iMyanmarHouse.com - Best Property Website for Myanmar
×











အိုင်းရစ်ယောက်ျားလေး အဆိုရှင်များအဖွဲ့ Westlife တွင် ပြန်လည်ပေါင်းစည်းရန် စီစဉ်နေကြသည်ဟူသော သတင်းများကို အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကီယန်အီဂန်က တွစ်တာ စာမျက်နှာမှ တစ် ဆင့် ငြင်းဆိုလိုက်သည်။

Westlife အဖွဲ့သည် အယ်လ်ဘမ်သစ် ထွက်ရှိရန်နှင့် နယ်လှည့်ဖျော်ဖြေပွဲများ ပြုလုပ်ရန် ဆိုင်မွန်ကိုဝဲလ်၏ Syco Entertainment နှင့် ဆွေးနွေးနေသည်ဟု ဗြိတိန်နှင့် အိုင်ယာလန်တို့၌ ထုတ်ဝေသော The Sun သတင်းစာက ဖော်ပြခဲ့သည်။

သို့ရာတွင် ကီယန်အီဂန်က ယင်းသတင်းများမှာ ကောလာဟ လများသာဖြစ်သည်ဟု  ငြင်းပယ်ခဲ့သည်။
‘‘ဒီလို ပြောရလို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ Westlife အဖွဲ့ ပြန်ပေါင်းတော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ဘယ်ကနေ ထွက်လာမှန်းမသိပါဘူး။ အဲဒီသတင်းက အမှန်မဟုတ်ပါဘူး။ စိတ်မကောင်းပါဘူး’’ ဟု ကီယန်အီဂန်က တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။

Westlife အဖွဲ့သည် ၁၄ နှစ်တာ အတူတကွ လက်တွဲ၍ အနု ပညာလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဖျက် သိမ်းခဲ့သည်။Westlife အဖွဲ့သည် အနုပညာသက်တမ်း ၁၄ နှစ်တာ ကာလအတွင်း ကမ္ဘာတစ်ဝန်း၌ တေးအယ်လ်ဘမ်ပေါင်းသန်း၅၀ ကျော်ရောင်းချနိုင်ခဲ့သည့် အောင်မြင်ကျော်ကြားသော
 ပေါ့ပ်အဆိုရှင်များ အဖွဲ့ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top