iMyanmarHouse.com - Best Property Website for Myanmar
×










နာမည်ကြီး ရပ်ပ်အဆိုတော် အီမီနမ်က အဆိုတော် ရီဟားနားနှင့် ဆက်ဆံရေးသည် သူငယ်ချင်း၊ ရဲဘော် ရဲဘက်ထက် ပိုခြင်းကို အရိပ်အမြွက် ပြောထားသည့် စာသား အချို့ကို သူ၏ သီချင်း အသစ်တွင် ထည့်သွင်း ရေးစပ် ထားသည်။

အီမီနမ်နှင့် ရီဟားနားတို့သည် သီချင်းကောင်းများကို ပူးပေါင်းဖန်တီး ခဲ့ကြပြီး ယင်းတို့ ပူးတွဲသီဆိုထားသည့် Monster နှင့် Love The Way You Lie သီးချင်းများမှာ အထူးပင် အောင်မြင် ခဲ့သည်။

အီမီနမ်၏ သီချင်းအသစ် ဖြစ်သည့် ‘Shaxy Xv’ တွင် ရီဟားနားက သူ့အား ဒစ္စနေ ကာတွန်းဇာတ်ကောင် တစ်ခု ဖြစ်သည့် လိမ်ပြောတိုင်း နှာခေါင်း ရှည်ထွက် လာတတ်သည့် သစ်သားရုပ်လေး ပီနိုခရိုကို အစွဲပြုပြီး ပီနိုခရိုဟု ခေါ်ကြောင်း ပြောထားပြီး “သူက ကျွန်တော် လိမ်ပြော တာကို ကြိုက်တယ်” ဟု သီချင်းထဲတွင် ထည့်သွင်း သီဆို ထားသည်။

အဆိုပါ စာသားသည် ၂၀၁၀ ပြည့်နှစ်တွင် ထွက်ရှိခဲ့သည့် အီမီနမ်နှင့် ရီဟားနား တို့၏ ပူးပေါင်း ဖန်တီးမှု တစ်ခု ဖြစ်သည့် ‘Love the Way You Lie’ ကို ညွှန်း ဆို ထားခြင်း ဖြစ်ပြီး သီချင်း အသစ်ထဲတွင် “သူက ကျွန်တော့် နှာခေါင်းလေး ရှည်ထွက် လာမလားလို့ စောင့်နေ တတ်တယ်” ဟုလည်း ထပ်သွင်း စပ်ဆို ထား သည်။

အီမီနမ်သည် နာမည်ကြီး အမျိုးသမီး အနုပညာရှင် များကို ရန်စသည့် အသုံးအနှုန်း များကို ၄င်း၏ သီချင်းများတွင် ထည့်သွင်း စပ်ဆိုလေ့ ရှိပြီး ယခင် ထွက်ရှိ ခဲ့သည့် သီချင်းများ တွင်လည်း သြစတေးလျ ရပ်ပ်အဆိုတော် မလေး အစ်ဂီ အဇေးလီးယားနှင့် လာနာ ဒယ်လ်ရေး တို့ကိုလည်း ရန်စသည့် သဘော မျိုးထည့် ဆို ခဲ့ဖူးသည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top