iMyanmarHouse.com - Best Property Website for Myanmar
×









ကမ္ဘာကျော် သရုပ်ဆောင် Anne Hathawayဟာ သရုပ်ဆောင်ပိုင်းတင် မက၊ သီချင်းရေးတဲ့အပိုင်းမှာလည်း ၀ါသနာကြီးသူဖြစ်ပါတယ်။ဒီအချက်ကိုဝန်ခံရုံလေးဝန်ခံသွားပေမယ့် နောက်ဆက်တွဲအဖြေအားလုံးကိုတော့
 ငြင်းဆန်ပြီး ဖြေကြားသွားပါတယ်။ သူနဲ့ အင်တာဗျူးထားတာလေး ဖတ်ကြည့်လိုက်ပါဦး။

မေး - ဘ၀မှာ တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ပြီး သီချင်းတွေဘာတွေ ရေးဖူးပါသလား။
ဖြေ- ရေးဖူးပါတယ်။

မေး-ဘယ်သူ့အတွက်များလဲ။
ဖြေ- ဒါကိုတော့ မဖြေနိုင်ပါဘူး။

မေး- ဘာအကြောင်းလဲ ပြောပြပေးနိုင်မလား။
ဖြေ - ဒါလည်း ပြောပြလို့ မဖြစ်ပါဘူး။

မေး- ဒီသီချင်းကို Youtube တို့ဘာတို့မှာ ရှာလို့မရနိုင်ဘူးလား။
ဖြေ- ဘယ်လိုမှ ရှာလို့ရမှာ မဟုတ်ဘူး။

မေး-အခြားလူတစ်ယောက်ကရော ကိုယ့်အကြောင်း သီချင်းရေးဖူးသလား။
ဖြေ- သေချာတော့ မသိဘူး။ ဒါပေမယ့် ကျွန်မနာမည်ကို ရက်ပ်သီချင်းတစ်ပုဒ်မှာ ထည့်ရေးထားတယ်လို့တော့ ပြောကြတယ်။
(သူပြောတဲ့သီချင်းက Wale ရဲ့ Play Your Part ဆိုတဲ့ သီချင်းကို ဆိုလိုတာပါ)

မေး-ဒါဂုဏ်ယူစရာပေါ့နော်။ ဘယ်လိုလဲ နည်းနည်းမြောက်မသွားဘူးလား။
ဖြေ- ဒီအဖြေကို မဖြေခင် သီချင်းကို အရင်နားထောင်မှဖြစ်မယ်ထင်တယ်။ သူ့သီချင်းစာသားက ဘယ်လိုလဲဆိုတာ မသိသေးဘူးလေ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top