iMyanmarHouse.com - Best Property Website for Myanmar
×










လူအများစုသည် အလုပ် သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများထံမှ နောက်ဆုံးရ မက်ဆေ့ခ်ျများကို လွတ်သွားမည် စိုးရိမ်သဖြင့် ကွန်ပျူတာနှင့် ဖုန်းများကို အရိပ် တကြည့်ကြည့် လုပ်နေတတ်ကြသည်။ ဖုန်းကို တကြည့်ကြည့် လုပ်နေခြင်းသည် စိတ်ဖိစီးမှု ဖြစ်စေသည့်တိုင် အလုပ်ဆိုင်ရာ အီးမေးလ်များကို စစ်ကြည့် လိုက်ခြင်းသည်ကား ပြောင်းပြန် အကျိုး သက်ရောက်စေကြောင်း လေ့လာ တွေ့ရှိရသည်။

 အီးမေးလ် စစ်ဆေး လိုက်ခြင်းကြောင့် စိတ်ဖိစီးမှုများ လျော့ကျနိုင်ကြောင်း လေ့လာမှုများ အရ သိရသည်။ တစ်နေ့ကို သုံးကြိမ်ခန့် အီးမေးလ် စစ်ဆေးခြင်းဖြင့် စိတ်ကျန်းမာရေးကို သိသိ သာသာ အကျိုးသက် ရောက်မှု ရှိနိုင်ကြောင်း လေ့လာ သူများက ပြောကြားခဲ့သည်။

ဂျာမနီ သုတေသီများ၏ လေ့လာခဲ့မှုများ အရ အိမ်တွင် အလုပ်နှင့် ပတ်သက်သည့် အီးမေးလ်များကို စစ်ဆေးခြင်းက ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိခဲ့ရသည်။ အားလပ်ရက် နှင့် ညနေခင်း အချိန်များတွင်  အလုပ်ရှင်ထံမှ  ဖုန်း သို့မဟုတ် အီးမေးလ် အဆက်အသွယ် လက်ခံနေရသည့် အလုပ်သမားများသည် အိပ်မပျော်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း၊ စိုးရိမ် ကြောင့်ကြခြင်း နှင့် အစာ အိမ်ရောဂါများ ဖြစ်ပွားမှု ပိုများကြောင်း သိရသည်။

 လေ့လာသူများက ဘွဲ့ရများနှင့် ဘွဲ့မရသေးသည့် ကျောင်းသား သုံးပုံ နှစ်ပုံနှင့် ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး နှင့် နည်းပညာပိုင်း တို့တွင် အသီးသီး အလုပ် ၀င်နေကြသူများ ပါဝင်သည့် လူပေါင်း (၁၂၄) ယောက်ကို စမ်းသပ် ခဲ့ကြသည်။

တချို့ကို တစ်ပတ်လျှင် သုံးကြိမ်သာ အီးမေးလ် စစ်ဆေးခိုင်းပြီး ကျန်လူများကို စိတ်ကြိုက် အီးမေးလ် စစ်ခွင့်ပေးခဲ့သည်။အဆိုပါစမ်းသပ်မှုကိုပင် နောက်တစ်ပတ်တွင် ပြောင်းပြန် ပြန်လည် စေခိုင်းခဲ့သည်။
 လေ့လာသည့် ကာလအတွင်း ပါဝင်သူများသည် စိတ်ဖိစီးမှု အဆင့် အပါအ၀င် နေ့စဉ် စစ်တမ်းများကို ဖြေကြား ခဲ့ကြရသည်။ အဆိုပါ လေ့လာမှုများအရ အီးမေးလ်ကို မကြာခဏ စစ်ဆေးသူများသည် စိတ်ဖိစီးမှု လျော့နည်းကြောင်း သိရသည်။

အလုပ်ရှင်များ အနေဖြင့် အလုပ်သမားများကို အီးမေးလ်များကို တောက်လျှောက် ဖတ်ရှုပြန် ဆိုစေခြင်းထက် အကြိမ်ရေ များများ စစ်ဆေးစေခြင်းက အလုပ်သမားများ၏ စိတ်ဖိစီးမှု လျော့ကျ စေနိုင်ကြောင်း သိရသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top