iMyanmarHouse.com - Best Property Website for Myanmar
×














၂၀၁၄ခုနှစ် မေလ၌ တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပခဲ့သော MissAsia Pacific World2014 ပြိုင်ပွဲ၌ သရဖူဆုကြီးကို ဆွတ်ခူးရရှိခဲ့သော မေမြတ်နိုးနှင့် ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံရှိ SBS သတင်းဌာနက မေမြတ်နိုး စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောခဲ့သည်များ မှန်ကန်ကြောင်း ဒီဇင်ဘာလ ၃ရက်က ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

မေမြတ်နိုး အနေဖြင့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည့် အတိုင်း ခန္ဓာကိုယ် ခွဲစိတ်ပြု ပြင်ရန် အတွက် ငွေကြေးမရှိပါက စပွန်ဆာရှာပေးပြီး ကာမဆိုင်ရာ ဖျော်ဖြေပေး ရမည်ဟု အဆိုပါ Organization ကတာဝန်ရှိသူ တစ်ဦးဖြစ်သည့် မစ္စတာ ချွဲက ပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၃ရက် က ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

မစ္စတာချွဲသည်Organization ၏ ရင်းနှီးမြှုပ်နှံမှု ငွေကြေးများကို တစ်ဦးပိုင် အဖြစ် သုံးစွဲခဲ့သောကြောင့် လိမ်လည်မှုများဖြင့် ၀ရမ်းထုတ်ဖမ်း ဆီးခဲ့ သော်လည်း ခြေချုပ်ဖြင့် ပြန်လည်လွှတ်ပေး ထားကြောင်း သိရသည်။

မစ္စတာ ချွဲသည် ရဲများ၏ စစ်ဆေးချက်၌လည်း ရုံးခန်း အတည်တကျ မရှိဘဲ နိုင်ငံတကာ အလှမယ်များကို စာချုပ်များ ချုပ်ဆိုပြီး ခေါ်ဆိုခဲ့ကြောင်း ကိုရီးယား သတင်း ဌာနများမှ သတင်းများအရ သိရှိရသည်။
၎င်းသတင်းနှင့် ပတ်သက်၍ အလှမယ် မေမြတ်နိုးက ““မစ္စတာချွဲကို ရဲတွေရဲ့ စစ်ဆေးချက်အရ မြတ်နိုးကို ခွဲစိတ်ပြုပြင်ဖို့ အတွက် ငွေမလုံလောက်ရင် စပွန်ဆာရှာပြီး ဖျော်ဖြေပေးရမယ်လို့ ပြောခဲ့တယ်ဆိုတာကို ၀န်ခံကြောင်း ထွက်ဆိုထားပါတယ်။

ဒီသတင်းကို ကိုရီးယားSBS သတင်းဌာနများက ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး မြတ်နိုးပြောခဲ့ သမျှတွေက မှန်ကန်ကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာ သရဖူကတော့ မြတ်နိုးဆီမှာ ရှိနေပါတယ်””ဟု  ပြည်မြန်မာ သတင်းစာသို့ ပြောသည်။

Credit : Pyimyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top