iMyanmarHouse.com - Best Property Website for Myanmar
×














ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး အန်ဂျလီ နာဂျိုလီက ၎င်းတွင် ရေကျောက် များ ပေါက်နေကြောင်းနှင့် Un-broken ရုပ်ရှင်ဇာတ်ကားနှင့် ဆိုင်သော ပွဲများသို့ တက်ရောက် နိုင်လိမ့်မည်မဟုတ်ကြောင်း ဒီဇင် ဘာ ၁၂ ရက်တွင် ပြောသည်။

‘‘လာမယ့် ရက်ပိုင်းအတွင်း မှာပြုလုပ်မယ့် Unbroken ရုပ်ရှင် ဇာတ်ကားနဲ့ဆိုင်တဲ့ ပွဲတွေကို မတက်ရောက်ဖြစ်တော့တဲ့ အ ကြောင်းရင်းကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်မ ရေကျောက်တွေ ပေါက်နေတာ ကို မနေ့ညက သတိထားမိလို့ပါ ပဲ။ ဒါကြောင့် ကျွန်မ အိမ်မှာပဲနေ ပြီးတော့ ရွစိရွစိနဲ့ လွမ်းနေရတော့ မှာပါ။ ဒီလိုဖြစ်တာကို မယုံနိုင် ဘူး။ ဒီဇာတ်ကားဟာ ကျွန်မအ တွက် အဓိပ္ပာယ်အများကြီးရှိ တယ်။ မယုံနိုင်သေးဘူး။ ဒါပေမဲ့ ဘ၀က ဒီလိုပါပဲ’’ ဟု ဂျိုလီက ယူ ကျု့ဘ်ဗီဒီယို၌ ပြောကြားခဲ့သည်။

ဂျိုလီသည် ၃၉ စက္ကန့်အ ကြာ၌ လက်ပြနုတ်ဆက်ပြီး ဗီဒီ ယိုအမှာစကားကို အဆုံးသတ်ခဲ့ သည်။

Unbroken ရုပ်ရှင်ဇာတ် ကားမှာ အမေရိကန်အိုလံပစ် အားကစားသမား လူးဝစ်ဇမ်ပါရီနီ ၏ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် စစ်သုံ့ပန်းဘ၀ အခြေအနေကို အန်ဂျလီနာဂျိုလီက စီစဉ်ရိုက်ကူး ထုတ်လုပ်ထားခြင်းဖြစ်သည်။

ယင်းဇာတ်ကားကို ဒီဇင်ဘာ ၁၅ ရက်တွင် ရုပ်ရှင်ရုံများ၌ ပြသ မည်ဖြစ်သည်။
သို့ရာတွင် ယင်းဇာတ်ကား ဒါရိုက်တာနှင့် စီစဉ်ထုတ်လုပ်သူ ဖြစ်သော ဂျိုလီမှာ ရေကျောက် များ ပေါက်နေ၍ ဇာတ်ကားဆိုင် ရာပွဲများသို့ တက်ရောက်နိုင်လိမ့် မည် မဟုတ်ပေ။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top