြစ်တင်ပြောဆိုနေရင် မသိသလိုမနေပဲ သေချာမေးမြန်းကြည့်ပါ။ အရေးတယူဖြေရှင်းပေးခြင်းဖြင့် သင်ဟာ သူတို့ကို ကာကွယ်ပေးနိုင်တဲ့ မိဘဖြစ်ကြောင်း သက်သေပြပါ။


လက်ရှိမိဘဖြစ်နေသူတွေရော မိဘမဖြစ်သေးသူတွေအနေနဲ့ပါ ဖတ်ရှုထားသင့်ပါတယ်။ သားသမီးရှိတဲ့ တခြားမိတ်ဆွေတွေကိုလည်း မျှဝေပေးဖို့မမေ့ပါနဲ့နော်။


Credit : Win Pa Pa San


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top