iMyanmarHouse.com - Best Property Website for Myanmar
×














၁။ မိမိႏွင့္ သင့္ေလ်ာ္ေသာေနရာတြင္ေနရာ၏။
၂။ လူၾကီးမ်ား၊ ဧည့္သည္မ်ားထံသုိ႕ မေခၚဘဲမသြားရာ။
၃။ ရႊင္ပ်ေသာမ်က္ႏွာထားအမူအရာရွိရာ၏။
၄။ က်ယ္ေလာင္စြာ စကားမေျပာရ။ ဆူညံျခင္းမရွိေစရ။
၅။ လူငယ္အခ်င္းခ်င္း သင့္တင့္စြာေနရာ၏။
၆။ လူၾကီးမ်ား၏အလုပ္ကို တတ္ႏိုင္သမွ် ကူညီရာ၏။
၇။ အိပ္ရာကို သန္႕ရွင္းေစရာ၏။ မၾကာမၾကာေနလွန္းရာ၏။
အိပ္ရာမွထလွ်င္ ျခင္ေထာင္ကို တင္၍ ေစာင္၊ ေခါင္းအုံးတို႕
ကို ေနရာတက်ရွိေစရာ၏။
၈။ အိပ္ခန္းမွ မထြက္မီ ေနရာတက် ရွိမရွိ ၾကည့္ရွဳစီစဥ္ရာ၏။
၉။ သူမ်ားမႏုိးမီ သင္ႏုိးလွ်င္၊ အသံက်ယ္ေလာင္စြာ မျပဳႏွင့္၊အိပ္ေနေသာ
သူမ်ားမႏိုးေအာင္ သတိျပဳရာ၏။
၁၀။ ေခါင္းအုံးသည္ မျမင့္လြန္းေစရာ၊ ျမင့္လြန္းက အသက္ရွဴမမွန္ျဖစ္တတ္သည္။
၁၁။ တစ္စုံတစ္ရာကို လူၾကီးမ်ားကေပးလွ်င္ လက္ႏွစ္ဘက္ျဖင့္ ခံယူရာ၏။
မိမိကေပးလွ်င္လည္း လက္ႏွစ္ဘက္ျဖင့္ ေပးရာ၏။
၁၂။ တံခါးရွိေသာ ျခံဝင္းအတြင္းသို႕ျဖစ္ေစ၊ အခန္းအတြင္းသို႕ျဖစ္ေစ၊ ဝင္သည့္ထြက္သည့္ အခါတိုင္း တံခါးကို ပိတ္ရာ၏။ ဤသို႕ပိတ္သည့္အခါ အသံမျမည္ေအာင္ျဖည္းညင္းစြာပိတ္ရာ၏။
၁၃။ အိမ္ကိုဝင္ေသာအခါ ဖိနပ္တြင္ပါေသာ ဖုန္၊ အညစ္အေၾကးတို႕ကို သင့္ေလ်ာ္ရာတြင္ သုတ္ခါ၍ပစ္ခဲ႕ပါ။ ဖိနပ္ကိုခၽြတ္သင့္ေသာေနရာတြင္ ခၽြတ္၍ထားရာ၏။
၁၄။ မိမိအိမ္သို႕ေရာက္လွ်င္ စုိေသာဖိနပ္၊ ေျခအိတ္စသည္တုိ႕ကို ခ်က္ခ်င္းခၽြတ္၍ ထားရာ၏။ သို႕မဟုတ္ လဲလွယ္ရာ၏။
၁၅။ အစာစားေသာအခါ အခ်ိန္မွန္စြာစားရာ၏။ ျဖည္းျဖည္းစား၍ ညက္ညက္ဝါးရာ၏။
၁၆။ အလ်င္စလုိ မစားရာ။
၁၇။ ထမင္းလုတ္မၾကီးေစရ၊ ထမင္းလုတ္ႏွင့္ စကားမေျပာရ။
၁၈။ ထမင္းလုတ္အနီးသို႕ မေရာက္မီ ပါးစပ္ကိုဟ၍ မထားပါႏွင့္ ပ်တ္ပ်တ္မည္ေအာင္ မစားပါႏွင့္။
၁၉။ ဟင္းရည္ေသာက္လွ်င္မျမည္ေစရ၊ ဇြန္းႏွင့္ သြားကို မထိေစရ။
၂၀။ ဟင္းခပ္ေသာအခါ ဇြန္းကို ဘယ္ဘက္လက္ျဖင့္ကိုင္ျခင္းသည္ နည္းေကာင္းျဖစ္၏။
၂၁။ ထမင္းႏွင့္ဟင္းကို လူျမင္မေကာင္းေအာင္ ေရာ၍မနယ္ႏွင့္။
၂၂။ လက္ကိုဟင္းရည္မေပေစရ၊ ထမင္းလံးမကပ္ေစရ၊ ဟင္းခြက္ကို လက္ႏွင့္ မႏွဳိက္ႏွင့္။
၂၃။ ထမင္းစားျပီးလွ်င္ သြားကို မစုပ္ႏွင့္၊ ရြံရွာဖြယ္ျဖစ္၏။ သြားၾကားထိုးစရာရွိလွ်င္ သူတစ္ပါးမျမင္ရာသုိ႕ သြားပါေလ။
၂၄။ ထမင္းစားပြဲေပၚတြင္ လက္မတင္ရ။
၂၅။ တည့္တည့္ထိုင္၍ စားရာ၏။
၂၆။ တစ္စုံတစ္ရာကို အလိုရွိလွ်င္ အနီးဆုံးလူကုိ တုိးတုိး ေတာင္းရာ၏။
၂၇။ သူတစ္ပါးထမင္းစားေနစဥ္ တံေတြးေထြးျခင္း၊ ခၽြဲသလိပ္ဟက္ျခင္းတုိ႕ မျပဳအပ္။
၂၈။ ထမင္းစားပြဲေပၚရွိ အရာမ်ားကို ဟုိေရႊ႕သည္ေရႊ႕ မလုပ္ရ။ (ဣေျႏၵမရေသာ အျပဳအမူျဖစ္သည္)။
၂၉။ လူၾကီးမိဘမ်ားဧည့္သည္မ်ားသည္၊ ဘာကို အလုိရွိသနည္းဟု သတိႏွင့္ ၾကည့္ရာ၏။ သိလွ်င္အသံမၾကားေစရဘဲ ျဖည္းညင္းစြာ ျပဳလုပ္ေပးရာ၏။
၃၀။ လက္ဖက္ရည္ေကာ္ဖီေသာက္ေသာအခါ ေအာက္ခံပန္းကန္ျပားထဲတြင္ ထည့္၍ ေသာက္ျခင္းသည္ မယဥ္ေက်းဟုယူဆၾက၏။ ၄င္းပန္းကန္ျပားသည္ ဖိတ္၍ အက်န္ရန္၊ မေပရန္ ေအာက္ကခံေသာ အရာျဖစ္၏။
၃၁။ ဖဲ့၍စားႏိုင္ေသာ အရာကို ဖဲ့၍စားပါ။ ကိုက္၍မစားပါႏွင့္။
၃၂။ ထမင္းစားစဥ္ စကားမ်ားမ်ားမေျပာရ။ ရႊင္ပ်ေသာ မ်က္ႏွာ ထားရာ၏။ ႏွစ္သက္ဖြယ္ေသာစကားကိုသာေျပာရာ၏။

Credit : လူဗိုလ္ဟူသည္

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...

Unicode Version














၁။ မိမိနှင့် သင့်လျော်သောနေရာတွင်နေရာ၏။

၂။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲမသွားရာ။

၃။ ရွှင်ပျသောမျက်နှာထားအမူအရာရှိရာ၏။

၄။ ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်းမရှိစေရ။

၅။ လူငယ်အချင်းချင်း သင့်တင့်စွာနေရာ၏။

၆။ လူကြီးများ၏အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။

၇။ အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာနေလှန်းရာ၏။

အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ စောင်၊ ခေါင်းအုံးတို့

ကို နေရာတကျရှိစေရာ၏။

၈။ အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။

၉။ သူများမနိုးမီ သင်နိုးလျှင်၊ အသံကျယ်လောင်စွာ မပြုနှင့်၊အိပ်နေသော

သူများမနိုးအောင် သတိပြုရာ၏။

၁၀။ ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှူမမှန်ဖြစ်တတ်သည်။

၁၁။ တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဘက်ဖြင့် ခံယူရာ၏။

မိမိကပေးလျှင်လည်း လက်နှစ်ဘက်ဖြင့် ပေးရာ၏။

၁၂။ တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ဖြစ်စေ၊ ဝင်သည့်ထွက်သည့် အခါတိုင်း တံခါးကို ပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင်ဖြည်းညင်းစွာပိတ်ရာ၏။

၁၃။ အိမ်ကိုဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ပစ်ခဲ့ပါ။ ဖိနပ်ကိုချွတ်သင့်သောနေရာတွင် ချွတ်၍ထားရာ၏။

၁၄။ မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။

၁၅။ အစာစားသောအခါ အချိန်မှန်စွာစားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။

၁၆။ အလျင်စလို မစားရာ။

၁၇။ ထမင်းလုတ်မကြီးစေရ၊ ထမင်းလုတ်နှင့် စကားမပြောရ။

၁၈။ ထမင်းလုတ်အနီးသို့ မရောက်မီ ပါးစပ်ကိုဟ၍ မထားပါနှင့် ပျတ်ပျတ်မည်အောင် မစားပါနှင့်။

၁၉။ ဟင်းရည်သောက်လျှင်မမြည်စေရ၊ ဇွန်းနှင့် သွားကို မထိစေရ။

၂၀။ ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။

၂၁။ ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။

၂၂။ လက်ကိုဟင်းရည်မပေစေရ၊ ထမင်းလံးမကပ်စေရ၊ ဟင်းခွက်ကို လက်နှင့် မနှိုက်နှင့်။

၂၃။ ထမင်းစားပြီးလျှင် သွားကို မစုပ်နှင့်၊ ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။

၂၄။ ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။

၂၅။ တည့်တည့်ထိုင်၍ စားရာ၏။

၂၆။ တစ်စုံတစ်ရာကို အလိုရှိလျှင် အနီးဆုံးလူကို တိုးတိုး တောင်းရာ၏။

၂၇။ သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟက်ခြင်းတို့ မပြုအပ်။

၂၈။ ထမင်းစားပွဲပေါ်ရှိ အရာများကို ဟိုရွှေ့သည်ရွှေ့ မလုပ်ရ။ (ဣနြေ္ဒမရသော အပြုအမူဖြစ်သည်)။

၂၉။ လူကြီးမိဘများဧည့်သည်များသည်၊ ဘာကို အလိုရှိသနည်းဟု သတိနှင့် ကြည့်ရာ၏။ သိလျှင်အသံမကြားစေရဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။

၃၀။ လက်ဖက်ရည်ကော်ဖီသောက်သောအခါ အောက်ခံပန်းကန်ပြားထဲတွင် ထည့်၍ သောက်ခြင်းသည် မယဉ်ကျေးဟုယူဆကြ၏။ ၎င်းပန်းကန်ပြားသည် ဖိတ်၍ အကျန်ရန်၊ မပေရန် အောက်ကခံသော အရာဖြစ်၏။

၃၁။ ဖဲ့၍စားနိုင်သော အရာကို ဖဲ့၍စားပါ။ ကိုက်၍မစားပါနှင့်။

၃၂။ ထမင်းစားစဉ် စကားများများမပြောရ။ ရွှင်ပျသော မျက်နှာ ထားရာ၏။ နှစ်သက်ဖွယ်သောစကားကိုသာပြောရာ၏။


Credit : လူဗိုလ်ဟူသည်


 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top