iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ်ယောက်အတွက် ကိုယ်နေဟန်ထား မှန်ဖို့အရေးကြီးတယ်ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အရိုးကို ထိခိုက်နိုင်ပါတယ်။ လမ်းလျှောက်ရင် ကိုယ်နေကိုယ်ထား မှန်မှန်လေး လျှောက်ပေးဖို့ ထိုင်တဲ့အခါ ကိုယ်နေကိုယ်ထား မှန်မှန် တတ်နိုင်သလောက် ထိုင်ပေးဖို့ အရေးကြီးတာကြောင့် အလုပ်စားပွဲမှာ ဘယ်လိုထိုင်ရမယ်၊ ကွန်ပျူတာသုံးတဲ့အခါ ကိုယ်နေဟန်ထား မှန်ရမယ် ဆိုတာတွေ ပြောပြီး ဖြစ်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူးဆိုရင်တော့ အရိုး၊ ကြွက်သားတွေ ထိခိုက်မှု ရှိလာမှာ မလွဲပါဘူး။ ဒါ့အပြင် ကိုယ်နေဟန်ထားမှန်ကန်မှုက အာရုံကြောစနစ်ကိုလည်း အထောက်အကူပြုပေးပါသေးတယ်။ အသက်ရှုလမ်းကြောင်း မှန်ကုန်မှုရှိနေအောင်လည်း ညဘက် ဆိုဖာပေါ် ဖြစ်သလို အိပ်တာမျိုးတွေ မလုပ်ဖို့ သတိပေးပြီး ဖြစ်ပါတယ်။ ဒီတော့ နောက်ထပ် သတိပေးရမယ့်အချက်ကတော့ တစ်ချိန်လုံး ခေါင်းငုံ့ပြီး ဖုန်းသုံးတာမျိုးပါ။ ဒါဟာ လည်ပင်းနဲ့ ပခုံးရိုးတွေအတွက် ဒဏ်ဖြစ်စေပါတယ်။

Surgical Technology Internation က ဖော်ပြချက်အရ ခေါင်းငုံ့ပြီး ဖုန်းသုံးခြင်းဟာ သင့်လည်ပင်းပေါ် ၁၇ကီလိုဂရမ်အလေးချိန်ရှိတဲ့ အရာတစ်ခုခု တင်ထားတာနဲ့ ညီမျှနေပါတယ်တဲ့။ ဒါ့အပြင် ၁၅ဒီဂရီငုံ့ပြီးသုံးမယ်ဆိုရင် လည်ပင်းပေါ် ၁၂ကီလိုဂရမ် အလေးချိန်ရှိတဲ့ အရာတင်ထားသလို ဖြစ်နေပြီး၊ ၃၀ဒီဂရီဆိုရင် ၁၈ ကီလိုဂရမ်၊ ၄၅ ဒီဂရီဆိုရင်၂၂ကီလိုဂရမ် နဲ့ ၆၀ဒီဂရီဆိုရင် ၂၇ ကီလိုဂရမ်စတာတွေနဲ့ ညီမျှနေပါတယ်တဲ့။

ဒီတော့ ဖုန်းသုံးတဲ့အခါ အဆင်ပြေစေမယ့် နည်းလမ်းတစ်ချို့ ပြောပြရရင်ဖြင့်

မတ်တပ်ရပ်ပြီး လှုပ်လှုပ်ရှားရှားနေလိုက်ပါ။

ကွန်ပျူတာ၊ ဖုန်းစတာတွေကို တစ်ချိန်လုံးစိုက်ကြည့်နေမယ့်အစား ပင်ပန်းနေတဲ့ ကြွက်သားတွေ ဖြေလျှော့ရာလည်းရောက်၊ မျက်လုံးနဲ့ အရိုးအတွက်ပါ ထိခိုက်မှုမရှိစေဖို့ မတ်တပ်ရပ်ပြီး အနည်းငယ် လှုပ်ရှားမှုတစ်ခုခုလုပ်လိုက်ပါ။

ခပ်မတ်မတ်နဲ့ ကိုယ်နေကိုယ်ထားကို ပြင်လိုက်ပါ။

ကိုယ်နေဟန်ထား ဘယ်လိုနေရမယ်ဆိုတာ ခေါင်းထဲနည်းနည်းထည့်ထားပြီး သတိထား ပြုပြင်ပါ။ ခပ်မတ်မတ်လေး ထိုင်ပါ။ မတ်တပ်ရပ်တဲ့အခါလည်း ဒီအတိုင်းပါပဲ။

ကူရှင်နဲ့ ဖက်လုံးစတာတွေကို အသုံးပြုပါ။

စားပွဲမှာပဲဖြစ်ဖြစ်၊ အိမ်မှာ ထမင်းစားတဲ့အခါနဲ့ ကားထဲမှာဆိုရင်တောင် ဒါတွေက အသုံးဝင်ပါတယ်။

လွယ်ကူတဲ့ လေ့ကျင့်ခန်းလုပ်ပေးပါ။

Snow angel ပုံစံလို့ခေါ်တဲ့ ကြမ်းပြင်ပေါ် ပက်လက်အနေအထားနဲ့ ခြေကားယား လက်ကားယား နေခြင်းမျိုး၊ ခြေထောက်နဲ့ လက်ကိုစုလိုက်၊ ခွဲလိုက် လုပ်ခြင်းမျိုးဟာ သင့်အတွက် ညောင်းညာမှုတွေ ပြေပျောက်စေဖို့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top