iMyanmarHouse.com - Best Property Website for Myanmar
×

အနုပညာအလုပ်ကို ပြန်လည်လုပ်ကိုင်သွားမည်ဖြစ်သော်လည်း သားဖြစ်သူမှာ ငယ်ရွယ်သေးသဖြင့် လတ်တလော ပြန်လုပ်ဖြစ်ဦးမည်မဟုတ်ကြောင်း ချောရတနာက ပြောသည်။
‘‘အခုချိန်ရိုက်ရင် ကလေးက ငယ်နေသေးတော့ နောက်ဆံတင်းနေရမယ်။

 ကိုယ့်အတွက်နဲ့ တခြားလူတွေလည်း အနှောင့်အယှက်ဖြစ်မှာစိုးလို့ လောလောဆယ် ဇာတ်ကားရိုက်ဖို့ အစီအစဉ် မရှိပါဘူး။ ကလေးလက်လွှတ်လို့ရတဲ့အချိန်ကျရင်တော့ အနုပညာ လှုပ်ရှားမှုတွေလုပ်ဖို့ အစီအစဉ်ရှိပါတယ်’’ဟု ချောရတနာက ပြောသည်။

ဒီဇင်ဘာ ၇ ရက်တွင် ရှစ်လ ပြည့်မည့် သားဖြစ်သူအတွက် နာမည်မစဉ်းစားရသေးဘဲ တစ်နှစ်ပြည့်သည့်အချိန်မှသာ နာမည်ပေးတော့မည်ဟု ၎င်းက ပြောသည်။
‘‘အိမ်မှာကတော့ သားသားလို့ပဲခေါ်တယ်။ နာမည်ကပေးဖို့ စဉ်းစားတုန်းပဲ။

တခြားလူတွေကတော့ ဘေဘီဥလို့ ခေါ်ကြတယ်’’ ဟု ချောရတနာက ပြောသည်။ အနုပညာလှုပ်ရှားမှုများ မပြုလုပ်ဖြစ်သော်လည်း ဒီဇင်ဘာ ၂၇ရက်တွင် ကျင်းပမည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့တက်ရောက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top