iMyanmarHouse.com - Best Property Website for Myanmar
×









တောင်ကိုရီးယား မိန်းကလေးအဆိုရှင်များအဖွဲ့ A Pinkက ခရစ္စမတ်အထူးလက်ဆောင်အဖြစ်
၎င်းတို့၏ လူကြိုက်အများဆုံး သီချင်း LUV အတွက် အကလေ့ကျင့်ပုံ ဗီဒီယိုကို ပရိသတ်များအတွက် ထုတ်ပြန်လိုက်သည်။

ဗီဒီယိုတွင် အကလေ့ကျင့်နေပုံများကို မပြသမီ မိန်းကလေးများက ၎င်းတို့၏ မြူးဇစ်ဗီဒီယို LUV အား အကြိမ်ငါးသန်းကျော်သည်အထိကြည့်ရှုအားပေးသောပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောကြား
ခဲ့ကြသည်။

Apinkအဖွဲ့၏ပထမဆုံးဂီတဖျော်ဖြေပွဲအတွက်လက်မှတ်များမှာလည်း နှစ်မိနစ်အတွင်း ရောင်းကုန်
သွားခဲ့သည်။ဇန်န၀ါရီ ၃၀ နှင့် ၃၁ ရက်တွင် အိုလံပစ်ပန်းခြံ၊ အိုလံပစ် ခန်းမတွင် ဖျော်ဖြေမည့် Pink Paradise ရှိုးပွဲထိုင်ခုံလက်မှတ် ၇၂၀၀ မှာ စရောင်းပြီး နှစ်မိနစ်အတွင်း ရောင်းကုန်သွားခဲ့သည်။

Credit :  7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top