iMyanmarHouse.com - Best Property Website for Myanmar
×










သူက ကိုယ့်အတွက် ဘဝတစ်လျှောက်လုံးအတွက် လက်တွဲဖော်ဖြစ်နိုင်သလား။

ဒီအချက်လေးကို သိဖို့ရန်အတွက် မေးခွန်းလေး ၁၅ ချက်ကို ဖြေကြည့်လိုက်ပါ။

မေးခွန်း ၁၅ ချက်ထဲမှာ ၃ ချက်အထက် မှန်ရင်တော့ သူကလ္ပွဲ၍ အခြားမရှိတော့ပါ။

၀၁. မမျှော်လင့်ပဲ တွေ့ခဲ့ကြလား။

ဘဝမှာ တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့ ဆိုတာ တော်တော်ကို ခက်ခဲပါတယ်။
ဒီလိုအခက်အခဲ အခြေအနေတွေကြားထဲမှာ သူနဲ့တွေ့လိုက်တယ်ဆိုတာ ဖူးစာလို့ထင်ပါတယ်။

၀၂. သူနဲ့အတူရှိနေရင် ပျော်တယ်။

ကိုယ့်အတွက် သူက ထူးထူးထွေထွေ အသစ်အဆန်းတွေကို လုပ်ပေးနေတာလဲမဟုတ်ပင်မဲ့ သူနဲ့အတူတူနေရင်ကို ပျော်တယ်။

၀၃. ကိုယ်ရဲ့ခံစားချက်တွေကို လက်ခံပေးတယ်။

ကိုယ်က ပျော်ရွှင်နေရင်၊ ဝမ်းနည်းနေရင်၊ စိတ်ညစ်နေရင်၊ အချိန်တိုင်းမှာ သူရှိပြီး ကိုယ့်ကို နှစ်သိမ့်ပေးနေသလား။

၀၄. ဘယ်လိုမှကို မုန်းလို့မရပါ။

ဘယ်လောက်ပဲ ရန်တွေဖြစ်ဖြစ် ဘယ်လိုမှသူ့ကို မုန်းလို့မရပါ။

၀၅. ဘယ်သူ့ကိုမှ စိတ်မဝင်စားတော့ပါ။

သူနဲ့ကြိုက်ပြီးတော့မှ ဘယ်မိန်းကလေး၊ ဘယ်ယောင်္ကျားလေးကိုမှ စိတ်မဝင်စားတော့ပါ။

၀၆. ဘဝရဲ့အနာဂတ်အတွက် အတူတူလက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားတယ်။

ဘဝရဲ့အနာဂတ်အတွက် အတူတူလက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားပြီး သူက ကိုယ့်ရဲ့အနားမှာ အမြဲတမ်းရှိနေတယ်။

၀၇. အပြန်အလှန် လေးစားမူတွေရှိတယ်။

အချစ်တခုထဲမဟုတ်ပဲ အပြန်အလှန် လေးစားမှုတွေ ၂ ယောက်ကြားမှာ ရှိနေပါပြီ။

၀၈. ဘဝရည်မှန်းချက် ပန်းတိုင်တွေကိုလည်း ဆုံးဖြတ်ထားပြီ။

နှစ်ယောက်စလုံးအတွက် ဘဝ ရည်မှန်းချက် ပန်းတိုင်ဆီသို့တက်လှမ်းနိုင်ဖို့ အတူတူကြိုးစားသွားမယ်ဆိုတဲ့ အရေးကြီးသော သဘောတူညီချက်လေးတွေ ရှိနေပြီ။

၀၉. သူရဲ့အားနည်းချက်တွေလည်း မပြစ်မမြင်ပါ။

လူဆိုတာ အားလုံးပြီးပြည့်စုံနေတာ မဟုတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမှသွားမှသာလျှင် အောင်မြင်မယ်ဆိုတာကို သိထားတယ်။

၁၀. စကားတွေကလည်း တူနေတယ်။

ချစ်သူနဲ့ဆိုရင် ပြောနေတဲ့စကားလုံးလေးတွေတောင် တူနေတဲ့အခါ ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ မမှားဘူးလို့ထင်ပါတယ်။

၁၁. နှစ်ဖက် မိသားစုတွေလည်း အဆင်ပြေတယ်။

နှစ်ယောက်တည်း ချစ်ကြိုက်နေလို့လည်း မပြီးပါ။ နှစ်ဖက် မိဘ၊ မိသားစုဝင်တွေကလည်း ရင်းနှီးပြီး ချစ်ခင်ကြရင်တော့ OK ပါပြီ။

၁၂. ရန်ဖြစ်ပြီးရင်လည်း ခဏလေးနဲ့ပြန်တည့်ပါတယ်။

ရန်တွေဖြစ်သလောက် ပြန်တည့်ဖို့လည်း မခက်ပါဘူးဆိုရင်တော့ သူဟာ မရှိမဖြစ်လိုအပ်နေပါပြီ။

၁၃. ပြောဖို့ခက်တဲ့ကိစ္စတွေကိုလည်း ပြောနိုင်တယ်။

သူ့စိတ်ထိခိုက်သွားမှာ ကြောက်လို့ဆိုပြီး မပြောပဲနေမယ်ဆိုတာ မဟုတ်ပဲ၊ သူ့အတွက် ပြောကိုပြောရမယ်ဆိုတာကို စိတ်ထဲမှာ ဆုံးဖြတ်ထားတယ်။

၁၄. အမြဲတမ်း ပြုံးပျော်နေတယ်။

အခုတလော အမြဲတမ်း ပြုံးပျော်နေရင်တော့ သူကအနားမှာရှိလို့ဖြစ်ပါလိမ့်မယ်။

၁၅. သူကို အမြဲတမ်းကျေးဇူးတင်တယ်။

သူရှိလို့သာ အားလုံးက အဆင်ပြေ အောင်မြင်တယ်ဆိုတာ သူ့ကိုလည်း အသိပေးထားပြီး ကျေးဇူးတင်တဲ့အကြောင်းကိုလည်း ပြောနိုင်တယ်။
ဒါဆိုရင်တော့ မကြာခင်အချိန်လေးမှာ အတူတူနေဖို့ အချိန်ကျရောက်လာတော့မှာပါ။

Credit: Chelmo Team

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top